အခြား ပြည်နယ် သူများ မူဆယ်အိမ်ထောင်စု စာရင်းထဲဝင်ပြီး တရုတ်ပြည်ဖြတ်သန်းခွင့် ကြိုးစားနေ

တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်ရန် အတွက် တခြားပြည်နယ်မှ ပြည်သူများသည် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ် ရှိ အိမ်ထောင်စုစာရင်းထဲဝင်ပြီး မှတ်ပုံတင်အတု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ပွဲစားမှ ကြေညာထားတဲ့ စာ

ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီလမှ ပြန်လည်ဖွင့်လှစ်ခဲ့သည့် မြန်မာ – တရုတ် နယ်စပ်တံခါးသည် တရုတ်နိုင်ငံတွင်းသို့ အလုပ်သွားလုပ်လိုပါက မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ် ရှိပြည်သူများသာ သွားလာခွင့်ရကြောင်း သိရသည်။

အခြားဒေသမှ လာသည့် သူများကို တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မပြုသည့်အတွက် နယ်ခံများထံ အိမ်ထောင်စုစာရင်းထဲ စာရင်းသွင်းခြင်း၊ ၁၃/ မှတ်ပုံတင် ပြုလုပ်ပေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ အိမ်ထောင်စု စာရင်းသွင်းခြင်း နှင့် ၁၃/ မှတ်ပုံတင်ပြုလုပ်ခြင်းသည် တစ်ဦးလျှင် ကျပ် ၂၅ သိန်း ထိရှိကြောင်း လည်း သိရသည်။

“ ဟိုနေ့က မူဆယ်သွားတော့ လူတစ်ယောက် လာမေးတယ်။ စာအုပ်အနီလုပ်ချင်လားတဲ့။ သူတို့သူများ အိမ်ထောင်စုကို ဝယ်ပြီးတော့ နာမည်ထည့်ပေးမယ်တဲ့။ တစ်ယောက်ကို ၂၅ သိန်းပဲတဲ့။ မှတ်ပုံတင်လုပ်ဖို့လည်း ရောင်းဝယ်ရေး လိုဖြစ်နေတယ်။ ၂၅ သိန်းဆိုတာလည်း ဈေးကြီးတာ မဟုတ်ဘူး။ တရုတ်နိုင်ငံထဲကို ရောက်သွားရင် ၂ လလောက် အလုပ်လုပ်ရင် ပြန်ရပြီ”ဟု မူဆယ်မြို့ ဒေသခံလူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မှတ်ပုံတင်လာလုပ်ထားသည့်သူများ

လက်ရှိ မူဆယ်မြို့နယ်အတွင်း ပြည်မကြီးမှ ဒေသခံများ နှင့် ရခိုင်ပြည်မှ ဒေသခံများ ပိုမိုများပြားလာပြီး မှတ်ပုံတင် ၁၃/ ကို ပြုလုပ်ပေးခြင်း နှင့် အိမ်ထောင်စု အသစ်လုပ်ပေးခြင်းများ လုပ်ပေးကြောင်း သိရသည်။

“ တရုတ်ဘက်ကနေလုပ်တဲ့ Tiktok ထဲမှာဆိုရင် မှတ်ပုံတင်အတုတွေ ၊ အိမ်ထောင်စုတွေကို လုပ်ပေးတယ်ဆိုပြီးတော့ ကြေညာရောင်းနေတာရှိတယ်။ ဒါတွေကလည်း နိုင်ငံကူးဖို့ စာအုပ်အနီတွေ လုပ်ပေးနေတာ ဖြစ်တယ်။ တစ်ခြားဒေသက လာတဲ့သူတွေဆိုရင်လည်း ၁၃/ ချက်ချင်းဖြစ်တယ်။ လဝက ရုံးကနေ ဘယ်လိုလုပ်ပေးလည်းတော့ မသိဘူး။ အခုက ရောင်းဝယ်ရေး လုပ်တဲ့သူတွေက အဝင်ထွက် မများဘူး။ အလုပ်သွားလုပ်တဲ့သူတွေပဲ များတယ်” ဟု မူဆယ်ဒေသခံ အမျိုးသမီး တစ်ဦး ကပြောသည်။

နိုင်ငံကူးလက်မှတ် စာအုပ်အနီကို ပြုလုပ်ရန်အတွက် အိမ်ထောင်စုစာရင်း ၊ မှတ်ပုံတင်များကို ပြသရန် လိုအပ်ကြောင်းလည်း သိရသည်။

မှတ်ပုံတင်လာလုပ်ထားသည့်သူများ

တစ်ခြားဒေသမှ လာပြီး မူဆယ်မြို့နယ်တွင်း အိမ်ထောင်စုထဲ ဝင်ရောက်လာသည့်အတွက်ကြောင့် နောင်တစ်ချိန်မှာ မူဆယ်ဒေသခံထက် အခြားမြို့ ဒေသခံများ ပိုလွှမ်းမိုးလာမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

ထိုကြောင့် မိမိအိမ်ထောင်စုထဲ အခြားဒေသမှ လာသည့်သူများကို ထည့်ချင်ပါက မထည့်ပေးရန်အတွက် မူဆယ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦး ကပြောသည်။

“ ကိုယ်မသိတဲ့ သူတွေကို ကိုယ်အိမ်ထောင်စုထဲထည့်လိုက်ရင် သူတို့ကလည်း ကိုယ့်အိမ်သား ဖြစ်သွားမယ်။ ကိုယ့်အိမ်ထောင်စုထဲ မထည့်ခင်မှာလည်း အဲ့လူက ဘယ်သူလဲ ၊ ဘယ်ကလာလဲ ဘယ်လိုလူမျိုးလဲဆိုတာကို သိဖို့လည်းလိုတယ်။ မသိဘဲ ထည့်လိုက်ရင် နောက်အိမ်ထောင်ရေး ပြဿနာတွေကလည်း ဖြစ်လာနိုင်တယ်လေ။ ဖြစ်နိုင်ရင်တော့ တစ်ခြားလူတွေကို ကိုယ့်အိမ်ထောင်စုထဲ မထည့်ပေးတာ ကောင်းပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံကူးလက်မှတ် စာအုပ်အနီသည် တရုတ်နိုင်ငံအတွင်းသို့ ၁ နှစ်တိတိ အလုပ် လုပ်ကိုင်နိုင်ခွင့်ရှိကြောင်း သိရသည်။

ကိုဗစ်ကာလ မတိုင်ခင်တွင် တရုတ်နိုင်ငံတွင်းသို့ မြန်မာတစ်နိုင်ငံလုံးက ဝင်ရောက် အလုပ်လုပ်ကိုင်နိုင်သော်လည်း လက်ရှိ အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ် ဒေသခံများကိုသာ တရုတ်အစိုးရက နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ အမျိုးသမီးတဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ် တစ်အိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ စွန်စော်ရပ်ကွက်တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...