Tuesday, April 30, 2024

သျှမ်းနီ

ကချင်နဲ့သျှမ်း အတူယှဥ်တွဲနေထိုင်ရေး

ကချင်ပြည်မှာ ကချင်တိုင်းရင်းသား နဲ့ သျှမ်းတိုင်းရင်းသားတွေ အတူယှဥ်တွဲ နေထိုင်တာတွေရှိသလို သျှမ်းပြည်မြောက်ပိုင်းမှာ ဆိုရင်လည်း ကချင် နဲ့ သျှမ်း ယှဥ်တွဲနေထိုင်တာတွေရှိပါတယ်။ လက်ရှိ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကာလ မှာ အမျိုးသမီး အခြေနေတွေနဲ့ လူမျိုးစုကြား စိတ်ဝမ်းမကွဲပဲ အတူယှဥ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး ကချင်အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံ...

သျှမ်းနီ စာ/ယဥ် အရေး လှုပ်ရှားသည့် ဆရာတော်တစ်ပါး အသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ သျှမ်းနီ စာပေ နှင့် ယဥ်ကျေးမှုအရေး ဆောင်ရွက်သည့် ဆရာတော်တစ်ပါးကို (KIA+PDF) တို့ဖမ်းဆီးပြီး အသတ်ခံလိုက်ရကြောင်း သတင်းသိရသည်။ ဗန်းမောက်မြို့နယ်ရှိ နောင်ပတ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဂန္ဓမာသည် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်တွင် KIA+PDF တို့သည် လက်နက်ကိုင်ဆောင်ပြီး ကျောင်းဝန်းအတွင်းထိ...

ဖမ်းဆီးခံရသည့် သျှမ်းနီလူငယ်သေဆုံး ပြီးနောက် သျှမ်းနီ ဦးဇင်းတစ်ပါး ဖမ်းဆီးခံရ

ဖမ်းဆီးခံထားရသည့် သျှမ်းနီလူငယ် သေဆုံးသွားကြောင်း သတင်းထွက်လာပြီးသည့်နောက် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ သျှမ်းနီဦးဇင်း တစ်ပါး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ည ၇ နာရီ ဝန်းကျင်အချိန် ဇနီးဖြစ်သူ နှင့် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ နမ့်ပါဟုတ်ကျေးရွာ...

ဖမ်းဆီးမှုမှ ပြန်လွတ်လာသည့် သျှမ်းနီ တာဝန်ခံလူငယ် လက်ရှိဆေးကုသမှုခံယူနေရ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်းကို ခံရသည့် သျှမ်းနီစာပေနှင့်ယဥ်ကျေးမှု တာဝန်ခံ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်း ပြန်လည်လွတ်မြောက် လာပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် ဖမ်းဆီးခေါ်ဆောင်...

PDF တပ်ဖွဲ့ဖမ်းဆီးခံထားသည့် သျှမ်းနီလူငယ် ပြန်လွတ်ပေးရန် သျှမ်းလူမှုအဖွဲ့အစည်းများ တောင်းဆို

စစ်ကိုင်းတိုင်း ဒေသကြီး ဗန်းမောက်မြို့နယ် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် သျှမ်းနီစာပေနှင့်ယဥ်ကျေးမှု ဖွံ့ဖြိုး တိုးတက်မှု တာဝန်ခံ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းကို ပြန်လွှတ်ပေးရန် သျှမ်းလူမှုအဖွဲ့အစည်းများ ထုတ်ပြန်တောင်းဆိုထားသည်။ ဗန်းမောက်မြို့နယ်မှ သျှမ်းနီစာ/ယဥ် တာဝန်ခံကို ပြီးခဲ့သည့် ဇွန် ၁၉...

သျှမ်းနီလူမျိုး စစ်ကောင်စီဖျောက်ရန် ကြိုးစားနေဟု သျှမ်းနီများ ဝေဖန်ပြောဆို

သျှမ်းနီတိုင်းရင်းသားများ၏ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်တွင် ပါရှိသည့် လူမျိုး ဆိုသည့်နေရာတွင် ဗမာ ဟု သုံးနှုန်းရေးသားခြင်းသည် လူမျိုး နှင့် လူမျိုးနာမည်ဖျောက်ရန် ကြိုးစားမှုဖြစ်သည်ဟု သျှမ်းနီလူမျိုးများက ဝေဖန်ပြောဆို နေကြသည်။ မတ်လ ပထမပတ်အတွင်းမှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက)...

“ သီးခြားလွတ်လပ်သော ကချင်နိုင်ငံတည်ထောင်ရန်” ကြေငြာချက်အား သျှမ်းနီကန့်ကွက်

ကချင်ပြည်နယ်ကို “ သီးခြားလွတ်လပ်သော ကချင်နိုင်ငံတည်ထောင်ရန်” ကချင်၏ ထုတ်ပြန်ကြေငြာချက်အပေါ် သျှမ်းနီ ပြည်သူများက ကန့်ကွက်ကြောင်း သိရသည်။ ဇန်နဝါရီ ၁၈ ရက်က သျှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ်၊ သျှမ်းနီအမျိုးသားတပ်မတော် နှင့် သျှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်း သျှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီတို့က တပြိုင်တည်းကြေငြာချက် ထုတ်ပြန် ခဲ့သည်။ ပြည်ပအခြေစိုက်...

အိန္ဒိယနယ်စပ် တမူးမြို့ရှိ တိုင်းလျန်သျှမ်းလူမျိုးများ ပထမအကြိမ် သျှမ်းစာပေနှင့်သျှမ်းစကားသင်တန်းပြုလုပ်

စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် ဒေသတွင်းအကြီးအကဲများနှင့်လူငယ်များစုပေါင်းကာ နွေရာသီ သျှမ်းစာပေနှင့်သျှမ်းစကားသင်တန်း တရပ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ စစ်ကိုင်းတိုင်း ကဘော်ဒေသ တမူးမြို့နယ် မန်းဆာရွာအထက်တန်းကျောင်း တွင် အဆိုပါသင်တန်းပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ “ တမူးက ပီနောင့်တိုင်းလျန် (သျှမ်းနီ) ရဲ့အကြီးအကဲဖြစ်တဲ့ စိုင်းကျော်သန်းနဲ့ စိုင်းထွန်းရှိန်တို့ကနေ တိုင်းလျန်လူငယ်တွေ ကို သျှမ်းစာပေနဲ့ သျှမ်းစကား ၂ ခုလုံး သင်ကြားပေးချင်တယ်လို့ပြောဆိုလာတယ်။...

Latest news