ဖမ်းဆီးခံရသည့် သျှမ်းနီလူငယ်သေဆုံး ပြီးနောက် သျှမ်းနီ ဦးဇင်းတစ်ပါး ဖမ်းဆီးခံရ

ဖမ်းဆီးခံထားရသည့် သျှမ်းနီလူငယ် သေဆုံးသွားကြောင်း သတင်းထွက်လာပြီးသည့်နောက် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ သျှမ်းနီဦးဇင်း တစ်ပါး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ည ၇ နာရီ ဝန်းကျင်အချိန် ဇနီးဖြစ်သူ နှင့် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ နမ့်ပါဟုတ်ကျေးရွာ သို့ပြန်လာစဥ် လမ်းခုလတ်တွင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရသည့် သျှမ်းနီလူငယ် စိုင်းရေကျော်သည် အသတ်ခံလိုက်ရပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။

“အရာရှိ တစ်ဦးဆိုပြီးတော့ သူ့ဇနီးဆီကို ဖုန်းဆက်အကြောင်းကြား လာတာ သူ့ယောင်္ကျားကဆုံးပြီတဲ့၊ တချို့ကျ တော့လည်း မသေသေးဘူးလို့ ပြောကြတယ်၊ ဒါပေမဲ့ သူ့အမျိုးသမီးက သူ့အကြောင်း ခဏခဏအိပ်မက်မက်လို့ စိတ်ဓာတ်လည်း ကျနေတယ်၊ နေမကောင်းတော့ဘူးတဲ့” ဟု စိုင်းရေကျော် အမျိုးသမီးနှင့် နီးစပ်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည် စိုင်းရေကျော်သည် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ နှင့် ဆက်စပ် ပတ်သက်ခြင်းမရှိသည့် အပြင် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု ကော်မတီမှ အတီး အက ဆရာအဖြစ် တာဝန်ယူ နေသူ အရပ်သားပြည်သူသာဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

ဖမ်းဆီးခံရသော သျှမ်းနီဦးဇင်း

ဆရာစိုင်းရေကျော်သည် ရက် ၂၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သေဆုံးသွားကြောင်း သတင်းထွက်ပေါ်ခဲ့ သည်။

သူသည် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု တာမခံကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ရှမ်းနီ စာ/ယဥ် ကော်မတီ အပြင် ကြက်ခြေနီ အသင်းဝင်တစ်ဦးလည်း ဖြစ်သည်။

လက်ရှိတွင် ဇနီးသည်နှင့် အသက် (၃) နှစ် အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်။

ထို့အပြင် ယမန်နေ့ (သြဂုတ် ၂၁) ရက် ညပိုင်းတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေသည့် ဦးဇင်း အရှင်သူရိယ နှင့် ဒေသခံရွာသား သုံးဦးကို KIA တပ်ဖွဲ့ လက်အောက်ခံ PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဦးဇင်းကို သူတို့ခေါင်းဆောင်တွေက မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ၊ ဦးဇင်းရဲ့ဖုန်းကိုရော သူတို့ သိမ်းယူလိုက်တယ်၊ နောက်ပြီးတော့ ပင်းခါးလမ်းဆုံကျေးရွာက အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိုး ၊ ကျောင်းဆရာ ဦးအောင်ပန်း နဲ့ ကိုလင်းဇော်တို့ လည်း PDF တွေ ဖမ်းဆီးသွားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ရှမ်းနီဦးဇင်းသည် သက်တော် ၅၆ နှစ် ဝါတော် ၂၀ ရှိနေပြီး သျှမ်းနီစာပေတိုးတက်ရေး ၊ သျှမ်းနီကဗျာ ၊ စာပေများကို ရေးသား သင်ကြားနေသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

လက်ရှိ သျှမ်းနီတိုင်းရင်းသားများ နေထိုင်ရာ ဖားကန်မြို့နယ်၊ မိုးညှင်း၊ မိုးကောင်းနှင့် ဟုမ္မလင်းဒေသတို့တွင် ဒေသခံသျှမ်းနီ လူမျိုးများ ဖမ်းဆီးခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများရှိနေပြီး တော်လှန်ရေးကို အကြောင်းပြကာ လူမျိုးရေး သင်းသတ်မှုများပြုလုပ်သလို ခံစားရကြောင်း ဒေသခံများက ပြောဆိုသုံးသပ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...