သျှမ်းပြည်အတွင်း ရွေးကောက်ပွဲ အကြောင်းပြ အိမ်ထောင်စုစာရင်း လိုက်လံကောက်နေ

သျှမ်းပြည်အတွင်း စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် အုပ်ချုပ်ရေးတို့ ပူးပေါင်းပြီး အိမ်ထောင်စု စာရင်းများကို လိုက်လံကောက် စစ်ဆေးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အကြောင်းပြပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့က ယခု မတ်လအတွင်း အိမ်ထောင်စုတွင်းရှိ လူစာရင်းများကို လိုက်လံ ကောက်ယူနေကြောင်း နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ရွေးကောက်ပွဲအတွက်လို့ပြောပြီးတော့ အိမ်ထောင်စုကို လိုက်ကောက်နေတာ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းသွားပေးရတာ။ ဒီလ စ လိုက်ကောက်စစ်ဆေးနေတာ။ နေအိမ်မှာ ဘယ်သူရှိလဲ။ အိမ်ထောင်စုစာရင်းထဲရှိတဲ့သူတွေ အကုန်လုံး ဒီအိမ်မှာရှိနေလားလို့ မေးပြီးလာကောက်သွားတာ” ဟု ၎င်းက ဆိုသည်။

အိမ်ထောင်စုစာရင်းများကို လိုက်လံကောက်ယူနေသော်လည်း ပြည်သူတစ်ချို့က စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကြောင့် နာမည်စာရင်းသွားရောက်ပေးသွင်းခြင်းမရှိကြောင်း သိရသည်။

“ကျနော်တို့တော့ သွားမပေးဘူး။ မိတ္တူကူးဖို့ စာရွက်ဖိုးဈေးကြီးတယ်။ ဒီတိုင်းပဲ ထားလိုက်တယ်။ မပေးရင် ဘာလုပ်မယ် ညာလုပ်မယ်ပြောတာတော့ မကြားဘူး” ဟု အထက်ပါ နမ့်လန်ဒေသခံ အမျိုးသားက ပြောသည်။

ထိုနည်းတူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်၊ ကျိုင်းတုံဘက်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ထွေအုပ်တို့က ယူနီဖောင်းမပါဘဲ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ထောင်စုစာရင်း လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

“သူတို့က တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်စစ်ဆေး မေးတာ။ လာစစ်တဲ့သူတွေက ထွေအုပ်လို့ပြောတာပဲ။ ဒါပေမဲ့ ယူနီဖောင်းတွေဝတ်ပြီး လာစစ်ဆေးတာမျိုးတော့မရှိဘူး။ အိမ်မှာ ဘယ်သူတွေရှိလဲ ၊ လူဦးရေဘယ်လောက်ရှိလဲ လာစစ်ဆေးသွားတာ” ဟု သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဒေသခံ အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် သျှမ်းပြည်အရှေ့ပိုင်းက လာရောက်စစ်ဆေးသည့် ထွေအုပ်များသည် အထက်က အမိန့်အတိုင်း လာရောက်စစ်ဆေးကောက်ယူသွားပြီး မည်သည့် ကိစ္စကြောင့်လာရောက်စစ်ဆေးသည်ကို မသိရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“သူတို့ကို မေးတာ၊ ဘာကြောင့် လာစစ်ဆေးတာလည်း မေးတော့ သူတို့ မသိဘူး။ မဖြေနိုင်ကြဘူး။ ဒီတိုင်းဘဲ အထက်က အမိန့်အရ လာစစ်ကြတာထင်တယ်။ ဘာကြောင့် ဘာလုပ်ဖို့ လာစစ်ဆေးတယ်ဆိုတာ သူတို့ မသိဘူး” ဟု မိုင်းဆတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအတွက် လွန်ခဲ့သည့် ၂၀၂၀ ခုနှစ်ကတည်းက ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းပြီး ပြည်သူများကို မှတ်ပုံတင်လိုက်လံလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုစီမံချက်ထဲတွင် အသက် (၁၆)နှစ်ပြည့်သူတိုင်း တရားဝင်မှတ်ပုံတင်ဖြင့် ခရီးသွားလာရန်အတွက် အကြောင်းပြပြီး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။2:26 PM

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...