Wednesday, January 28, 2026

“ သီးခြားလွတ်လပ်သော ကချင်နိုင်ငံတည်ထောင်ရန်” ကြေငြာချက်အား သျှမ်းနီကန့်ကွက်

ကချင်ပြည်နယ်ကို “ သီးခြားလွတ်လပ်သော ကချင်နိုင်ငံတည်ထောင်ရန်” ကချင်၏ ထုတ်ပြန်ကြေငြာချက်အပေါ် သျှမ်းနီ ပြည်သူများက ကန့်ကွက်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက်က သျှမ်းနီနွယ်ဖွား လူငယ်များအဖွဲ့ချုပ်၊ သျှမ်းနီအမျိုးသားတပ်မတော် နှင့် သျှမ်းနီ(တိုင်းလိုင်) နှင့် မြောက်ပိုင်း သျှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီတို့က တပြိုင်တည်းကြေငြာချက် ထုတ်ပြန် ခဲ့သည်။

ပြည်ပအခြေစိုက် ကချင်အမျိုးသား အစည်းအရုံး (KNO) မှ ဦးဆောင်ကျင်းပသည့် ကချင်အမျိုးသားညီလာခံကို ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်ထိ ကျင်းပခဲ့ပြီး “ သီးခြားလွတ်လပ်သော ကချင်နိုင်ငံတည်ထောင်ရန်” သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အတွင်းရှိ ဒေသခံဌာနေ တိုင်းရင်းသားဖြစ်သော သျှမ်းမျိုးနွယ်စု များနှင့် အခြားသော ကချင်မျိုးနွယ်စုများ၏ သဘောထားဆန္ဒများမပါဝင်ဘဲ ကချင်အဖွဲ့အစည်း တခု၏ (ကချင်နိုင်ငံတော်) တည်ထောင်ရေး သည် ကချင်ပြည်နယ် အတွက်၊ ပြည်ထောင်စု အတွက် အန္တရာယ်ကြီးမားသည်ဟုလည်း ထုတ်ပြန်ချက်များတွင် ရေးသားထားသည်။

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာရေး အတွက် အစိုးရနှင့် တိုင်းရင်းသားများ အားလုံး ဝိုင်းဝန်းပြီး နည်းလမ်း ရှာဖွေ ဆွေးနွေးနေကြသည့် အချိန်တွင် အဆိုပါ သဘောထားထုတ်ပြန်ချက်သည် ဖက်ဒရယ် ပြည်ထောင်စု နှင့် လုံးဝ ဆန့်ကျင်နေသည့်အပြင် မလိုလားအပ်သည့် တိုင်းရင်းသားလူမျိုး အချင်းချင်း သွေးကွဲခြင်း၊ ပဋိပက္ခ များဖြစ်ပေါ်စေခြင်း နှင့် မငြိမ်မသက်မှုများဖြစ်ပေါ်လာစေသည်ဟုလည်း SNSP ၏ ထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။

ကချင်ပြည်နယ်အား လွတ်လပ်သော ကချင်နိုင်ငံတော် တည်ထောင်ရန် ဆုံးဖြတ်ချက်အပေါ် သျှမ်းနီ အမျိုးသား များတပ်မတော် က လုံးဝ လက်မခံနိုင်ဘဲ ပြင်းထန်စွာ ကန့်ကွက်သည် ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာ နိုင်ငံ လွတ်လပ်ရေး ရရှိရန် ၁၉၄၇ ခုနစ် အခြေခံ ဥပဒေရေးဆွဲပြီး ၁၉၄၈ ခုနစ်ဇန်နဝါရီ ၁၀ တွင် ကချင်ပြည် နယ်ဟု သတ်မှတ်ခေါ်ခဲ့သော်လည်း ကချင်လူမျိုးများမှာ ၂၃ ရာခိုင်နှုန်းရှိပြီး ယခုချိန်ထိ သျှမ်းမျိုးနွယ်ဝင် လူဦးရေ သည် ကချင်ထက်များကြောင်း ထိုထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်တိုက်ပွဲ ရပ်စဲနိုင်ရန် သက်ဆိုင်သူများ ဆွေးနွေးရန် RCSS က တိုက်တွန်း

0
သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲ အပစ်ရပ်စဲနိုင်ရန်အတွက် RCSS က သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလိုက်သည်။ အဆိုပါ တိုက်တွန်းချက်ကို ဇူလိုင် ၂၆ မှ ၂၈ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ၆ လပတ်အစည်းဝေးကို လွိုင်တိုင်းလျန်တွင် ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်လာခြင်းဖြစ်သည်။ ထို ထုတ်ပြန်ချက်ထဲတွင် သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲအတွင်း ပြည်သူများ...

ကချင်နဲ့သျှမ်း အတူယှဥ်တွဲနေထိုင်ရေး

0
ကချင်ပြည်မှာ ကချင်တိုင်းရင်းသား နဲ့ သျှမ်းတိုင်းရင်းသားတွေ အတူယှဥ်တွဲ နေထိုင်တာတွေရှိသလို သျှမ်းပြည်မြောက်ပိုင်းမှာ ဆိုရင်လည်း ကချင် နဲ့ သျှမ်း ယှဥ်တွဲနေထိုင်တာတွေရှိပါတယ်။ လက်ရှိ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကာလ မှာ အမျိုးသမီး အခြေနေတွေနဲ့ လူမျိုးစုကြား စိတ်ဝမ်းမကွဲပဲ အတူယှဥ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး ကချင်အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံ...

သျှမ်းနီ စာ/ယဥ် အရေး လှုပ်ရှားသည့် ဆရာတော်တစ်ပါး အသတ်ခံရ

0
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ သျှမ်းနီ စာပေ နှင့် ယဥ်ကျေးမှုအရေး ဆောင်ရွက်သည့် ဆရာတော်တစ်ပါးကို (KIA+PDF) တို့ဖမ်းဆီးပြီး အသတ်ခံလိုက်ရကြောင်း သတင်းသိရသည်။ ဗန်းမောက်မြို့နယ်ရှိ နောင်ပတ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဂန္ဓမာသည် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်တွင် KIA+PDF တို့သည် လက်နက်ကိုင်ဆောင်ပြီး ကျောင်းဝန်းအတွင်းထိ...

ဖမ်းဆီးခံရသည့် သျှမ်းနီလူငယ်သေဆုံး ပြီးနောက် သျှမ်းနီ ဦးဇင်းတစ်ပါး ဖမ်းဆီးခံရ

0
ဖမ်းဆီးခံထားရသည့် သျှမ်းနီလူငယ် သေဆုံးသွားကြောင်း သတင်းထွက်လာပြီးသည့်နောက် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ သျှမ်းနီဦးဇင်း တစ်ပါး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ည ၇ နာရီ ဝန်းကျင်အချိန် ဇနီးဖြစ်သူ နှင့် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ နမ့်ပါဟုတ်ကျေးရွာ...

ဖမ်းဆီးမှုမှ ပြန်လွတ်လာသည့် သျှမ်းနီ တာဝန်ခံလူငယ် လက်ရှိဆေးကုသမှုခံယူနေရ

0
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်းကို ခံရသည့် သျှမ်းနီစာပေနှင့်ယဥ်ကျေးမှု တာဝန်ခံ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်း ပြန်လည်လွတ်မြောက် လာပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် ဖမ်းဆီးခေါ်ဆောင်...