သျှမ်းမြောက် TNLA ထုတ် မှတ်ပုံတင်မပြနိုင်လျှင် အရေးယူမည်ဟုဆို

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော နယ်မြေဒေသအတွင်း နေထိုင်သည့် ပြည်သူများကို ၎င်း၏ မှတ်ပုံတင်ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ပြီး ခရီသွားလာရင်း မှတ်ပုံတင် မပြနိုင်လျှင် အရေးယူခံရမည်ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောကြားသည်။

ယမန်နေ့ (သြဂုတ် ၁၆ )ရက် နမ္မတူမြို့နယ် မန်စံကျေးရွာတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ TNLA ၏ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) ဘက်က ဒေသခံများကို ၎င်းဌာနမှထုတ်မည့် မှတ်ပုံတင်ကို ပြုလုပ်ကြရန် ပြောကြားခဲ့သည်။

“လုပ်ချင်လုပ်၊ မလုပ်ချင်လည်း ရတယ်တဲ့။ ဒါပေမယ့် ခရီးထွက်လို့ သူတို့ဂိတ် (TNLA) ကိုဖြတ်ရင် မှတ်ပုံတင်မပြ နိုင်ရင်တော့ အရေးယူမယ် ပြောတယ်” ဟု နမ္မတူမြို့ မန်စံကျေးရွာ ဒေသခံတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကြောင့် ယနေ့ သြဂုတ် ၁၇ ရက်နေ့မှစပြီး နမ္မတူမြို့ ရပ်ကွက် (၁) တွင် TNLA ထုတ် မှတ်ပုံတင် စတင်ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ဒေသခံများအနေဖြင့် မူရင်းမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကိုယူပြီး လာရောက်ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လပိုင်းတွင်လည်း နမ္မတူမြို့နယ်အတွင်း TNLA ဘက်က ၎င်းတို့၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းကို လူမျိုးဘာသာမရွေး မဖြစ်မနေ သွားရောက်ပြုလုပ်ရန် အသံချဲ့စက်ဖြင့် ရပ်ကွက်များကို လှည့်လည်ပြောဆိုခဲ့သည်။

နမ္မတူမြို့

ထိုမြို့နယ်တွင် TNLA ပြုလုပ်ပေးသည့် အိမ်ထောင်စု လူဦးရေစာရင်းတစ်ခုလျှင် ကျပ်ငွေ တစ်သောင်း၊ မှတ်ပုံတင်တစ်ခုလျှင် တစ်သောင်း ကျပ်နှင့် စမတ်ကတ်တစ်ခု ငါးသောင်းကျပ် ပေးဆောင်ရကြောင်း ဒေသခံများ ပြောပြချက် အရသိရဿည်။

TNLA သည် ဇွန်လ ၁ ရက်၌ စစ်ဘက်၊ အရပ်ဘက်နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အချိုးကျပါဝင်သည့် တအာင်းပြည်ကောင်စီ (TLC) ကို ဖွဲ့စည်းပြီးနောက် ၎င်းတို့ ထိန်းချုပ်ထားသော မြို့နယ် ၁၀ ခုအတွင်း ပြည်သူ့အင်အား လူဦးရေစာရင်း အမှန်ကို ပြုစုထိန်းသိမ်းထားရန်၊ လူအဝင်အထွက် စာရင်းများကို စည်းစနစ် ကြပ်မတ်ထိန်းသိမ်းရန် ရည်ရွယ်ပြီး မှတ်ပုံတင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက (ဇွန်လ ၅ ရက်) တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်သည်။

မေလ (၁၆) ရက်တွင် ပြုလုပ်ခဲ့သည့် TNLA လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံ – PSLF/TNLA)

သို့သော် ဒေသခံများသည် TNLA မှ ပြုလုပ်ပေးသော မှတ်ပုံတင်ကို ကိုင်ဆောင်ပြီး စစ်ကော်မရှင် ထိန်းချုပ်ရာ ဒေသအတွင်း ခရီးသွားလာလျှင် စစ်ဆေးမေးမြန်းခံရမည်ကိုလည်း စိုးရိမ်နေရကြောင်း ၎င်းထိန်းချုပ်ဒေသအတွင်းနေထိုင်သူများက ပြောဆိုလိုက်သည်။

