ကချင်နဲ့သျှမ်း အတူယှဥ်တွဲနေထိုင်ရေး

ကချင်ပြည်မှာ ကချင်တိုင်းရင်းသား နဲ့ သျှမ်းတိုင်းရင်းသားတွေ အတူယှဥ်တွဲ နေထိုင်တာတွေရှိသလို သျှမ်းပြည်မြောက်ပိုင်းမှာ ဆိုရင်လည်း ကချင် နဲ့ သျှမ်း ယှဥ်တွဲနေထိုင်တာတွေရှိပါတယ်။ လက်ရှိ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကာလ မှာ အမျိုးသမီး အခြေနေတွေနဲ့ လူမျိုးစုကြား စိတ်ဝမ်းမကွဲပဲ အတူယှဥ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး ကချင်အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံ အခြေစိုက် ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီ ကို သျှမ်းသံတော်ဆင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

မွန်းနေလီ

မေး ။ ။ ကချင်အမျိုးသမီး တည်ထောင်လာတာလဲ နှစ် (၂၀) ကျော်ပြီဆိုတော့ စစ်အာဏာသိမ်းမှု နဲ့ အရင်က ကွာခြားမှု အမျိုးသမီး ပါဝင်မှုက ဘယ်လောက် အခြေနေထိ မြင့်မားလာပြီလဲဆိုတဲ့ အခြေအနေ ပြောပြပေးပါအုံး။

ဖြေ ။ ။ ၂၀၂၁ ခုနှစ် စစ်အာဏာ တစ်ခါ ပြန်သိမ်းတယ်ဆိုပေမယ့်လည်း စစ်အာဏာရှင် ရဲ့ လက်အောက်မှာပဲ ကျမတို့က ရုန်းကန်ပြီး တော်လှန်နေရတယ်။ ပင်လုံ စာချုပ် ချုပ်ဆိုတဲ့ နောက်ပိုင်း ကချင်၊ သျှမ်း၊ ချင်း အားလုံးကတော့ နိုင်ငံ တစ်နိုင်ငံကို အားလုံးပြီးတော့ အတူတကွ ပူးပေါင်းပြီး လွတ်လပ်ရေးကို အတူတကွယူမယ်။ အတူယှဥ်တွဲနေမယ်။ လူမျိုးတွေရဲ့ နိုင်ငံရေး ပန်းတိုင်ကတော့ ဘိုးဘွားစဥ်ဆက် ထိန်းသိမ်းလာတဲ့ ကိုယ့်နိုင်ငံကို ထူထောင်ဖို့ ပင်လုံစာချုပ်ကို ချုပ်ဆိုပြီးတော့ နိုင်ငံ တစ်နိုင်ငံကို ထူထောင်တယ်။ သျှမ်း ပဲ ပြောပြော ကချင် ပဲ ပြောပြော ကိုယ်တိုင် ပါဝင်ခဲ့တဲ့ လူမျိုးဖြစ်တယ်။ ဒါပေမယ့် ကျမတို့ နိုင်ငံမှာ နိုင်ငံ တစ်နိုင်ငံကို ဝိုင်းဝန်းပြီးတော့ ထူထောင် ခဲ့ပေမယ့် လူမျိုးကြီး ဝါဒ တစ်ဖက်ကနေ တစ်ပြည်ထောင်စနစ် စနစ်ဆိုးကြီး အောက်မှာ ကျမတို့ ကျန်နေခဲ့တယ်။

ကချင်တွေက အထူးသဖြင့် ဒူဝါ စနစ် နဲ့ အုပ်စိုးခဲ့တယ်။ အဲ့လို အုပ်စိုးပြီးတော့ ကချင်တွေရဲ့ ရိုးရာ ဓလေ့ ထုံးတမ်းအစဥ်အလာတွေရဲ့ နေထိုင်လာတဲ့ နှစ်ပေါင်းများစွာ ရှိတယ်။ ဒါပေမယ့် ပြည်ထောင်စု မြန်မာနိုင်ငံမှာ ပင်လုံစာချုပ်အရ ပူးပေါင်းပြီးတော့ ပါဝင်လာတဲ့ နောက်ပိုင်းမှာ အထူးသဖြင့် စစ်တပ်တွေက နေရာစိုးမိုးဖို့အတွက် စေလွှတ်တာတွေ ထိုးစစ်ဆင်တာတွေ ကျမတို့ ကြုံခဲ့ရတယ်။ နှစ်ပေါင်းများစွာ ကျမတို့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ။ စစ်တပ်တွေ ရောက်လာပြီဆိုရင် ကျမတို့ ပြည်သူတွေက လုံခြုံမှု မရှိတော့ဘူး။ အဲ့ထဲမှာ အမျိုးသမီး နဲ့ ကလေးတွေ လုံခြုံမှုက ပိုဆိုးလာတယ်။ အမျိုးသမီးဆိုရင် လိင်ပိုင်းဆိုင်ရာ တွေကို လက်နက်အဖြစ် အသုံးပြုပြီး လူမျိုးတစ်မျိုးကို မျိုးသုန်းအောင် အမျိုးသမီးတွေကို ဓားစားခံ အဖြစ် အသုံးပြု လုပ်ဆောင်တာတွေ ကြုံနေခဲ့ရတယ်။

