နမ္မတူမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း သွားလုပ်ရန် ဒေသခံများ အခက်တွေ့

သျှမ်းပြည် နမ္မတူမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပြုလုပ်ပေးသည့် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ သွားရောက်ပြုလုပ်ရန် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ဇွန်လဆန်းပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်တွင် TNLA ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို လူမျိုးဘာသာမရွေး မဖြစ်မနေ သွားရောက်ပြုလုပ်ရန် အသံချဲ့စက်များဖြင့် ရပ်ကွက်များတွင် လှည့်လည်ဆော်ဩခဲ့ခြင်းကြောင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း နမ္မတူဒေသခံများက ပြောသည်။

“အခုက တောင်ယာဝင်ချိန်ဆိုတော့ ငွေကြေးခက်ခဲတာလည်း တစ်ပိုင်းပေါ့၊ သွားမလုပ်ရင်လည်း ဆန့်ကျင်တယ်လို့ မြင်မှာကြောက်တယ်။ သူတို့လုပ်ပေးတဲ့ ကတ်လည်း စစ်ကောင်စီနေရာ သွားရင် ကိုယ့်အတွက် အန္တရာယ်ဖြစ်မှာလည်း စိုးရိမ်တယ်။ အခုက မြို့ထဲကော ရွာတွေကော မဖြစ်မနေ လုပ်ဖို့ TNLA က ပြောနေပြီ။ တချို့အိမ်လည်း မိသားစုများတော့ သွားလုပ်ရင် သိန်းချီကုန်မှာလေ”ဟု နမ္မတူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

နမ္မတူမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုအတွက် တစ်သောင်းကျပ်၊ မှတ်ပုံတင်တစ်ခုလျှင် တစ်သောင်းကျပ်နှင့် စမတ်ကတ်အတွက် ငါးထောင်ကျပ် ပေးဆောင်ရပြီး အင်္ဂလိပ်၊ မြန်မာ နှင့် တအာင်း(ပလောင်) ဘာသာတို့ဖြင့် ရေးသားထားကြောင်း ဒေသခံများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA ထိန်းချုပ်နိုင်ခဲ့သည့် မြို့နယ်အားလုံးရှိ ရပ်ကွက်၊ ကျေးရွာတိုင်းတွင် တောရွာမြို့နေ ပြည်သူအားလုံးကို လူဦးရေ စိစစ်ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇွန်လ ၅ ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသည်။

TNLA မှ ၂၀၂၅ ခုနှစ်အတွင်း သီးသန့်ပြန်လည် ဖွဲ့စည်းခဲ့သည့် လူဝင်မှုကြီးကြပ်ရေးဌာနသည် ထိန်းချုပ်ဒေသအတွင်းရှိ လူဦးရေစာရင်း အမှန်ကို ပြုစုထိန်းသိမ်းထားရန်၊ လူအဝင်အထွက် စာရင်းများကို ကြပ်မတ်ထိန်းသိမ်းရန်၊ မှတ်ပုံတင် ထုတ်ပေးခြင်း၊ ကြီးကြပ်ခြင်းဖြင့် ပြည်နယ်သား အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

အလားတူ မေလ ၂၅ ရက်မှ စတင်၍ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် နမ့်ဆန်မြို့တို့တွင် TNLA ၏ မော်တော်ယာဉ် မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှ အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ယာဉ်လိုင်စင် ပြုလုပ်ပေးလျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...