သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်

သျှမ်းပြည် သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် သီပေါဟော် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗုဒ္ဓကောလိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သီပေါဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့ပေါ်ရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအတွင်း သီပေါဟော် ပင်မအဆောက်အဦကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်နေရာအဖြစ် ဆက်လက်ထားရှိရန်၊ သီပေါဟော်တွင် သံဃာတော်တစ်ပါး ယာယီသီတင်းသုံး စောင့်ရှောက်ရန်နှင့် ဗုဒ္ဓကောလိပ်အတွက် အဆောက်အအုံများ ဆောက်လုပ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း ဆွေးနွေးပွဲအကြောင်း သိရှိထားသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိက ဦးဆောင်ဆွေးနွေးတာကတော့ ဆရာတော် သံဃာတော်တွေနဲ့ မြို့မိမြို့ဖ တချို့ပါတယ်။ အခြေအနေ အားလုံးကောင်းသွားရင် ဟော်ထဲကို ပြည်တွင်းပြည်ပ ဧည့်သည်တွေ အရင်လို ဝင်လေ့လာလို့ ရအောင် လုပ်ဖို့ပေါ့။ နောက်ပြီး ဗုဒ္ဓကောလိပ် ဖွင့်မှာဆိုတော့ စာသင်ဆောင်တို့၊ နားနေဆောင်တို့ အဲ့တာတွေလည်း ဆောက်ဖို့ရှိတော့ မူလဟော်နန်းကိုလည်း မထိခိုက်အောင် တိုင်ပင်ကြတာပါ” ဟု သီပေါမြို့ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါဟော် ဗုဒ္ဓကောလိပ်အဖြစ် ဆိုင်းဘုတ်တင်မင်္ဂလာဖွင့်ပွဲကို မိုင်းဖုန်းဆရာတော်၊ အောက်စ်ဖိုဒ့်ဆရာတော်တို့၏ ဩဝါဒကို ခံယူပြီး တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ (စဝ်ဆုခမ်း) နှင့် သီပေါမြို့နယ် သံဃာတော်များ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများက ဇွန်လ ၂၉ ရက် (သာသနာနှစ် ၂၅၇၀ ပထမဝါဆိုလပြည့်) တွင် ပြုလုပ်ခဲ့သည်။

ထို့နောက် သီပေါမြို့၊ ဇာတ်စုရပ်ကွက်ရှိ သီပေါဟော်နန်းကို နှစ်ပေါင်း ( ၁၀၀ )နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်လိုက်ကြောင်း စစ်အစိုးရလက်အောက်ခံ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန်လိုင် ၂၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၆) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်

သီပေါဟော်နန်းပြတိုက်သို့ အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးပါက ထပ်မံအသိပေး ကြေညာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သီပေါဟော် ဗုဒ္ဓကောလိပ် ဖွင့်လှစ်သင်ကြားနိုင်ရန် စာသင်ဆောင်၊ နားနေဆောင် စသည့် အဆောက်အဦအသစ်များ လိုအပ်လာခြင်းကြောင့် ပင်မ ဟော်နန်း ဘေးပတ်ဝန်းကျင် ပေ (၁၂၀) ပတ်လည်အတွင်း လုံးဝ ဆောက်လုပ်ခြင်းမပြုရန်လည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သီပေါဟော်နန်းကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန် ၂၀ ရက်က သီပေါစော်ဘွား၏ မျိုးဆက်ဖြစ်သည့် ကွယ်လွန်သူ ခွန်ထွန်းဦး ကိုယ်တိုင် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူဖြစ်သည့် အောက်စ်ဖိုဒ့်ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ နှင့် သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ပညာနန္ဒ တို့ရှေ့မှောက်တွင် ရေစက်ချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

သီပေါဟော်နန်းသည် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သည့်နေရာတခုဖြစ်ပြီး သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီဖြစ်သူ စဝ်သုစန္ဒီ (ခ) Inge Sargent ကိုယ်တိုင် ရေးသားခဲ့သည့် “Twilight Over Burma” စာအုပ်နှင့် ရုပ်ရှင်ဇာတ်ကားကြောင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအကြား လူသိများ ထင်ရှားသည့် နေရာတစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သမိုင်းဝင်သီပေါဟော်နန်းကို လေ့လာစရာနေရာအဖြစ် သျှမ်းလူငယ်များထားရှိလို

0
ကမ္ဘာကျော် သီပေါဟော်နန်းကို နောင်လူငယ်များလေ့လာနိုင်သည့် သမိုင်းဝင်နေရာတခုဖြစ်ရန် လိုအပ်ကြောင်း သျှမ်းလူငယ်များက ပြောဆိုလိုက်သည်။ သီပေါဟော်နန်းကို ဇွန် ၂၀ ရက် က သီပေါစော်ဘွား၏ မျိုးဆက်ဖြစ်သူ ခွန်ထွန်းဦး ကိုယ်တိုင် သျှမ်းပြည် ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူဖြစ်သည့် အောက်စဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ နှင့်...