လားရှိုးမြို့နယ် အိမ်ထောင်စု စာရင်းဝင်ထဲ မရှိသူ စစ်တပ်က စစ်ဆေးတင်းကြပ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အိမ်ထောင်စု စာရင်းထဲ မရှိသူများ မြို့နယ်မှူးထံသို့ အကြောင်းကြားရမည် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

လားရှိုးမြို့

ဒီဇင်ဘာလ ၂၁ ရက် ညနေပိုင်းအချိန်က လားရှိုးမြို့ ရပ်ကွက် ၅ အတွင်းတွင် နေထိုင်သည့် ဒေသခံများ အိမ်ထောင်စုစာရင်း ဝင်ထားခြင်းရှိ၊ မရှိ စစ်ဆေးပြီး၊ အိမ်ထောင်စု စာရင်းထဲ မရှိသူများကို မြို့နယ်မှူးထံသို့ အကြောင်းကြားနေရကြောင်း လားရှိုးမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ဘာသတင်းရလို့လည်းတော့ မသိဘူး။ ဧည့်စာရင်းတွေ လာစစ်တယ်။ ကျနော်တို့ ရပ်ကွက်ဘဲ မဟုတ်ဘူး၊ ရပ်ကွက်တိုင်းလိုလိုတော့ သူတို့ဧည့်စာရင်း ဝင်စစ်နေတယ်။ အိမ်ထောင်စု စာရင်းထဲမှာ ပါတဲ့သူတွေ အကုန်လုံး ဓာတ်ပုံရိုက်ပြီး မြို့နယ်မှူးထံ ပို့ပေးရတယ်။ မြို့နယ်မှူးက တစ်ဆင့် ရိုက်ထားတဲ့ ဓာတ်ပုံတွေကို စာအုပ်ထဲမှာ ကပ်ပေးလိုက်တယ်။ အဲ့စာအုပ်လည်း ကိုယ့်အိမ်မှာ သိမ်းထားရတယ်“ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်တပ်က ဧည့်စာရင်း စစ်ဆေးမှု နှင့် ပတ်သက်ပြီး မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ မည်သူမည်ဝါ နှင့် မည်သည့် ဒေသမှ လာသူများဖြစ်ကြောင်း စသည့်ဖြင့် စစ်ဆေးပြီး နယ်ခံမဟုတ်ပါက ရပ်ကွက်ထောက်ခံစာ ရှိမှသာလျှင် လက်ခံရန် ညွှန်ကြားထားသည်။

“အိမ်မှာ ဧည့်သည် လက်ခံထားရှိ၊ မရှိ သူတို့က စစ်ဆေးချင်တာ။ ဧည့်သည်က ဘယ်ကလာလဲ၊ ဘယ်သူ့ ခွင့်ပြုချက် ထောက်ခံစာကိုယူပြီး နေလဲပေါ့။ ခွင့်ပြုချက်မရှိဘဲ လာနေရင်တော့ မရဘူး၊ သူတို့က အရေးယူတယ်။ အခုက ဘာမှစိတ်မခြုံလုံပါဘူး“ ဟု ၎င်း အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် သျှမ်းပြည် လားရှိုး၊ တောင်ကြီး၊ မူဆယ်၊ နမ့်ခမ်း စသည့် မြို့များတွင် စစ်ကောင်စီတပ်မှ ဧည့်စာရင်း စစ်ဆေးမှုများ ပြုလုပ်ပြီး ရှောင်သခင် ဖမ်းဆီးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...