Wednesday, January 28, 2026

မူဆယ်မြို့ ‌ရွှေဆိုင်တစ်ခုကို အမည်မသိလက်နက်ကိုင်လူတစ်စု ဝင်ရောက်ဓားပြတိုက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စျေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ခုကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက် ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (မေလ ၂၁ ရက်) နံနက် ၆ နာရီခန့်တွင် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ခုကို အမည်မသိ လက်နက်ကိုင်လူတစ်စုမှ အဖြူရောင် Crown ကားတစ်စီးဖြင့် ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ဆိုင်ပိုင်ရှင်ကို ရိုက်နှက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဓားပြတိုက်တဲ့လူတွေက ၅ ယောက်လောက်ရှိတယ်၊ စကားပြောစက်ထဲမှာ တရုတ်စကားတွေနဲ့ ပြောနေကြတာ။ ဝင်လာတာ လက်နက် အတိုအရှည်နဲ့။ အိမ်ရှင်ကိုလည်း ရိုက်နှက်ပြီးတော့ မီးခံသေတ္တာ ဖွင့်ခိုင်းတာ၊ ပါသွားတာလည်း များတယ် အကုန်ယူသွားတာ။ တရုတ်ငွေကော မြန်မာငွေကော ဖုန်းတွေကော ပါသွားတယ်”ဟု ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသားက ပြောသည်။

အဆိုပါ ဓားပြလာတိုက်သည့် အမျိုးသား ၅ ဦးသည် အသက်၂၀ ကျော်အရွယ် လူငယ်များဖြစ်ပြီး သေနတ် အတို၊ အရှည်နှင့် စကားပြောစက်များ အသုံးပြု၍ ဝင်‌ရောက် ဓားပြတိုက်ခိုက်ခဲ့ကာ ဖုန်းနှင့် ရွှေငွေများကို လုယက်ဓားပြတိုက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက ဒေသခံပြည်သူများထံ အွန်လိုင်းစာပို့ ငွေညှစ်တောင်းခံခြင်း၊ ဓားပြတိုက်မှုနှင့် လူပြန်ပေးဆွဲမှုများကို ခပ်စိပ်စိပ် လုပ်ဆောင်လာခြင်း ကြောင့် လုံခြုံမှု မရှိသည့် နယ်စပ်မြို့ဖြစ်လာသည်။

ထို့ပြင် မူဆယ်မြို့၏ ဘေးပတ်ပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှာ ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် စသည်ဖြင့် ၁၅ ဖွဲ့ထက်မနည်း ရှိကြောင်း သိရသည်။
ပုံ(၂၊ ၃) – မေလ ၁၈ ရက်တွင် စနိုက်ဘာပစ်ခတ်ခံရပြီး သေဆုံးသွားသည့် စစ်ဘေးရှောင် အမျိုးသား (ဓာတ်ပုံ – TNLA)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

မိုင်းရှူးမြို့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

0
သျှမ်းပြည် မိုင်းရှူးမြို့တွင် ရွှေဆိုင်တစ်ဆိုင်ကို အမည်မသိ လက်နက်ကိုင်ဆောင်သူ အမျိုးသားနှစ်ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ကျပ်သိန်း ၁၀၀ ကျော်ပါသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ်လ ၁၂ ရက်) ညနေ ၄ ဝန်းကျင်တွင် မိုင်းရှူးမြို့ ရပ်ကွက် (၃) မြို့မဈေးအရှေ့ဘက်ရှိ ရွှေဆိုင်တစ်ဆိုင်ကို အမည်မသိ လက်နက်ကိုင်ဆောင်သူ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...