သီပေါမြို့ဝင်ဆိုင်းဘုတ် ဆေးရောင်ပြောင်းခြင်း TNLA စည်ပင်သာယာရေးက ဆောင်ရွက်ခြင်းဖြစ်

သျှမ်းပြည် သီပေါမြို့ရှိ မြို့ဝင်ဆိုင်းဘုတ် ဆေးရောင်ပြောင်းခြင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ (၇) ရက် သျှမ်းပြည်အမျိုးသားနေ့တွင် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မြို့ဝင်ဆိုင်းဘုတ်ရှိ သျှမ်း၊ အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသော သီပေါမြို့အမည်စာလုံးများ ဖျက်ဆီးခံရပြီး သျှမ်းပြည်အလံရှိ ဝါစိမ်းနီ အရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံလည်း အရောင်ပြောင်း ဆေးခြယ်ခံလိုက်ရသည်။

ယခုကဲ့သို့ သီပေါမြို့ဝင်ဆိုင်းဘုတ် ဆေးရောင်ပြောင်းခြင်းကို TNLA လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး TNLA ဗဟိုမှ ညွှန်ကြားချက်မဟုတ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ဖြေကြားသည်။

“ဒီဟာကို သေချာလေး ပြန်စုံစမ်းလိုက်တဲ့အချိန်မှာ သီပေါမြို့မှာရှိတဲ့ အဝင်ဆိုင်းဘုတ် မုခ်ဦးကို ကျမတို့ မြို့နယ်စည်ပင်သာယာရေးက ဆောင်ရွက်တာ ဖြစ်ပါတယ်။ လက်ရှိကတော့ မြို့နယ်စည်ပင်သာယာရေးကတော့ မြို့အဝင်မှာရှိတဲ့ ကျေးရွာဖွံ့ဖြိုးရေးနဲ့ ဆိုင်းဘုတ်မှာရှိတဲ့ သူ့ရဲ့ အရောင်ကာလာတွေကို ပြန်လည်မွမ်းမံတာ ဖြစ်ပါတယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

TNLA လက်အောက်ခံ စည်ပင်သာယာရေးမှ သီပေါမြို့ဝင်ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေကြောင်း သိရသော်လည်း မူလအတိုင်း သျှမ်း၊ အင်္ဂလိပ်စာလုံးများ ပြန်လည်ရေးသားသည်ကို မတွေ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ယခင် သီပေါမြို့ဝင်ဆိုင်းဘုတ်

“တခြားသောဟာတွေ ပယ်ဖျက်တာမျိုး၊ အခြား သျှမ်းစာတွေ ပယ်ဖျက်တာမျိုးတွေတော့ မရှိသေးပါဘူး၊ ကျမတို့ ဗဟိုကလည်း အဲ့လို ညွှန်ကြားတာမျိုးတွေ မရှိသေးပါဘူး။ ပြင်ဆင်နေတုန်းပါ”ဟု လွေးယေဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

TNLA အနေဖြင့် သီပေါမြို့ကို ထိန်းချုပ်နိုင်ပြီးနောက် မြို့ဝင်မုခ်ဦးအား ဒေသခံပြည်သူများ၏ သဘောထားဆန္ဒမပါရှိဘဲ လူမျိုးစုတစ်ခုတည်းကို ကိုယ်စားပြုသော ပုံသဏ္ဍာန်ပြောင်းလဲမှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း သျှမ်းအရပ်ဘက်အင်အားစုများက ဖေဖော်ဝါရီ (၈) ရက်တွင် ထုတ်ပြန်ထားသည်။

“ဒီလိုလုပ်ရပ်တွေ မြင်နေရတော့ စိတ်မကောင်းဘူး၊ လက်အောက်ငယ်သားတွေ လုပ်တာကို အထက်လူကြီးတွေ မသိရကောင်းလားပေါ့။ အင်အားကြီးတယ်လို့ ပြောလို့ရတဲ့ ပါတီ အဖွဲ့အစည်းတွေလည်း သူတို့ကို မထောက်ပြနိုင်ဘူးဆိုတော့လေ။ ဒေသခံတွေကို လူရာမသွင်းတာလည်း ပါတာပေါ့၊ သီပေါမြို့သမိုင်းအတွက် ဝမ်းနည်းဖို့ ကောင်းတယ်”ဟု သီပေါမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် TNLA အနေဖြင့် သီပေါမြို့ဝင်ဆိုင်းဘုတ်အား မူလပုံသဏ္ဍာန်အတိုင်းသာ ထားရှိရန်နှင့် ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန်နေသည်ကို လုံးဝ ရပ်တန့်ပေးရန်လည်း သျှမ်းအရပ်ဘက်အင်အားစုများက၏ ထုတ်ပြန်ကြေညာချက်တွင် တောင်းဆိုထားသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း TNLA ထိန်းချုပ်ထားနိုင်သည့် နယ်မြေများတွင် ဒေသခံများ၏ သဘောဆန္ဒ မပါဘဲ မြို့ရွာဆိုင်းဘုတ်များကို အရောင်ပြောင်း ဆေးခြယ်ခြင်း၊ တအာင်း(ပလောင်) ဘာသာဖြင့် အစားထိုးရေးသားခြင်းများကို သီပေါမြို့၊ မိုင်းငေါ့မြို့၊ ကွတ်ခိုင်မြို့နှင့် မိုင်းယုကျေးရွာတို့တွင် လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...