PDF တပ်ဖွဲ့ဖမ်းဆီးခံထားသည့် သျှမ်းနီလူငယ် ပြန်လွတ်ပေးရန် သျှမ်းလူမှုအဖွဲ့အစည်းများ တောင်းဆို

စစ်ကိုင်းတိုင်း ဒေသကြီး ဗန်းမောက်မြို့နယ် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် သျှမ်းနီစာပေနှင့်ယဥ်ကျေးမှု ဖွံ့ဖြိုး တိုးတက်မှု တာဝန်ခံ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းကို ပြန်လွှတ်ပေးရန် သျှမ်းလူမှုအဖွဲ့အစည်းများ ထုတ်ပြန်တောင်းဆိုထားသည်။

သျှမ်းနီလူငယ်

ဗန်းမောက်မြို့နယ်မှ သျှမ်းနီစာ/ယဥ် တာဝန်ခံကို ပြီးခဲ့သည့် ဇွန် ၁၉ ရက် ညအချိန်တွင် PDF တပ်ဖွဲ့မှ သေနတ်များ ပစ်ဖောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

“သိရသလောက်တော့ သူ့ကို ဘုန်းကြီးကျောင်းဝင်းထဲမှာ လာဖမ်းသွားတယ်လို့သိရတယ်၊ သေနတ်ပစ်ပြီးတော့ ဖမ်းတာတဲ့၊ နောက်တစ်ခုက ဘုန်းကြီးကျောင်းဝင်းထဲမှာလေ၊ ဒီလိုမလုပ်ကောင်းဘူးလို့ထင်တာပဲ၊ သူက ရာဇဝတ်သားလည်း မဟုတ်ဘူးလေ” ဟု ဗန်းမောက်မြို့နယ် သျှမ်းနီ စာ/ယဥ် အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ အကြောင်းမဲ့ မတရားဖမ်းဆီးခံထားရသည့် သျှမ်းနီ စာ/ယာဥ်တာဝန်ခံ ကို ဘေးကင်းလုံခြုံစွာနဲ့ အမြန်ဆုံး ပြန်လွတ်ပေးရန် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သျှမ်းလူမှုအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘာကြောင့်ဖမ်းသလဲဆိုတာကို မပြနိုင်ရင် ဒါကလက်နက်ရှိတဲ့သူက လက်နက်မရှိတဲ့သူကို လက်နက်ပြ အနိုင် ကျင့်နေတာနဲ့ အတူတူပဲ၊ သူဟာ (စိုင်းဆေလိုင်း) အရပ်သား ပြည်သူသာဖြစ်တယ်၊ သျှမ်းလူမျိုးလည်း ဖြစ်နေတယ်၊ ဒါကြောင့် ဖမ်းဆီးထားတဲ့ အဖွဲ့အစည်းတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု သျှမ်းလူမှုအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ စိုင်းလွိုင်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

စိုင်းကျန်အောင် (စိုင်းဆေလိုင်း) ကို လာရောက်ဖမ်းဆီးသည့် လက်နက်ကိုင်တပ်ဖွဲ့တို့သည် စစ်ဆေးရန်လိုအပ်သည်ဟု လည်းပြောဆိုသည့်အတွက် ရိုက်နက်မှုများရှိမည်ကိုစိုးရိမ်ကြောင်း ၎င်းက ဆက်ပြောသည်။

သျှမ်းနီလူငယ်များသည် လက်နက်ကိုင်တပ်ဖွဲ့မဟုတ်သည့်အပြင် စစ်ကောင်စီကို အားပေးထောက်ခံလုပ်နေသည့် အဖွဲ့မဟုတ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အမည်ခံကာ ယခုကဲ့သို့ မတရားလုပ်ဆောင်ချက်များကို မလုပ်ဆောင်သင့်ကြောင်းလည်း စိုင်းလွိုင်က ပြောဆိုထားသည်။

“ကျနော်တို့ ထုတ်ပြန်တောင်းဆိုထားတဲ့ အတိုင်း စိုင်းဆေလိုင်းကို ဖမ်းဆီးထားတဲ့ PDF တပ်ဖွဲ့တွေ သူ့ကို ဘေးကင်းလုံခြုံစွာနဲ့ အမြန်ဆုံးပြန်လွတ်ပေးပါ၊ ကျနော်တို့ကို အကျိုးအကြောင်းပြောပြပါ၊ ဒီလိုမှ မဟုတ်ဘဲနဲ့ ဘာမှ မထူးလာရင်တော့ NUG အထိ ကျနော်တို့သွားဖို့ ရှိတယ်” ဟု၎င်းကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခြင်းခံထားသည့် စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်း သည် ယနေ့ ဇွန်လ ၂၃ ရက်နေ့၊ ၄ ရက်ကြာသည်အထိ မည်သည့်နေရာ ဖမ်းဆီးခံ ထားရသည်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းလုံးတွင် တရားဥပဒေများ စိုးမိုးမှုကင်းမဲ့နေပြီး လက်နက်ပြ အနိုင်ကျင့်မှုများပြားလာသည့်အတွက် ဒေသခံပြည်သူများက လုံခြုံမှုမရှိသလို ခံစားရကြောင်းနှင့် စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...