သျှမ်းနီ စာ/ယဥ် အရေး လှုပ်ရှားသည့် ဆရာတော်တစ်ပါး အသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ သျှမ်းနီ စာပေ နှင့် ယဥ်ကျေးမှုအရေး ဆောင်ရွက်သည့် ဆရာတော်တစ်ပါးကို (KIA+PDF) တို့ဖမ်းဆီးပြီး အသတ်ခံလိုက်ရကြောင်း သတင်းသိရသည်။

ဗန်းမောက်မြို့နယ်ရှိ နောင်ပတ်ကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဂန္ဓမာသည် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်တွင် KIA+PDF တို့သည် လက်နက်ကိုင်ဆောင်ပြီး ကျောင်းဝန်းအတွင်းထိ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၅ ရက်တွင် Dead Body ဓါတ်ပုံများကို တွေ့ရှိရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အသတ်ခံရသည့် သျှမ်းနီဆရာတော်

“၄ ရက်နေ့မှာ လာဖမ်းသွားတယ်၊ ကျောင်းဝန်းအတွင်းထဲမှာပဲ ညနေပိုင်းလောက်မှာ လာဖမ်းသွားတာ၊ လာဖမ်း တုန်းကသင်္ကန်းဝတ်နဲ့ ဆိုပေမဲ့ ရွာပြင်ထိပ်နားမှာ ရိုက်နှက်ပြီးတော့ လူဝတ်လှဲခိုင်းတယ်၊ အဲ့နောက် ၅ ရက်နေ့မှာ Dead Body ပြန်တွေ့ရတော့တာပဲ” ဟု သျှမ်းနီအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆရာတော်ကို လာဖမ်းသည့် လက်နက်ကိုင်တပ်ဖွဲ့အင်အားသည် ၁၀ ဦးကျော်ရှိနေပြီး သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြကြောင်းလည်း မျက်မြင်ဒေသခံများက ပြောသည်။

ဖမ်းဆီးမှု မတိုင်ခင် ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်တွင် KIA စစ်ဝတ်စုံဝတ် စစ်သား နှင့် ခွပ်ဒေါင်း တံဆိပ်ပါ စစ်ဝတ်စုံ ဝတ်သည့် လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့သည် နောင်ပတ်ဘုန်းကြီးကျောင်း ဇရပ်တွင် လာရောက် စခန်းချရာ ဆရာတော်မှ ဥပုလ်နေ့ရှိသည့်အတွက် ဖယ်ရှားကြရန် ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

“စက်တင်ဘာလ ၂ ရက်က ဥပုလ်နေ့ဖြစ်တယ်၊ အဲ့ကြောင့် စက်တင်ဘာလ ၁ ရက်မှာ အဲ့ဇရပ်မှာစခန်းချ နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ဆရာတော်က ဖယ်ပေးဖို့ပြောခဲ့တယ်၊ သူတို့လည်း ဖယ်သွားပါတယ်။ ၄ ရက်နေ့ မှာကျတော့ ဆရာတော်ကို လာဖမ်းကြတာပဲ၊ KIA+ PDF တွေက လာဖမ်းတာလို့ မျက်မြင်ရှိတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အသတ်ခံရသည့် သျှမ်းနီဆရာတော်

အသတ်ခံရသည့် သျှမ်းနီစာပေယဥ်ကျေးမှုအရေး လှုပ်ရှားသူ ဆရာတော်၏ ရုပ်အလောင်းကို နောင်ပတ်ကျေးရွာ နှင့် ၁၀ မိုင်ခန့်ဝေးသည့် နန့်ဆကျေးရွာအနီးတွင် မြေမြှုပ်ထားကြောင်း KIA+PDF က ဖမ်းဆီးသတ်လိုက်ကြောင်း ဟု ဒေသခံများက ပြောဆိုထားခြင်းနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ KIA တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို အကြိမ်ကြိမ် ကြိုးစားဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ဆရာတော် ဦးဂန္ဓမာသည် သျှမ်းနီစာပေသင်တန်းများ၊ လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်းများ မကြာခဏ ပြုလုပ် ပေးလျက်ရှိသည့်အပြင် သျှမ်းပြည်အနှံ့ ခရီးထွက်ပြီး အသိပညာများ မျှဝေပေးလေ့ ရှိသည့်အပြင် မြန်မာနိုင်ငံလုံး ဆိုင်ရာ သျှမ်းနီသံဃာတော်များ သမဂ္ဂတွင်လည်း ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ အတွင်းရေးမှူးတာဝန် ယူထားသူလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...