သီပေါမြို့နယ် MNDAA ထိန်းချုပ် ကျေးရွာအားလုံးနီးပါး လောင်းကစားရုံ ဖွင့်လှစ်လာ

သျှမ်းပြည် သီပေါမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာများတွင် လောင်းကစားရုံ ဖွင့်လှစ်မှု သိသိသာသာ များပြားလာကြောင်း စုံစမ်းသိရသည်။

၂၀၂၅ နှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင်ပြီး သီပေါမြို့နယ် အရှေ့မြောက်ဘက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကုန်းသာ၊ နောင်အန်၊ ပန်မိတ်နှင့် နမ့်ရမ်း ကျေးရွာအုပ်စုရှိ ကျေးရွာတိုင်းနီးပါးတွင် MNDAA တပ်ဖွဲ့ဝင်များမှ ဦးဆောင်ကာ လောင်းကစားရုံ လိုက်လံဖွင့်လှစ်နေကြောင်း ဒေသခံများက ပြောသည်။

“အခုက ကိုးကန့်တပ် ထိန်းထားတဲ့ ရွာတွေမှာ လောင်းကစားရုံတွေ တစ်ရွာပြီးတစ်ရွာ လိုက်ဖွင့်နေတာ။ စစ်သားတွေကိုယ်တိုင် နေရာလာရှာပြီးတော့ လောင်းကစားရုံဖွင့်ဖို့ အိမ်လာငှားကြတာ။ ကုန်းသာရွာဘက်ကနေ စပြီးတော့ ပန်ညုရွာဘက်အထိ ရွာတိုင်းနီးပါး လောင်းကစားရုံ ဖွင့်ထားပြီ”ဟု သီပေါဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ် ၂၀၂၄ ဩဂုတ်လတွင် နောင်ကော်ကြီးရွာ အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၁၄၇) ကို ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်နိုင်ခဲ့ပြီးနောက် (၆) လအတွင်း သီပေါမြို့နယ် အရှေ့မြောက်ဘက်ရှိ ကျေးရွာတိုင်းနီးပါးတွင် လောင်းကစားရုံများ ဖွင့်လှစ်လာခြင်းဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့မှ တရုတ်နှစ်သစ်ကူးပွဲ အကြောင်းပြကာ ယင်းကာလ မတိုင်ခင်ကတည်းက ကုန်းသာ၊ နောင်အန်၊ ပန်ညု စသည့် ရွာကြီးများတွင် ဂုံးဂင်းဝိုင်းများ ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်ထိ ပိတ်သိမ်းခြင်း မရှိသေးကြောင်း သိရသည်။

ထို့အပြင် ကိုးကန့်တပ်သားများမှ နမ့်ရမ်းကျေးရွာအုပ်စုထဲရှိ ကျေးရွာများတွင် လောင်းကစားဝိုင်း ထပ်မံဖွင့်လှစ်ရန် နေရာလာရောက် ရှာဖွေနေကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်ပြီးတာ မကြာသေးဘူး အခု ဂုံးဂင်းဝိုင်းလို လောင်းကစားတွေပါ ရောက်လာတော့ ရွာသားတွေ အကျင့်ပျက်ပြီး မွဲကုန်ကြတော့မှာ။ လောင်းကစားလုပ်တဲ့လူက စစ်သားတွေဆီ အကြွေးတင်ပြီးရင် နောက်ပိုင်း သူတို့က အိမ်တွေ ခြံတွေ သိမ်းတဲ့အထိ ဖြစ်လာမှာ။ လောင်းကစား ရှိရင်တော့ ထုံးစံအတိုင်း သူခိုးဓားပြ ပေါလာမယ်၊ သားမယားလည်း ဒုက္ခရောက်မယ်”ဟု သီပေါဒေသခံ ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ပုံစာ – MNDAA ထိန်းချုပ် လားရှိုးမြို့ရှိ လောင်းကစားဝိုင်းများ

အလားတူ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင်လည်း မတ်လ (၇) ရက်မှ (၁၃) ရက်အထိ တစ်ပတ်ကြာ ကျင်းပမည့် မန်ဆူဘုရား တပေါင်းပွဲကို အကြောင်းပြကာ မြို့လယ်ခေါင်တွင် လောင်းကစားဝိုင်းများ ထပ်မံဖွင့်လှစ်ခွင့်ပြုမည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင် သီပေါမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် နားမခေါ်ကျေးရွာ အနောက်ဘက်ခြမ်းတွင် အမည်၊ နေရပ် မသိရသည့် မိန်းကလေးငယ် (၃) ဦးကို အဝတ်အစား မပါဘဲ အသတ်ခံထားရပြီး အလောင်းစွန့်ပစ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းတွင် သီပေါမြို့ပေါ်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး သီပေါမြို့ အရှေ့မြောက်ဘက် နမ့်လန်နှင့် မိုင်းရယ်အကြား ကားလမ်းမတလျှောက် ကျေးရွာများကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားသည်။

ပုံစာ – MNDAA ထိန်းချုပ် လားရှိုးမြို့ရှိ လောင်းကစားဝိုင်းများ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...