လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။

ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများမှ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“၁ နာရီကတည်းက မီးစလောင်တာကို ၂ နာရီလောက်အထိ မီးပြင်းနေတုန်း ဘယ်သူမှ အနားမကပ်ရဲဘူး။ အဲ့ဂိုထောင်ထဲမှာ ဆိုင်ကယ်အသစ်တွေလည်း ရှိတယ်ပြောတယ်။ ဘယ်လိုကြောင့် မီးလောင်တာလဲ မသိသေးဘူး၊ မီးသတ်ကားလည်း လာကူပေမယ့် မနိုင်တော့လို့ ပြန်သွားပြီ။ အဲ့နားက ရွာသားတွေပဲ မီးငြိမ်းကူပြီး ပစ္စည်းတွေ သယ်ထုတ်ပေးနေတာ” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ် လွယ်လွမ့်ကျေးရွာရှိ ဂိုထောင်မီးလောင်ကျွမ်းမှုတွင် မီးငြိမ်းသတ်ရန် မီးသတ်ကား မလုံလောက်သော်လည်း ညနေ (၄) နာရီခန့်တွင် ဒေသခံများမှ ဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး များပြားနိုင်ကြောင်း အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

အလားတူ မေလ ၁၆ ရက်တွင် လားရှိုးမြို့ ရပ်ကွက်(၂)၊ နယ်မြေ(၄)ရှိ ကုန်စုံဆိုင်တစ်ခုတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ကားနှစ်စီးနှင့် ဆိုင်ကယ်နှစ်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး မေလ ၉ ရက်ကလည်း ဆိုလာပြား မီးလောင်ခြင်းကြောင့် ကုန်စုံဆိုင်များ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် နေအိမ် သို့မဟုတ် ဆိုင်ခန်းများမှ မထွက်ခွာမီ လျှပ်စစ်မီးကြိုးများ၊ ပလပ်များ၊ ဖုန်းအားသွင်းကြိုးများ စသည့် လျှပ်စစ်ဝါယာကြိုး အမျိုးမျိုးကို သေချာစွာ ဖြုတ်သိမ်းရန် လိုအပ်ကြောင်း လားရှိုးမြို့နေ ကုန်စုံဆိုင် ရောင်းချသူများမှ သတိပေး ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...