သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက် ပန်စင်ကျေးရွာအနီးရှိ မိုးကာတဲများဖြင့် ဆောက်လုပ်ထားသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းနေရာကို သတင်းပေးတိုင်ကြားမှုအရ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။

အဆိုပါ ကျားဖြန့်နေရာသို့ စစ်ကော်မရှင်တပ် သွားရောက်စစ်ဆေးစဉ် မိုးကာတဲအတွင်းရှိ လက်နက်ကိုင်နှစ်ဦးနှင့် အပြန်အလှန် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် SSPP/SSA တပ်ဖွဲ့ဝင် (၃) ဦးတို့ကို လက်နက်နှင့်တကွ ဖမ်းဆီးခဲ့ပြီး အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား (၅) ဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး (၁) ဦးတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“နမ့်လန်အထွက်မှာပဲ၊ အရပ်ဝတ်နဲ့ တရုတ် ကျားဖြန့်ကို ခိုးပို့ရင်းနဲ့ မိတာ ထင်တယ်။ တိုက်ပွဲဖြစ်တာတော့ မကြားမိဘူး။ ကျောက်မဲဘက်က အကျန်တွေ ဖြစ်ဖို့များမယ်ထင်တယ်။ အဖမ်းပြတယ်ဆိုတာ အောက်ကလူတွေလောက်ပဲ ဖမ်းပြတာလေ၊ အကြီးပိုင်းတွေကို နေရာပြောင်းပေးပြီး ပြန်လုပ်ကြတာပေါ့။ အများကြီး ကျန်သေးတယ်ထင်တယ်”ဟု နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ဖမ်းဆီးရမိသူများကို ကနဦး စိစစ်ဖော်ထုတ်ချက်အရ နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသူ (၂၀၀) ဦးခန့်ရှိပြီး ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် ထွက်ပြေးသွားခဲ့ကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ကျားဖြန့်လုပ်ကိုင်သူများ နေထိုင်အသုံးပြုလျက်ရှိသော မိုးကာတဲကြီး (၁၇) လုံး၊ ကင်းတဲငယ်များ၊ ကွန်ပျူတာ ၈၀ လုံးခန့်၊ ဖုန်းမျိုးစုံ ၁၆၀ လုံး၊ IPad ၁၀ လုံး၊ Starlink ဗန်း ၁၉ ခု၊ ကား (၃) စီး၊ မီးစက်များ၊ Router ၊ Modern Stick စသည့် ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သီပေါမြို့နယ်အတွင်း ကျားဖြန့်လုပ်ကိုင်သူများနှင့်အတူ SSPP/SSA တပ်ဖွဲ့ဝင် (၃) ဦးကို စစ်ကော်မရှင်ဘက်မှ ဖမ်းဆီးသွားခဲ့ခြင်းနှင့် ပတ်သက်၍ အတည်ပြု မေးမြန်းနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန် ထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းအဆက်အသွယ် မရရှိခဲ့ပါ။

“ပြီးခဲ့တဲ့တစ်ခေါက်က ကျားဖြန့်တိုက်ဖျက်မယ် ဘာညာနဲ့ ပြောသေးတာလေ၊ ထုတ်ပြန်ချက်နဲ့ လက်တွေ့က တခြားစီ ဖြစ်နေတာ။ ပြီးတော့ KTV ကိစ္စလည်း အဲ့လိုပဲ ခုထိ ဖွင့်နေသေးတာပဲ။ ကျားဖြန်ဆိုလည်း အများကြီး ရှိသေးလောက်တယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကရော တပ်ဘက်ကရော လျှို့ဝှက်ထားပေးပြီးတော့ ဝင်ငွေရှာနေကြတာပေါ့”ဟု နမ့်လန်မြို့မှ အဆိုပါ ဒေသခံ အမျိုးသားက ထပ်လောင်းပြောသည်။

ယခုလဆန်းပိုင်းတွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စု ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့် လုပ်ငန်းနေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ၊ လူနေအဆောက်အအုံများ ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာလ ၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းမတိုင်မီ နိုဝင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု တောတွင်းတစ်နေရာရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်မှ မြေပြင်ထိုးစစ်ဆင် ဝင်ရောက်လာခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၈) ရက်မှ (၁၃) ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် SSPP ၏ ပဉ္စမအကြိမ်မြောက် ပါတီကွန်ဂရက် အစည်းအဝေးကြီးတွင် ရလဒ်(၅) ချက် ထုတ်ပြန်ခဲ့ရာ ၎င်းတို့ထိန်းချုပ်နယ်မြေ၊ အိမ်နီးချင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ လူမှုအသိုင်းအဝိုင်း အကျိုးစီးပွားကို ထိခိုက်စေသည့် အွန်လိုင်းငွေကြေး လိမ်လည်မှုများ မရှိစေရေးနှင့် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးတို့ကို အထူးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ နိုဝင်ဘာလ (၃) ရက်တွင်လည်း SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းနှင့် မပတ်သက်ရန် အောက်ခြေတပ်သားများကို အမိန့်စာ ထပ်မံထုတ်ပြန်ခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူများကို လက်ခံထားပါက (၇) ရက်အတွင်း ဖယ်ရှားရန် သတိပေးထားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်

0
သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်‌”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က  စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း  ငး တောင်ကြီးမြို့...