Wednesday, January 28, 2026

သျှမ်းနီ စာ/ယဥ် အရေး လှုပ်ရှားသည့် ဆရာတော်တစ်ပါး အသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ သျှမ်းနီ စာပေ နှင့် ယဥ်ကျေးမှုအရေး ဆောင်ရွက်သည့် ဆရာတော်တစ်ပါးကို (KIA+PDF) တို့ဖမ်းဆီးပြီး အသတ်ခံလိုက်ရကြောင်း သတင်းသိရသည်။

ဗန်းမောက်မြို့နယ်ရှိ နောင်ပတ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဂန္ဓမာသည် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်တွင် KIA+PDF တို့သည် လက်နက်ကိုင်ဆောင်ပြီး ကျောင်းဝန်းအတွင်းထိ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၅ ရက်တွင် Dead Body ဓါတ်ပုံများကို တွေ့ရှိရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အသတ်ခံရသည့် သျှမ်းနီဆရာတော်

“၄ ရက်နေ့မှာ လာဖမ်းသွားတယ်၊ ကျောင်းဝန်းအတွင်းထဲမှာပဲ ညနေပိုင်းလောက်မှာ လာဖမ်းသွားတာ၊ လာဖမ်း တုန်းကသင်္ကန်းဝတ်နဲ့ ဆိုပေမဲ့ ရွာပြင်ထိပ်နားမှာ ရိုက်နှက်ပြီးတော့ လူဝတ်လှဲခိုင်းတယ်၊ အဲ့နောက် ၅ ရက်နေ့မှာ Dead Body ပြန်တွေ့ရတော့တာပဲ” ဟု သျှမ်းနီအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆရာတော်ကို လာဖမ်းသည့် လက်နက်ကိုင်တပ်ဖွဲ့အင်အားသည် ၁၀ ဦးကျော်ရှိနေပြီး သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြကြောင်းလည်း မျက်မြင်ဒေသခံများက ပြောသည်။

ဖမ်းဆီးမှု မတိုင်ခင် ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်တွင် KIA စစ်ဝတ်စုံဝတ် စစ်သား နှင့် ခွပ်ဒေါင်း တံဆိပ်ပါ စစ်ဝတ်စုံ ဝတ်သည့် လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့သည် နောင်ပတ်ဘုန်းကြီးကျောင်း ဇရပ်တွင် လာရောက် စခန်းချရာ ဆရာတော်မှ ဥပုလ်နေ့ရှိသည့်အတွက် ဖယ်ရှားကြရန် ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

“စက်တင်ဘာလ ၂ ရက်က ဥပုလ်နေ့ဖြစ်တယ်၊ အဲ့ကြောင့် စက်တင်ဘာလ ၁ ရက်မှာ အဲ့ဇရပ်မှာစခန်းချ နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ဆရာတော်က ဖယ်ပေးဖို့ပြောခဲ့တယ်၊ သူတို့လည်း ဖယ်သွားပါတယ်။ ၄ ရက်နေ့ မှာကျတော့ ဆရာတော်ကို လာဖမ်းကြတာပဲ၊ KIA+ PDF တွေက လာဖမ်းတာလို့ မျက်မြင်ရှိတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အသတ်ခံရသည့် သျှမ်းနီဆရာတော်

အသတ်ခံရသည့် သျှမ်းနီစာပေယဥ်ကျေးမှုအရေး လှုပ်ရှားသူ ဆရာတော်၏ ရုပ်အလောင်းကို နောင်ပတ်ကျေးရွာ နှင့် ၁၀ မိုင်ခန့်ဝေးသည့် နန့်ဆကျေးရွာအနီးတွင် မြေမြှုပ်ထားကြောင်း KIA+PDF က ဖမ်းဆီးသတ်လိုက်ကြောင်း ဟု ဒေသခံများက ပြောဆိုထားခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ KIA တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို အကြိမ်ကြိမ် ကြိုးစားဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ဆရာတော် ဦးဂန္ဓမာသည် သျှမ်းနီစာပေသင်တန်းများ၊ လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်းများ မကြာခဏ ပြုလုပ် ပေးလျက်ရှိသည့်အပြင် သျှမ်းပြည်အနှံ့ ခရီးထွက်ပြီး အသိပညာများ မျှဝေပေးလေ့ ရှိသည့်အပြင် မြန်မာနိုင်ငံလုံး ဆိုင်ရာ သျှမ်းနီသံဃာတော်များ သမဂ္ဂတွင်လည်း ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ အတွင်းရေးမှူးတာဝန် ယူထားသူလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...