မူဆယ်မြို့ ရှိ နေအိမ်တစ်အိမ်ကို ဝင်ခိုးပြီးထွက်ပြေးသည့် သူခိုးကို ပြည်သူ့စစ်က သေနတ်ပစ်သတ်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ မန့်ဝိန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ဝင်ခိုးပြီး ထွက်ပြေးသည့် သူခိုးကို ပြည်သူ့စစ်တပ်ဖွဲ့က လိုက်လံဖမ်းဆီးကာ ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇွန်လ ၂၅ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် မူဆယ်မြို့ မန်ဝိန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးကို အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ဝင်ခိုးခဲ့ပြီး ထွက်ပြေးရာမှ ပြည်သူ့စစ်အဖွဲ့က လိုက်လံဖမ်းဆီးချိန် ပစ်ခတ်ခံခဲ့သဖြင့် သေဆုံးသွားကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မန်ဝိန်းက အိမ်ထဲကို ဝင်ခိုးတာ အိမ်ရှင်လာတော့ ခိုးတဲ့လူကထွက်ပြေးတာ။ ထွက်ပြေးလာတော့ ပြည်သူ့စစ်ရှိတဲ့ ဘက်ကိုပြေးသွားတယ်လေ။ အဲ့မှာ အိမ်ရှင်က အော်လိုက်တာနေမှာ သူတို့ကလည်း လိုက်ဖမ်းတာ။ လိုက်ဖမ်းတဲ့ ပြည်သူ့စစ်တွေက မမီတော့ ရပ်ခိုင်းတာမရပ်လို့ သေနတ်နဲ့ ပစ်တာ။အဲ့မှာပဲ ချက်ချင်း ပွဲချင်းပြီး သေသွားတာ။ သူခိုးကတော့ ဘာမှ မရလိုက်ပါဘူး” ဟု မူဆယ်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မူဆယ်မြို့နယ်တွင် လက်နက်ကိုင် ပြည်သူ့ စစ်ပေါင်းစုံလှုပ်ရှားသည့်ဒေသဖြစ်ပြီး ပစ်ခတ်မှု ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ထို့အပြင်း လောင်းကစားဝိုင်းများလည်း ယခင်ကထက်ပေါများလာကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

မူဆယ်မြို့ နေအိမ်ကို ဝင်ခိုးသည့် သူခိုးသေနတ်ပစ်သတ်ခံရ

“မူဆယ်မှာက လက်နက်ကိုင်တွေ ပြည်သူ့စစ်တွေလည်းများ။သူတို့မှာပစ်ခွင့်ရှိလား မရှိဘူးလား ဆိုတာ မသိရဘူး။တချို့ကဖမ်းပြီးရင်လည်း ပစ်သတ်ချင်ရင် ပစ်သတ်လိုက်ကြတာပဲ။ လောင်း ကစားဝိုင်း ကလည်း နေရာတိုင်းလိုလိုကို ရှိနေတာလေ။တချို့ဟာကို ပြည်သူ့စစ်ကပဲ လုံခြုံ‌ရေးယူပေးနေတာလေ”ဟု ၎င်းကပြောသည်။

လောင်းကစားရုံများသည် မူဆယ်မြို့အတွင်း ရပ်ကွက် ၉ ခု အပြင် မြို့ဆင်ခြေဖုံးဖြစ်သော ဟိုနားရပ်ကွက်၊ စက်မှုရပ်ကွက်၊ ကောင်းမှူးလွယ်ရပ်ကွက်၊ မန့်ဝိန်းရပ်ကွက် ၊ ခူးဝိန်းရပ်ကွက် စသည့်နေရာများတွင် ငါးပစ်ဂိမ်းစက်နှင့် အခြား လောင်းကစားရုံ အမြောက်အများ ရှိကြောင်း သိရသည်။

မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သကဲ့သို့ စစ်ရေးပဋိပက္ခ မဖြစ်ပွားသည့်ဒေသဖြစ်ပြီး၊ လက်ရှိအချိန်ထိ စစ်ကောင်စီ ၏လက်အောက်ခံ ဌာနများ လည်ပတ်နေဆဲမြို့ဖြစ်သည်။

မူဆယ်မြို့၏ ဘေးပတ်ပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များဖြစ်သည့် ကောင်းခါးပြည်သူ့စစ်၊ မြို့မပြည်သူ့စစ်၊ ပန်းဆေးပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ်၊ ပိန်းဆာ ပြည်သူ့စစ်၊ မန်ဂျယ် ပြည်သူ့စစ်၊ စိန်ကျော့ပြည်သူ့စစ်၊ မန်ပြိန်း ပြည်သူ့စစ်၊ ရှောက်ဟော် ပြည်သူ့စစ်၊ တာမိုးညဲ ပြည်သူ့စစ်၊ မုံးပေါ် ပြည်သူ့စစ် အပြင် အဖွဲ့ပေါင်း ၁၅ဖွဲ့ထက်မနည်း လှုပ်ရှားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...