ဒီ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က တစ်ကြိမ် တရားဝင် အာဏာပြန်သိမ်းလာတယ်။ ဒါပေမယ့် ပြည်သူရဲ့ ညီညွတ်မှု ပူးပေါင်းပါဝင်မှု လက်တွဲမှုတွေ ပိုပြီးတော့ ခိုင်မာလာတာတွေရှိတယ်။ အဖွဲ့အစည်းကြားထဲမှာလည်း အရင်ကထက် ပိုပြီးတော့ စုဖွဲ့မှုတွေ ခိုင်မာလာကြတယ်။ ဒီတစ်ခေါက် အာဏာသိမ်းဖို့ ကြိုးစားတဲ့ စစ်ကောင်စီအနေနဲ့ ခုချိန်ထိ အာဏာကို အပြည့်အဝ ထိန်းချုပ်ဖို့ အခြေအနေ မရှိဘူးလို့ မြင်နေရတယ်။ တစ်ဖက်မှာလည်း ပြည်သူတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ အဖြစ်အပျက် တွေ ရုန်းထွက်ချင်တဲ့ စိတ်က ပိုပြီး ပြင်းထန်လာတယ်။

မြို့တွေမှာလည်း စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်။ မြို့လယ်ခေါင်တောင်မှ ပြည်သူတွေ စျေးသွားရင်း စစ်တပ်က သေနတ်နဲ့ ပစ်သတ်တာတွေခံရတယ်။ ကိုယ့်အိမ်မှာနေတာတောင် လုံခြုံမှု မရှိဘဲနဲ့ အမြဲတမ်း စိတ်က စိုးရိမ်နေရတယ်။ ခြိမ်းခြောက်ခံနေရတယ်။ မထင်ရင် မထင်သလို အိမ်ထဲမှာနေပြီး ဖျက်စီးတာတွေရှိတယ်။ သတ်ပစ်တာတွေ ဖမ်းတာဆီးတာတွေ အမျိုးမျိုး မြို့ထဲမှာ ဒီလို ရက်စက် ကြမ်းကြုတ်တာတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်။ အမျိုးသမီးတွေဆိုရင်လည်း အိမ်ထဲမှာ နေတာတောင်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံနေရတယ်။တစ်ဖက်မှာလည်း အမျိုးသမီးပါဝင်မှုက ပိုပြီးတော့ မြင့်တက်လာတာတွေ ရှိပါတယ်။ ဒီလို စနစ်ဆိုးကြီးကို အမျိုးသမီးတွေကို ပြောင်းလာချင်ကြတယ်။ ဦးဆောင်တဲ့ အပိုင်းမှာလည်း အမျိုးသမီးတွေ ပါဝင်မှု ပိုများလာတာတွေ တွေ့ရတယ်။

မေး။ ။ ကချင်ပြည်မှာဆိုရင် သျှမ်းနီ နဲ့ ကချင်တွေရဲ့ ပြဿနာ တိုင်းရင်းသားအချင်းချင်း သွေးခွဲနေတဲ့ ပြဿနာက စစ်တပ်က ပါဝင်မှုက ဘယ်လောက်ထိရှိလဲ။ တစ်ဖက်မှာလည်း အမျိုးသမီးတွေကို ဖမ်းဆီးတာတွေ တွေ့ရတယ်။ ဒီကိစ္စတွေကို ကချင် အမျိုးသမီးအနေနဲ့ ဘာများမှတ်ချက် ပြုချင်ပါသလဲ။

ဖြေ။ ။ ဒီအရေး ကိစ္စကို ကြည့် မယ်ဆိုရင် အင်မတန် ဝမ်းနည်းစရာဖြစ်နေပါတယ်။ အမျိုးသမီးတွေ ဦးတည်လာတယ် ဆိုလည်း မဖြစ်သင့်တဲ့ အရေးကိစ္စ အဲ့ဒီလူမျိုးရဲ့ ဂုဏ်သိက္ခာပဲ ဖြစ်ဖြစ် ရှေ့ဆက်ရမယ့် အရေးကိစ္စပဲဖြစ်ဖြစ် အမျိုးသမီး အတွက် သာမက တစ်မျိုးသားလုံးရဲ့ အရေးကိစ္စဖြစ်တယ်။ ဒါတွေကို လေးလေးနက်နက် စဥ်းစားပြီး လုပ်ဆောင်သင့်တယ်လို့ မြင်တွေ့တယ်။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း ကွာခြားမှုတွေ ရှိတယ်။

