မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို ထိန်းချုပ်ဒေသအတွင်း လုပ်ဆောင်ပေးနေဟု TNLA ပြော

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ထိန်းချုပ်ဒေသအတွင်း မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်း၊ ပြုစုခြင်း လုပ်ဆောင်နေကြောင်း ပြောဆိုလိုက်သည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA ထိန်းချုပ်နိုင်ခဲ့သည့် မြို့နယ်အားလုံးရှိ ရပ်ကွက်၊ ကျေးရွာတိုင်းတွင် တောရွာမြို့နေ ပြည်သူအားလုံးကို လူဦးရေ စိစစ်ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယနေ့ (ဇွန်လ ၅ ရက်) တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်သည်။

“မှတ်ပုံတင်စာရင်းတွေ အိမ်ထောင်စုစာရင်းတွေ စတင်ပြီးတော့ ကောက်ခံနေတာ ရှိပါတယ်။ လက်ရှိ ဒီမြို့နယ်တိုင်းမှာ အဓိက တရားဥပဒေစိုးမိုးရေးလုပ်ငန်းနဲ့ တရားမျှတမှုကို ဆောင်ရွက်နေတဲ့အချိန်မှာ အထူးသဖြင့် လူဝင်မှုအခြေအနေကတော့ မရှိမဖြစ် လိုအပ်ပါတယ်။ ကျမတို့က လက်ရှိအချိန်အထိကတော့ ရပ်ရွာကျေးရွာတိုင်းမှာ မိမိရဲ့ မှတ်ပုံတင်နဲ့အတူ အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးတာ၊ ပြုစုတာ လက်ရှိဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေဆဲကာလလို့ ပြောလို့ရပါတယ်”ဟု လွေးယေဦးက သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားသည်။

TNLA မှ ၂၀၂၅ ခုနှစ်အတွင်း သီးသန့်ပြန်လည် ဖွဲ့စည်းခဲ့သည့် လူဝင်မှုကြီးကြပ်ရေးဌာန၏ လုပ်ငန်းစဉ်များဖြစ်သည့် တောရွာမြို့နေ ပြည်သူလူထုအားလုံး လူဦးရေ စိစစ်ပြီး အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်း၊ တအာင်းပြည်သားမှတ်ပုံတင် စိစစ်ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဟု သိရသည်။


ထိန်းချုပ်ဒေသအတွင်းရှိ ပြည်သူ့အင်အား လူဦးရေစာရင်း အမှန်ကို ပြုစုထိန်းသိမ်းထားရန်၊ လူအဝင်အထွက် စာရင်းများကို စည်းစနစ်ကြပ်မတ် ထိန်းသိမ်းရန်၊ မှတ်ပုံတင် ထုတ်ပေးခြင်း၊ ကြီးကြပ်ခြင်းဖြင့် ပြည်နယ်သား အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ဒေသတွင်းရှိ လူဦးရေနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ပြုလုပ်နိုင်ရန်ဖြစ်ကြောင်း TNLA ဘက်မှ ထုတ်ပြန်သည်။


ပြီးခဲ့သည့် မေလ (၁) ရက်မှ စတင်ပြီး TNLA ဖွင့်လှစ်သည့် လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအတွက် အပတ်စဉ် (၁) သင်တန်းသည် (၁၅) ရက်ကြာမြင့်ပြီး သင်တန်းသား/သူ (၅၁) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။


အလားတူ မေလ ၂၅ ရက်မှ စတင်၍ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် နမ့်ဆန်မြို့တို့တွင် TNLA ၏ မော်တော်ယာဉ် မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှ အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ယာဉ်လိုင်စင် ပြုလုပ်ပေးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

TNLA ထံ မှတ်ပုံတင်ထားသည့် ကားလိုင်စင်များသည် ၂ နှစ် သက်တမ်းရှိမည်ဖြစ်ပြီး TNLA ထိန်းချုပ်ဒေသအတွင်း အသုံးပြုနိုင်မည့် ကားအမျိုးအစားအလိုက် အခွန်နှင့် ဝန်ဆောင်ခ ၂ သိန်းကျပ်မှ ၅ သိန်းကျပ်အထိ ပေးဆောင်ရမည်ဟု သိရသည်။

လက်ရှိတွင် TNLA အနေဖြင့် မြို့ (၁၂) မြို့ ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်မှ ဧပြီလ တွေ့ဆုံဆွေးနွေးပွဲအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို လက်လွှတ်ရန် တောင်းဆိုခဲ့ရာ သဘောတူညီမှု မရရှိခဲ့ဘဲ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် လာမည့် ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် TNLA တို့ ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းယောင်းဒေသခံများ ထိုင်းနယ်စပ်ဖြတ်သန်းခွင့် စာအုပ်ရရန် တာချီလိတ်ဘက် အိမ်ထောင်စုပြောင်းရွှေ့ရမည်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဒေသခံများ ထိုင်းနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ်ရရှိရန် တာချီလိတ်မြို့နယ်သို့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ကြောင်း သတင်းသိရသည်။ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်တွင် မိုင်းယောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်ခမ်းမှ မိုင်းယောင်းဒေသခံများကို ထိုင်းနယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Border Pass) ဆောင်ရွက်ပေးရန် ရှိမရှိ ကြယ်ပွင့်မပြ မေးခွန်းကို...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...