Tuesday, January 27, 2026

သီပေါ

သီပေါအထိ တရုတ်နံပတ်ပြားတပ် ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ယူပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် ရောင်းချ

သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းအထိ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ ကျောက်မီးသွေး လာရောက်သယ်ဆောင်ပြီး ချင်းရွှေဟော်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် ယမန်နှစ် စက်တင်ဘာလမှ စတင်ပြီး သီပေါမြို့နယ်ရှိ ငွေရည်ပုလဲ ကုမ္ပဏီ တူးဖော်နေသည့် နမ္မကျောက်မီးသွေးတွင်းသို့ တရုတ်နံပတ်ပြားတပ် ကုန်တင်ကားကြီးများ...

စစ်ကျန်လက်နက် ရှာကောက်ပြီး ဝမ်းရေးဖြေရှင်းနေရသည့် “၁၀၂၇ စစ်ဆင်ရေး”နယ်မြေက ပြည်သူများ

သျှမ်းပြည်မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားခဲ့သော သီပေါနှင့် သိန္နီမြို့နယ်ရှိ ပြည်သူများသည် စစ်လက်နက် အကြွင်းအကျန်များကို ရှာဖွေကောက်ယူပြီး ပြန်လည်ရောင်းချကာ မိသားစု ဝမ်းရေးအတွက် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော သီပေါမြို့နယ်ရှိ ပြည်သူများသည် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပွားနေသဖြင့်...

သီပေါမြို့နယ် MNDAA ထိန်းချုပ် ကျေးရွာအားလုံးနီးပါး လောင်းကစားရုံ ဖွင့်လှစ်လာ

သျှမ်းပြည် သီပေါမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာများတွင် လောင်းကစားရုံ ဖွင့်လှစ်မှု သိသိသာသာ များပြားလာကြောင်း စုံစမ်းသိရသည်။ ၂၀၂၅ နှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင်ပြီး သီပေါမြို့နယ် အရှေ့မြောက်ဘက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကုန်းသာ၊ နောင်အန်၊ ပန်မိတ်နှင့် နမ့်ရမ်း ကျေးရွာအုပ်စုရှိ...

သီပေါမြို့နယ် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား ၂ ဦးသေဆုံး၊ မိသားစုဝင် ၄ ဦး ဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့နယ် ကုံးစုံရွာတွင် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား (၂) ဦး သေဆုံးကာ မိသားစုဝင် (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) နံနက် ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...

သီပေါမြို့ဝင်ဆိုင်းဘုတ် ဆေးရောင်ပြောင်းခြင်း TNLA စည်ပင်သာယာရေးက ဆောင်ရွက်ခြင်းဖြစ်

သျှမ်းပြည် သီပေါမြို့ရှိ မြို့ဝင်ဆိုင်းဘုတ် ဆေးရောင်ပြောင်းခြင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၇) ရက် သျှမ်းပြည်အမျိုးသားနေ့တွင် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မြို့ဝင်ဆိုင်းဘုတ်ရှိ သျှမ်း၊ အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသော သီပေါမြို့အမည်စာလုံးများ ဖျက်ဆီးခံရပြီး သျှမ်းပြည်အလံရှိ...

“သျှမ်းပြည်အမျိုးသားနေ့” TNLA ထိန်းချုပ် သီပေါမြို့ဝင်ဆိုင်းဘုတ် သျှမ်း၊အင်္ဂလိပ် အမည်စာလုံး ဖျက်ဆီးခံရ၊ သျှမ်းပြည်မြေပုံ အရောင်ပြောင်းဆေးခြယ်

သျှမ်းပြည် သီပေါမြို့အဝင် ဆိုင်းဘုတ်ရှိ သျှမ်း၊အင်္ဂလိပ် ဘာသာဖြင့် ရေးထိုးထားသော သီပေါမြို့အမည်စာလုံး ဖျက်ဆီးခံရပြီး သျှမ်းပြည်အလံရှိ ဝါစိမ်းနီ အရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံလည်း အရောင်ပြောင်း ဆေးခြယ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) နံနက်ပိုင်းမှ စတင်၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...

ဖုန်းအသုံးပြုသည့် သီပေါဒေသခံ (၄၀)ကျော် TNLA ဖမ်းဆီး

သျှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံအရွယ်စုံ (၄၀) ဦးထက်မနည်းကို ဖုန်းအသုံးပြုသည့် အကြောင်းပြချက်ဖြင့် TNLA တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ပထမပတ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထားသည့်ကြားက ဖုန်းပြောဆို ဆက်သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာရှိ ဒေသခံ အရွယ်စုံ...

သီပေါမြို့တွင် မပေါက်ကွဲသေးသည် စစ်လက်ကျန်ပစ္စည်း ကိုင်တွယ်မိရာ ပေါက်ကွဲပြီး နှစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မပေါက်ကွဲသေးသည် စစ်လက်ကျန်ပစ္စည်း ကိုင်တွယ်မိရာ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား နှစ်ဦးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်)နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာတွင်းရှိ အမျိုးသား နှစ်ဦးသည် မပေါက်ကွဲသေးသော...

သီပေါမြို့ တိုက်ပွဲငြိမ်သက်သော်လည်း ဒေသခံများ နေရပ်မပြန်ရဲကြသေး

သျှမ်းပြည် သီပေါမြို့နယ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း လက်ရှိအချိန်ထိ ဒေသခံများ နေရပ်ပြန် နေထိုင်ရန် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၃) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် ခလရ-(၂၃) တပ်ရင်းကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။ သီပေါမြို့အတွင်း၌...

ဆောင်းဝင်စချိန် ကျေးသီးမြို့ရောက် စစ်ဘေးရှောင် ၅၀၀ ကျော် အနွေးထည်၊ စောင်များ လိုအပ်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်အတွက် စောင်နှင့် အနွေးထည်များ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ ဘေးလွတ်ကင်းရာ မြို့၊...

Latest news