သီပေါမြို့နယ် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား ၂ ဦးသေဆုံး၊ မိသားစုဝင် ၄ ဦး ဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့နယ် ကုံးစုံရွာတွင် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား (၂) ဦး သေဆုံးကာ မိသားစုဝင် (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) နံနက် ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ် ကုံးစုံရွာတွင် နေအိမ်ထဲ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး အပါအဝင် (၂) ဦး သေဆုံးပြီး မိသားစုဝင် (၃) ဦးနှင့် ကလေး တစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။

သီပေါမြို့နယ် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်

“နမ့်မော်လုံဘက် နေအိမ်ထဲ ပေါက်ကွဲမှုဖြစ်တာ၊ အိမ်သားအကုန်ထိတယ်။ ယောကျ်ားတစ်ယောက်၊ မိန်းမတစ်ယောက် ဆုံးတယ်။ ကလေးနဲ့ တခြားထိတဲ့လူကြီးတွေကို ဆေးခန်းခေါ်သွားတုန်း၊ ကုံးစုံက လတိုင်းလိုလို ဗုံးထိနေတာ။ ရွာထဲ ”ဟု သီပေါမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်

ကုံးစုံရွာရှိ နေအိမ်အတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ် အသေးစိတ်ကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေပြီး လက်ရှိတွင် ထိခိုက်ဒဏ်ရာရသည့် ကလေးငယ်ကို သီပေါမြို့နယ် နယ်စည်းမခြား ပရဟိတအဖွဲ့ ဆေးခန်းသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

သီပေါမြို့နယ် နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်

အလားတူ ဇန်နဝါရီလ (၇) ရက်ကလည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာတွင် အမျိုးသားတစ်ဦး မြတ်ရိတ်နေစဉ် မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

သီပေါမြို့နယ်ရှိ ကုံးစုံ၊ စံဖိတ်၊ မိုးတေ စသည့် ရွာများမှာ စစ်ကောင်စီတပ်နှင့် TNLA တိုက်ပွဲ ပြင်းထန်ခဲ့စဉ် ကျေးရွာအတွင်း နှစ်ဘက်တပ်သားများ နေရာယူ တပ်စွဲခဲ့ခြင်းကြောင့် မြေမြှုပ်မိုင်းများအပြင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များလည်း ကျန်ရှိနေသေးကြောင်း ဆိုသည်။

TNLA သည် သီပေါမြို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာနှောင်းပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိ မိုင်းရှင်းလင်းရေး လုပ်ဆောင်မှုမရှိသေးသလို တာဝန်ယူဖြေရှင်းမှု နည်းသေးကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...