သျှမ်းမြောက်တက်လာသည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ရပ်စောက် စစ်ကောင်စီ ဂိတ်ဖြတ်သန်းခွင့်မပြု

သျှမ်းပြည် ရပ်စောက်မြို့ စစ်ကောင်စီတပ်သည် ပြည်မမှ တက်လာသည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများကို ဂိတ်ဖြတ်သန်းခွင့်မပြုဘဲ ခရီးသွားလာခွင့် ကန့်သတ်နေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ပထမပတ်မှ စတင်၍ ရပ်စောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် သျှမ်းမြောက်သို့ ခရီးသွားမည့် ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးမှ အရပ်သား ခရီးသွားများကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

“စစ်ဘေးရှောင်တော့ မဟုတ်ဘူးဗျ၊ ဗမာပြည်ကနေ တက်လာတဲ့ဟာကိုပဲ စစ်တာ။ ၁၃ မျဉ်းစောင်း ဆိုရင်တော့ ပေးမပြန်ဘူးတော့ မဟုတ်ဘူး လိုလိုလားလားပဲ သွားလာခွင့် ပေးဖြတ်တယ်။ အဲ့မှာ ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း၊ ၉ မျဉ်းစောင်းတို့ တက်လာတယ်ဆိုရင်တော့ သူတို့က ဒီနားမှာ အထောက်အထား မရှိရင်တော့ ပြန်လွှတ်တယ် ပေးမဖြတ်ဘူး”ဟု ရပ်စောက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲ အပါအဝင် ဂိတ်စောင့်နေသည့် ရပ်စောက်မြို့အဝင်ဂိတ်၊ ၁၁ မိုင်ဂိတ်နှင့် ကျောက်ဂူကျေးရွာရှိ ဂိတ်များတွင် ခရီးသွားများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း သိရသည်။

“ရပ်စောက်မှာ ပိတ်တယ်၊ ၁၁ မိုင်မှာ ပိတ်တယ် သုံးနေရာ ဆက်တိုက်ပိတ်တယ်၊ အဲ့တာ စစ်တပ်ဘက်ကလေ စာသင်ကျောင်းနားမှာ စစ်ကြတာ။ ကျောက်ဂူမှာတော့ ဘာမှ သိပ်မမေးဘူး။ မေးရုံမြန်းရုံပဲ ဘာမှ တားထားတာ သိပ်မတွေ့ဘူး”ဟု တောင်ကြီးမြို့မှ နောင်ချိုမြို့သို့ ပြန်လာသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရပ်စောက်မြို့နယ်ရှိ ၎င်းစစ်ကောင်စီဂိတ်များတွင် ပြည်မမှ တက်လာသည့် ခရီးသွားများကို မှတ်ပုံတင် စစ်ဆေးကာ ကားပေါ်မှ ဆင်းခိုင်းပြီး လှည့်ပြန်ခိုင်းသည်အထိ ခရီးသွားလာခွင့် ကန့်သတ်နေခြင်းကြောင့် ကြိုတင်မေးမြန်းပြီးမှ သွားလာသင့်ကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လလယ်ခန့်မှ စတင်ပြီး ပြင်ဦးလွင်မြို့ ဇီးပင်ကြီး စစ်ကောင်စီဂိတ် တွင် ခရီးသွားကားများကို တင်းကြပ်စွာ စစ်ဆေးနေပြီး ၁၃ မျဉ်းစောင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူများကို ပြင်ဦးလွင်မြို့သို့ ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် နေရပ်ပြန် စစ်ရှောင်များက ပြောသည်။

ထို့အပြင် သျှမ်းပြည်အတွင်းမှ တိုက်ပွဲများကြောင့် သျှမ်းပြည် မှတ်ပုံတင်ကိုင်ဆောင်သူ ၁၃/ လူငယ်များကို သြဂုတ်လ ၁၈ ရက်မှ စတင်၍ ကရင်ပြည်နယ် ဘားအံမြို့ စစ်ကောင်စီဂိတ်များတွင် ဖြတ်သန်းသွားလာခွင့်မပြုဘဲ မြဝတီနှင့် ရွှေကုက္ကိုလ်သို့ရောက်ရှိနေသော သျှမ်းပြည်မှ လူငယ်အများအပြား နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...