၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများ ဘာကြောင့် ကန့်သတ်ခံနေရလဲ

ယခုလ ဒီဇင်ဘာအစောပိုင်းမှ စတင်ပြီး ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သည့် သျှမ်းပြည်သားများကို စစ်ကော်မရှင်ဘက်မှ ခရီးသွားလာခွင့်၊ ဟိုတယ်၊ တည်းခိုခန်းတို့တွင် တည်းခိုခွင့် ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည်။

သို့သော်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများအား မည်သည့်ကိစ္စကြောင့် ကန့်သတ်ကြောင်းကို သေသေချာချာ ဂဃနဏ မသိရှိရဘဲ ထင်မြင်ချက် အမျိုးမျိုး ထွက်ပေါ်လျက် ရှိနေသည်။

လက်ရှိကာလတွင် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများ အနေဖြင့် ခရီးသွားလာ၍ ရသော်လည်း ဟိုတည်တိုင်းတွင် တည်းခိုခွင့်မရဘဲ ကန့်သတ်ချက်များနှင့် တွေ့ကြုံနေရကြောင်း တောင်ကြီးမြို့ခံတစ်ဦးက ပြောသည်။

“ရွေးကောက်ပွဲ နီးလာလို့လားတော့ မသိဘူး၊ အခုက သွားတာလာတာနဲ့ ခက်ခဲရှိတယ်။ သွားလာလို့တော့ ရတယ်၊ ၁၃/တွေဆို ဟိုတယ်တိုင်းမှာ တည်းဖို့ ခွင့်မပြုဘူး” ဟု တောင်ကြီးဒေသခံ အဆိုပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ကန့်သတ်လာခြင်းသည် စစ်အုပ်စု အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များကို ဖမ်းဆီးမှု၊ မကြာခင် ကျင်းပတော့မည့် ရွေးကောက်ပွဲများနှင့်လည်း ဆက်စပ်မှုရှိနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ ခရီးသွားမည့် ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်ထားသူ တစ်ဦးသည် ကားခ သိန်း ၄၀ ပေးဆောင်ရသည့် သတင်းမျိုး ကြားသိရပြီး မှတ်ပုံတင်အတု ဖမ်းမိသည့် ကိစ္စများဖြင့်လည်း ဆက်စပ်နိုင်ကြောင်း သျှမ်းပြည်သားတစ်ဦးက ပြောသည်။

“တကယ်လို့ ကရင်ပြည်နယ်နဲ့ အသွားအလာကို အရမ်းစစ်နေတယ် ဆိုရင်တော့ ဟိုတလောက မှတ်ပုံတင်အတု ဖမ်းမိတဲ့ကိစ္စနဲ့ ဆိုင်မယ်လို့ ထင်တယ်။ မှတ်ပုံတင်အတုက တော်တော်များမယ်လို့ ထင်တယ်” ဟု‌ အဆိုပါ အမျိုးသားက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က သျှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစကားမတတ်၊ တိုင်းရင်းသားစကား မတတ်သည့် တရုတ်လူမျိုးများကို စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) ဝန်ထမ်းများမှ ငွေကြေးအများအပြား လာဘ်ယူ၍ နိုင်ငံသားမှတ်ပုံတင် ပန်းရောင်ကတ် ထုတ်ပေးသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။

၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်ထားသူများသာမက သျှမ်းပြည်သို့ လာရောက်သည့် ၂ မျဉ်းစောင်း၊ ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်း စသည့် ကရင်နီ(ကယား)၊ စစ်ကိုင်း၊ မကွေး မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုလည်း စစ်ကော်မရှင်ဘက်မှ စစ်ဆေးတင်းကြပ်ပြီး သွားလာမှု ကန့်သတ်ခြင်းများ တွေ့ရကြောင်း၊ လက်ရှိကာလတွင် သူ့ဒေသ ကိုယ့်ဒေသ အပြိုင်အဆိုင် စစ်ဆေးနေသလို ဖြစ်နေကြောင်း ၅ မျဉ်းစောင်း စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတစ်ဦးက ပြောသည်။

ယခုလ အစောပိုင်းက ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူ သျှမ်းပြည်သားများအား ဘားအံမြို့၊ မော်လမြိုင်မြို့ပေါ်နှင့် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် တင်းကြပ်စွာ စစ်ဆေးနေသကဲ့သို့ မြို့ပေါ်ရှိ တည်းခိုခန်း၊ ဟိုတယ်တို့တွင်လည်း စစ်ကော်မရှင် လက်အောက်ခံများမှ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ရှိခဲ့သည်။