အရင်တုန်းက ကိုယ့်နယ်မြေမှာ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကျမတို့ ဘိုးဘွားတွေ ပြောတာကတော့ ကချင် နဲ့ သျှမ်း က ခွဲလို့မရဘူး။ ကချင် ရှိတဲ့ ဒေသမှာ သျှမ်းရှိတယ်။ ကချင်ရွာရှိရင် နည်းနည်းသွားလိုက်ရင် သျှမ်းရွာ ရှိတယ်။ ကချင် နဲ့ သျှမ်း ဆိုတာ ဟိုအရင်ကတည်းက အတူတူ ယှဥ်တွဲနေထိုင်တယ်။ ပြဿနာ ဖြစ်ပြီဆိုရင်လည်း အတူတူ ဖြေရှင်းတယ် အဲ့လို ရှိခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တယ်။ အရင်တုန်းက ပြဿနာ မရှိခဲ့ဖူးဘူး။

ကချင် ဒူဝါတွေ အုပ်ချုပ်တဲ့ နေရာမှာ သျှမ်းတွေ နေပြီဆိုရင်လည်း အခွန်ဆောင်ကြတယ်။ ပေးကြတာပဲ ဘာပြဿနာမှ မရှိဘူး။ သူတို့ရဲ့ လုံခြုံမှုကိုလည်း ဒူဝါတွေလည်း ယူပေးခဲ့ကြတယ်။ ဒါကတော့ ကချင်ဒေသမှာ ဖြစ်ခဲ့တဲ့ဟာ။
သျှမ်းဒေသတွေမှာဆိုရင် စော်ဘွားတွေ ရှိတယ်။ မြောက်ပိုင်း သျှမ်းမှာဆိုရင်လည်း ကချင် ဒူဝါတွေ အုပ်ချုပ်တဲ့ နယ်မြေတွေရှိတယ်။ ဒါကြောင့် သျှမ်းစော်ဘွား နဲ့ အင်္ဂလိပ်ခေတ်က ဆိုလို့ရှိရင် Kachin Sub-State ဆိုပြီးတော့ သေသေချာချာကို စာချုပ်နဲ့ လုပ်ပေးတာတွေရှိတယ်။ အဲ့တုန်းကလည်း ပြဿနာမရှိဘူး။ သျှမ်းစော်ဘွား နဲ့ ကချင်ဒူဝါ နဲ့ တိုက်ပွဲဖြစ်တယ်ဆိုတာကိုလည်း မရှိခဲ့ဖူးဘူး။ တစ်ခုခုဖြစ်ပြီဆိုလို့ရှိရင်လည်း သူတို့ ပြန်ပြီး ဖြေရှင်းကြတာပဲ။ မကျေနပ်ချက်တွေ အချင်းချင်း မုန်းတီးမှုတွေဆိုတာ ဟိုသမိုင်းကြောင်း အဆက်ဆက်မှာ ဘယ်တော့မှ မရှိခဲ့ဖူးဘူး။ ဒါကြောင့် ကျမတို့ ပြန်စဥ်းစားရမှာက အခုမှ ဒီ ပြဿနာတွေဖြစ်တယ်။ အဲ့တော့ ဘယ်သူ့ ပယောဂ လည်းဆိုတာ သိဖို့လိုတယ်။

အားလုံးသိတဲ့အတိုင်းပဲ စစ်အာဏာရှင်တွေရဲ့ ပယောဂက ကချင် နဲ့ သျှမ်း ကြားပဲ မဟုတ်ဘူး။ ကချင်ကြားထဲမှာလည်း ဒီလို ခံစားချက်တွေရှိတယ်။ ကချင်ထဲမှာ (၆) မျိုးရှိတယ်။ အဲ့ထဲမှာတောင် စစ်အာဏာရှင်က သွေးခွဲကြတာပဲ။ သေချာ မစဥ်းစားတဲ့ ခေါင်းဆောင်တွေကတော့ ပါသွားတာပဲ။ အခုဖြစ်နေတဲ့ သျှမ်း နဲ့ ကချင်အရေး က ဒီလိုဖြစ်နေတယ်။ စစ်တပ် အုပ်ချုပ်တဲ့ နေရာမှာဆိုရင် ပြဿနာက ဖြစ်လာပြီ သွေးထိုးတဲ့ ကိစ္စတွေ အဲ့လို အခြေအနေမှာ အချင်းချင်း တိုက်ပွဲတွေ ဖြစ်လာတယ်။ ခေါင်းဆောင်လုပ်နေတဲ့ သူတွေ သမိုင်းကြောင်းကို လေ့လာဖို့ ဒီအရေးကိစ္စတွေ လေ့လာပြီးတော့ ကျမတို့ရဲ့ ရှေ့ဆက်ရမှာ ပိုပြီးတော့ ခိုင်မာပြီး ပြည်သူလူထု နဲ့ လက်တွဲဖို့အတွက် အလေးထားပြီး စဥ်းစားဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ အခုဖြစ်နေတာက တိုင်းရင်းသားတပ်တွေရဲ့ အချင်းချင်းကြားထဲမှာ ပဋိပက္ခဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လူမျိုးရေး ပဋိပက္ခဖြစ်လာတဲ့ အလားအလာတွေ့ရတယ်။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်ပါသလဲ။

