လားရှိုးမြို့ စစ်ကောင်စီ လဝကရုံးတွင် ငွေပေးနိုင်သည့်တရုတ်များ မှတ်ပုံတင်အမြန်ရ၊ ဒေသခံများ အချိန်ကြာတန်းစီစောင့်ဆိုင်းရ

သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝကရုံးတွင် ငွေပေးနိုင်သည့် တရုတ်လူမျိုးများကို မှတ်ပုံတင်အမြန်ပြုလုပ်ပေးနေပြီး ဒေသခံများမှာ အချိန်ကြာ တန်းစီစောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။

မေလ (၁၉) ရက်မှ စတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်နှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန ရုံးလုပ်ငန်း စတင်လည်ပတ်ခဲ့ရာ လဝကရုံးဝန်ထမ်းများထံ ပွဲစားမှတဆင့် ငွေပေးနိုင်သည့် တရုတ်လူမျိုးများကို မှတ်ပုံတင် ဦးစားပေး ထုတ်ပေးနေသော်လည်း ဒေသခံများမှာ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရကြောင်း ကိုယ်တိုင်ကြုံရသူများက ပြောသည်။

“မှတ်ပုံတင်လုပ်ဖို့က မနက်အစောကြီး တန်းသွားစီရတယ်။ ၆ နာရီကျော်လောက်ကို လူရာချီ ဖြစ်နေပြီ၊ တန်းစီတဲ့အတိုင်းပဲ အလှည့်ရတာ။ အဲ့တော့ ဘယ်လိုလုပ်လဲဆိုရင် ပွဲစားနဲ့ ရုံးထဲက ဝန်ထမ်းနဲ့ ဖုန်းချိတ်ပြီးတော့ ငွေပေးဝင်ကြတာ။ တန်းစီစရာတောင် မလိုဘူး၊ အနောက်ပေါက်က ဝင်ရုံပဲ။ ပိုက်ဆံပေးနိုင်တာကလည်း တရုတ်တွေပဲလေ၊ ပေါက်ဈေးမြင့်တာပေါ့ မြန်မြန်လည်း ရတယ်”ဟု လားရှိုးလဝကရုံးတွင် မှတ်ပုံတင် သွားရောက်လဲလှယ်သည့် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တိုက်ပွဲအတွင်း ပျက်စီး/ပျောက်ဆုံးသွားသည့် အိမ်ထောင်စုစာရင်းများ၊ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြားများကို အသစ်မပြုလုပ်ပေးခြင်း မရှိသေးဘဲ အချို့မှာ ရုံးတွင်းမှတ်တမ်းဖိုင်တွင် မရှိတော့ကြောင်း ရုံးဝန်ထမ်းများက အကြောင်းပြ ပြောဆိုသည်ဟု သိရသည်။

“ကလေးကျောင်းတက်ဖို့ အိမ်ထောင်စုစာရင်း ပုံစံ (၁၀) လိုလို့ လဝကရုံးမှာ အသစ်သွားလုပ်တာ မလုပ်ပေးသေးဘူး။ တိုက်ပွဲထဲ စာရွက်စာတမ်းတွေ ပါကုန်လို့ ပြောတာကို မိတ္တူတောင်းတယ်၊ အဲ့တာပေးပြီး ရှာကြည့်တော့ ရုံးတွင်းမှတ်တမ်းထဲ မကျန်ဘူးလို့ ပြောတာ။ စမတ်ကတ် ဆိုရင်တော့ လုပ်ပေးတယ်ပြောတယ်”ဟု လားရှိုးမြို့မှ ကျောင်းသားမိခင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – လားရှိုးခရိုင်လဝကရုံးတွင် မှတ်ပုံတင်ပြုလုပ်နေစဉ် (၂၀၂၂ ပုံဟောင်း)

အလားတူ ယမန်နေ့ (မေလ ၂၇ ) ရက်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်နှင့် ကွမ်းလုံမြို့နယ်မှ ပြည်သူများလည်း စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့ ရုံးကြီးလမ်းရှိ ခရိုင်လဝကဦးစီးမှူးရုံးသို့ လာရောက်၍ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်နှင့် UID စမတ်ကတ်များ ပြုလုပ်နိုင်ကြောင်း ကြေညာထားသည်။

ထို့အပြင် လားရှိုးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှလည်း ပက်စ်ပို့စာအုပ်များကို လာမည့် ဇွန်လမှ စတင်ပြီး ထုတ်ပေးမည်ဖြစ်ကြောင်း ပွဲစားများက ပြောဆိုနေသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့ပေါ်သို့ တရုတ်အကူအညီဖြင့် စစ်ကောင်စီ ပြန်လည်ဝင်ရောက် တပ်စွဲခဲ့ပြီးနောက် မေလဆန်းပိုင်းမှ စတင်ကာ ပြည်သူ့ဆေးရုံ၊ လဝကရုံးနှင့် မြို့သန့်ရှင်းရေး စည်ပင်သာယာရေးဌာနတို့ လုပ်ငန်းလည်ပတ်ခဲ့ပြီး ယခင် ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းများကိုလည်း အစည်းအဝေး ခေါ်ယူခဲ့သည်။

မေလ ၂၂ ရက်မှ စတင်ပြီး စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့ပေါ်ရှိ အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ – လားရှိုးခရိုင်လဝကရုံးတွင် မှတ်ပုံတင်ပြုလုပ်နေစဉ် (၂၀၂၂ ပုံဟောင်း)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...