သျှမ်းမြောက်လမ်းပိုင်းအား စစ်ကော်မရှင်နှင့် MNDAA အပြန်အလှန်ပိတ်ဆို့၍ လူထုအခက်ကြုံ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ဖိအားပေးမှုကြောင့် နှစ်ဘက်စစ်ရေး ပြန်လည်တင်းမာလာပြီး အပြန်အလှန် လမ်းပိတ်ဆို့မှု များကြောင့် ပြည်သူများ သွားလာရေးခက်ခဲနေကြောင်း စုံစမ်းသိရသည်။

သီပေါမြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ်သည် MNDAA နှင့် နှစ်ဘက်စစ်ရေး တင်းမာမှု ကြောင့် သီပေါတံတားကြီးကို နိုဝင်ဘာလ ၁၄ ရက်မှစတင်၍ ယနေ့ (နိုဝင်ဘာ ၁၉ ရက်) အထိ တစ်ပတ်နီးပါး အကြာ ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ပြီး ပြန်လည်ဖွင့်လှစ်ပေးခြင်း မရှိသေးကြောင်း မန္တလေး-လားရှိုး ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းများက ပြောသည်။

ထို့ကြောင့် လားရှိုးမြို့နှင့် မူဆယ်မြို့ဘက်သို့ သွားရောက်လိုသူများသည် ကျောက်မဲမြို့မှတစ်ဆင့် သီပေါမြို့ကို ရှောင်ကွင်း၍ တာလုံ-နားမခေါ် လမ်းပိုင်းပေါ်မှ နမ္မတူမြစ်ကို ဇက်ရေယာဉ်ဖြင့် ဖြတ်ကူးကာ နမ့်လန်၊ မိုင်းရယ်မြို့ဘက်မှ တဆင့်သွားရခြင်းကြောင့် လမ်းခရီး ကြန့်ကြာပြီး ငွေကြေးကုန်ကျမှုလည်း များလာကြောင်း ခရီးသွားများထံမှ သိရသည်။

“တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကုန်လုံးက သံသယတွေနဲ့လေ။ သူတို့ ဒီလို လုပ်ချင်ရာ လုပ်နေကြတော့ ပြည်သူတွေက ဒုက္ခရောက်ကုန်တာ။ အခုက အသွားအလာ ပြန်ခက်သွားတာ။ ပုံမှန် နေ့တစ်ပိုင်း မောင်းရတဲ့ခရီးကို တကွေ့တပတ် သွားနေရတော့ ခရီးသည်ရော ကားသမားပါ အခက်အခဲ ဖြစ်တယ်။ အချိန်ကုန်၊ လူပမ်းဖြစ်ရတယ်၊ လမ်းစရိတ်တက်ပြီး ငွေပိုကုန်တယ်” – ဟု မန္တလေး-လားရှိုး ခရီးစဉ်ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိတွင် သီပေါတံတားကြီးကို စစ်ကောင်စီတပ်နှင့် MNDAA နှစ်ဖက် အပြန်အလှန် ပိတ်ထားခြင်း ကြောင့် သီပေါနှင့် လားရှိုးအကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှ ယာဉ်ကြီးယာဉ်ငယ်များ သွားလာ၍ မရသေးကြောင်း ခရီးသွားများထံမှလည်း သိရသည်။

“အခု MNDAA ဆိုလည်း ဒီလားရှိုးမှာ ဟိုယဘက်၊ နမ့်ပေါင်ဘက် ပြန်ပြီးတော့ ဖြစ်နေတာ။ စစ်တပ်ကလည်း လားရှိုးနဲ့ သီပေါကြား အဲဒါကို လိုချင်တာ။ အဲဒါရမှ လားရှိုးပတ်ဝန်းကျင်နဲ့ ကျောက်မဲ၊ သီပေါ တိုက်ရိုက်ဖြစ်သွားမယ်၊ မန္တလေးကနေ လားရှိုးထိ အဲဒီလိုပေါ့။ တချို့လည်း လကုန်အထိ ပြန်မဖွင့်လောက်ဘူး ပြောနေကြလို့ စုံစမ်းပြီးမှ သွားလာဖို့ လိုတယ်” – ဟု အဆိုပါ ယာဉ်မောင်းက အကြံပြုသည်။

အလားတူ သီပေါ-မိုင်းရယ် လမ်းပိုင်း နှင့် နမ့်လန်-ကျောက်ဂူ-ရပ်စောက် လမ်းပိုင်း တို့ကိုလည်း စစ်ကော်မရှင်တပ်က နိုဝင်ဘာလ ၁၄ ရက်မှ စ၍ ယနေ့အထိပိတ်ထားခဲ့ခြင်းကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ပြီး ကုန်ဈေးနှုန်း မြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။

လားရှိုး-သီပေါကြား အခြေချ လှုပ်ရှားနေသည့် MNDAA နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေစဉ်အတွင်း MNDAA မှ ဖမ်းဆီးထားသော စစ်သုံ့ပန်း (၂၀၀) ကျော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့သော်လည်း နှစ်ဘက်ကြား စစ်ရေးတင်းမာမှုများ မပြေလည်သေးကြောင်း သိရသည်။

တရုတ်ဖိအားကြောင့် MNDAA မှ လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို ဧပြီလအတွင်း စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့သော်လည်း မြို့နှင့် ၄ မိုင်ပတ်လည် ကျေးရွာများတွင် ဆက်လက်နေရာယူ တပ်စွဲထားဆဲဖြစ်သည်။

သီပေါမြို့ကို TNLA တပ်ဖွဲ့ထံမှ စစ်ကောင်စီတပ် ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ-လားရှိုးလမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ် လမ်းပိုင်းများမှ MNDAA တပ်ဆုတ်ခွာရန် ယခုလဆန်းတွင် တောင်းဆိုခဲ့ရာ ဆွေးနွေးမှု အဆင်မပြေဘဲ နှစ်ဘက်စစ်ရေးတင်းမာကာ အပြန်အလှန် လမ်းပိတ်ထားခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...