ဖြေ ။ ။ ကျမတို့ စိုးရိမ်စရာဖြစ်တာတော့ စစ်အာဏာရှင်ရဲ့ ပယာဂကြောင့် သူ ဖန်တီးလိုက်တဲ့ ပြဿနာက လူမျိုးနှစ်မျိုး ကြားမှာ လက်နက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခြေအနေဖြစ်သွားပြီ ဆိုတော့ စိုးရိမ်ချက်ကတော့ ဟိုအနာဂတ် မျိုးဆက်သစ် အဆင့်ထိ အတူယှဥ်တွဲနေထိုင်လို့ မရတော့တဲ့ အဆင့်ထိ ကျမတို့ အင်မတန် စိုးရိမ်ပါတယ်။ လူသားအချင်းချင်း လူ့အခွင့်အရေးကိုလည်း အလေးပေးပြီးတော့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားထဲမှာ ပိုပြီးတော့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ အရေးကိစ္စကိုလည်း အဓိက ထားပြီးတော့ စဥ်းစားဖို့ အတွက် အရေးကြီးတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ကချင် နဲ့ သျှမ်း ပဋိပက္ခ မဖြစ်အောင် ဘယ်လို ငြိမ်းချမ်းအောင် အတူယှဥ်တွဲ နေထိုင်သွားကြ မလဲ။

ဖြေ ။ ။ ပဋိပက္ခမဖြစ်အောင် ပိုပြီးတော့ ပျော်ရွှင်မှုအသိုင်းအဝိုင်း တည်ဆောက်နိုင်ဖို့အတွက်က ဟိုအရင်တုန်းက တည်ဆောက်ခဲ့သလိုပဲ ကျမ အနေနဲ့ တည်ဆောက်စေချင်တယ်။ ကချင် နဲ့ သျှမ်း ဆိုရင် ကျမတို့ သိရသလောက် သျှမ်းတွေ ရိုးရာအစဥ်အလာလုပ်ပြီဆိုရင်လည်း ကချင်တွေ သွားပြီးတော့ ပျော်ပျော်ရွှင်ရွှင် နဲ့ သွားကြတယ်။ ကချင် ရိုးရာပွဲတွေ လုပ်ဆောင်တဲ့ အရေးကိစ္စဆိုရင်လည်း ပျော်ပျော်ပါးပါးပဲ။ ကျမတို့ သျှမ်းမြောက်ဘက်မှာဆိုရင် ကချင်တွေလည်း သျှမ်းစကား ပြောတယ်။ သျှမ်းတွေလည်း ကချင် စကားပြောတယ်။ ကျောင်းမှာဆိုရင်လည်း ကချင်လိုသင်ရင်လည်း သျှမ်းတွေ နားလည်တယ်။ သျှမ်းစကားပြောရင်လည်း ကျောင်းသားတွေ နားလည်တယ်။

ပြောချင်တာက အပြန်အလှန်လေးစားမှုဆိုတာက ဘာသာစကားလည်း ပါတယ်။ လူမျိုးတစ်မျိုးရဲ့ အထွတ်အထိပ် တန်ဖိုးထား လေးစားတဲ့ အရေးကိစ္စကို ကျန်တဲ့ လူမျိုးက လေးစားတန်ဖိုးထားမယ်ဆိုလို့ရှိရင် ပိုပြီးတော့ ယှဥ်တွဲနေထိုင်တဲ့ စိတ်ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင် နဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ဖို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ကချင်ဘက်မှာဆိုရင် သျှမ်းနီတွေက လူနည်းစုဖြစ်တယ်။ လူနည်းစုရဲ့ အခွင့်အရေးတွေကိုလည်း ကာကွယ်စောင့်ရှောက် ပေးတယ်ဆိုလို့ရှိရင် ဘယ်လူမျိုးပဲဖြစ်ဖြစ် အချင်းချင်း အားကိုးကြမယ်။ ယုံကြည်ကြမယ်။ စောင့်ရှောက်ကြမယ်ဆိုလို့ရှိရင် ပျော်ရွှင်တဲ့ အသိုင်းအဝိုင်း ကို ကျမတို့ ဖန်တီး နိုင်မှာပါလို့ ပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...