သျှမ်းမြောက်တိုက်ပွဲ ရပ်စဲနိုင်ရန် သက်ဆိုင်သူများ ဆွေးနွေးရန် RCSS က တိုက်တွန်း

သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲ အပစ်ရပ်စဲနိုင်ရန်အတွက် RCSS က သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလိုက်သည်။

အဆိုပါ တိုက်တွန်းချက်ကို ဇူလိုင် ၂၆ မှ ၂၈ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ၆ လပတ်အစည်းဝေးကို လွိုင်တိုင်းလျန်တွင် ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်လာခြင်းဖြစ်သည်။

ထို ထုတ်ပြန်ချက်ထဲတွင် သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲအတွင်း ပြည်သူများ ထိခိုက်နစ်နာမှု များလာသည့် အတွက်ကြောင့် သက်ဆိုင်သည့်အဖွဲ့အစည်းများ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်စဲနိုင်ရေး နှင့် ဖယ်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ဖို့အတွက် ဆွေးနွေးရန် တိုက်တွန်းခဲ့သည်။

RCSS

ထိုအပြင် သျှမ်းပြည်တောင်ပိုင်းမှာ တည်ငြိမ်အေးချမ်းရေး နဲ့ ပြည်သူ အသက် ၊ အိုးအိမ် ၊ စည်းစိမ်းတွေ ပျက်စီးဆုံးရှုံးမှုမဖြစ်ရန်အတွက် RCSS က ပြည်သူများနှင့် လက်တွဲပြီး ကာကွယ်သွားစောင့်ရှောက်သွားမည် ဟုလည်း ထုတ်ပြန်ထားသည်။

တိုက်ပွဲကြောင့် သျှမ်းပြည်လူထုတို့သည် အိုးအိမ် ပစ္စည်းဥစ္စာများ ပျက်စီး ဆုံးရှုံးရခြင်း၊ သေဆုံးဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရခြင်းများ ကြုံတွေ့ရသည့်အပြင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက် ကြီး ရွယ်အိုများတို့သည်လည်း အတိ ဒုက္ခများ၊ အခက်အခဲ များ ကြုံတွေ့နေရသည့်အပေါ် RCSS အနေဖြင့် စိတ်မကောင်းကြောင်း ရေးသားထားသည်။

လက်ရှိအချိန်ထိ သျှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲပြင်းထန်မှုများရှိနေပြီ စစ်ကောင်စီဘက်မှလည်း လေကြောင်းဖြင့် တိုက်ခိုက်နေသည်။

အလားတူ ယမန်နေ့ဇူလိုင် ၂၈ ရက်နေ့တုန်းကလည်း သိန္နီမြို့အတွင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် အသက် ၆၀အရွယ်ရှိ အမျိုးသမီးနှင့် အသက် ၄နှစ်အရွယ်ရှိ ယောင်္ကျားလေး သေဆုံခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင်း ပြည်သူ ထောင်ချီသည် သျှမ်းပြည်တောင်ပိုင်းသို့ စစ်ဘေးရှောင်ခဲ့ရပြီး စားဝတ်နေရေး ခက်ခဲမှုကြုံတွေ့နေရကြောင်းစစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီ ၃ နှစ် ကာလအတွင်းမှာ တိုင်းပြည်အနှံ တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားခြင်း ၊ စီးပွားရေးကျဆင်းခြင်း ၊ လူ့အခွင့်ရေးချိုးဖောက်မှုတွေ များပြားလာခြင်း၊ တရားဥပဒေ စိုးမိုးမှုအားနည်းလာပြီး သူခိုး ၊ ဓားပြများပေါများလာကြောင်း RCSS ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...