“ ကျနော်တို့အနေနဲ့ TNLA ရဲ့မှတ်ပုံတင်ရော စကစကထုတ်တဲ့ မှတ်ပုံတင် ၊စမတ်ကတ်ရောကိုင်ရမှာဆိုတော့ ရှိသမျှလုပ်နေရတယ်။ တကယ်တော့ ပြည်သူတွေဆီက ငွေညစ်နေတဲ့အတိုင်းပဲ။ TNLA မှတ်ပုံတင်ကိုင်လို့ စကစဘက်ကိုဖြတ်ရင် အခမသင့်ရင် ဖမ်းခံရနိုင်တယ်။ တက်လာသမျှက ပြည်သူကို ကြည့်တဲ့ သူဆိုတာ မရှိဘူး” ဟု ကွတ်ခိုင်မြို့ခံ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နမ္မတူမြို့နယ်တွင် သျှမ်းလူမျိုး ၄၂.၅၃ရာခိုင်နှုန်း၊ ပလောင်လူမျိုး ၁၅.၄ ရာခိုင်နှုန်း နှင့် ဗမာလူမျိုး ၁၇.၃ရာခိုင်နှုန်း၊ ကွတ်ခိုင်မြို့နယ်တွင် ကချင်၂၃ရာခိုင်နှုန်ကျော်၊ ပလောင် ၂၄ရာခိုင်နှုန်းကျော် မုန်းဝန်းလူမျိုး ၂၈ရာခိုင်နှုန်းကျော်၊ နမ့်ခမ်းမြို့နယ်တွင် သျှမ်းလူမျိုး ၄၀.၉၄ရာခိုင်နှုန်း၊ ပလောင် ၃၄.၁၃ရာခိုင်နှုန်း၊ လီရှော ၁၅.၇၈ ရာခိုင်နှုန်း တို့ရှိကြောင်း ISP Myanmar ထုတ်ပြန်ထားသည့် စာရင်းအရသိရသည်။

ISP Myanmar စစ်တမ်း

ထို့ကြောင့် TNLA ထိန်းချုပ်ထားသည့် မြို့နယ် ၁၀ခုသည် သျှမ်းတိုင်းရင်းသား၊ ကချင်တိုင်းရင်းသားနှင့် ဓနုတိုင်းရင်းသားအများစုနေထိုင်သည့် နယ်မြေဖြစ်သည်။

ထို့အပြင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်သော ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ထိန်းချုပ်သည့်နယ်မြေလည်းဖြစ်သည်။

“TNLA ထိန်းချုပ်နယ်မြေတွေက ထိလွယ်ရှလွယ်နယ်မြေပါ။ အဓိကတော့ လူမျိုးရေး ပဋိပက္ခမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့လိုအပ်သလို။ ပြည်သူတွေကို ငဲ့ညှာဖို့လိုလည်းလိုတယ်။ TNLA မှတ်ပုံတင်လုပ်တာက ပြည်သူတွေ အတွက် ကောင်းတာလဲ။ ဘာအကျိုးရှိလဲ ဆိုတာ ထည့်စဉ်းစားဖို့လိုတယ်” ဟု သျှမ်းပြည်နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဉီးက မှတ်ချက်ပြုလိုက်သည်.

အလားတူ မေလ ၂၅ ရက်မှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် နမ့်ဆန်မြို့တို့တွင်လည်း TNLA ၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်၊ မော်တော်ယဉ် မှတ်ပုံတင် ကြီးကြပ်ရေးဌာနမှ အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ခရီးသည် တင်ကားနှင့် ကုန်တင်ကားများကို ယာဉ်လိုင်စင် ပြုလုပ်ပေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မော်တော်ယာဉ်လိုင်စင်အတွက် ကားအမျိုးအစားအလိုက် အခွန် ၂ သိန်းကျပ်မှ ၅ သိန်းကျပ်အထိ ပေးဆောင်ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...