အလားတူ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများအား ရန်ကုန်မြို့အဝင် စစ်ကော်မရှင် လုံခြုံရေးဂိတ်များတွင် စစ်ဆေးမှုများ ရှိနေကြောင်း ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

“ကျနော့်သမီး ရန်ကုန်ဆင်းပြီးတော့ ဗီဇာကိစ္စ နှစ်ခေါက်သွားတာ၊ ပထမတစ်ခေါက်ကတော့ ဘာမှ မဖြစ်လိုက်ဘူး။ ဒုတိယတစ်ခေါက်ကြတော့ ရန်ကုန်အဝင်မှာ စစ်ဆေးရေးဂိတ်တွေ ရောက်ခါနီးကျတော့ ပြောတယ်။ ဒီကားမှာ ၁၃ မျဉ်းစောင်း နှစ်ယောက်ပါလာတယ်၊ သူတို့ ခေါ်စစ်ဆေးရင် ဆင်းသွားပြီး အကျိုးအကြောင်း ပြောပြလိုက်ပါဆိုပြီး ကားစပါယ်ယာက ပြောတယ်တဲ့။ ပိုက်ဆံက ၃၀၀၀ ကျပ် ပေးရမယ်ဆိုပြီး ပြောတယ်၊ ဒီကိစ္စမှာ ပြောချင်တာကတော့ ကျနော်တို့ ၁၃ မျဉ်းစောင်းကို ဘာလို့ အဲဒီလို တင်းကြပ်ရတာလဲ ဆိုတာပဲ။ အဲဒီလို တင်းကြပ်တော့ရော သူတို့အတွက် ဘာရသွားသလဲ ဆိုတာပါပဲ” ဟု အဆိုပါ ကျောက်မဲမြို့ခံတစ်ဦး ရှင်းပြသည်။

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသည့် သျှမ်းပြည်သားများအား ခရီးသွားလာမှု ကန့်သတ်ခြင်း၊ တည်းခိုခန်း၊ ဟိုတယ် တည်းခိုခွင့် ကန့်သတ်ခြင်းတို့နှင့် ပတ်သက်၍ စစ်အုပ်စုဘက်က တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မတွေ့ရပေ။

စစ်အုပ်စုသည် ယခင်က ၅ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသည့် စစ်ကိုင်းတိုင်းမှ ပြည်သူများ နှင့် ၁၁ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသည့် ရခိုင်ပြည်နယ်မှ ပြည်သူတို့အား ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသည့် သျှမ်းပြည်သားများကဲ့သို့ ကန့်သတ်မှုများ ရှိခဲ့သည်။

အဆိုပါ စစ်အုပ်စု၏ ခရီးသွားလာမှု ကန့်သတ်ခြင်း၊ တည်းခိုခန်း၊ ဟိုတယ် တည်းခိုခွင့် ကန့်သတ်ခြင်းတို့နှင့် ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်နေပြီး နိုင်ငံသားတို့၏ အခွင့်အရေးအား မပိတ်ပင်သင့်ကြောင်း ပြောဆိုမှုများ ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

ချင်းရိုင် ကျောင်းထိုင်ဆရာတော်တစ်ပါး ဘတ် ၉ သန်းနီးပါး အွန်လိုင်းငွေလိမ်ခံရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်တွင် နာမည်ကျော်ကြားသော ကျောင်းထိုင်ဆရာတော်တစ်ပါးထံ Call Center ငွေလိမ်ဂိုဏ်းတခုက ငွေ ဘတ် ၉သန်း နီးပါး လိမ်လည်သွားကြောင်း ချင်းရိုင်းသတင်းတွင် ဖော်ပြထားသည်။ ထိုငွေများသည့် ကျောင်းတိုက်၏ ဘဏ်အကောင့်ရှိ ငွေကြေးများဖြစ်ပြီး၊ ကျောင်းတိုက်၏ ဘဏ်အကောင့်များအတွင်းရှိ ငွေကြေးအားလုံးနီးပါး ဆုံးရှုံးခဲ့ရသဖြင့် ကျောင်းထိုင်ဆရာတော်အဖြစ်မှ နုတ်ထွက်ရကြောင်း သိရသည်။ ယခုဖြစ်စဉ်သည်...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...