“သျှမ်းပြည်အမျိုးသားနေ့” TNLA ထိန်းချုပ် သီပေါမြို့ဝင်ဆိုင်းဘုတ် သျှမ်း၊အင်္ဂလိပ် အမည်စာလုံး ဖျက်ဆီးခံရ၊ သျှမ်းပြည်မြေပုံ အရောင်ပြောင်းဆေးခြယ်

သျှမ်းပြည် သီပေါမြို့အဝင် ဆိုင်းဘုတ်ရှိ သျှမ်း၊အင်္ဂလိပ် ဘာသာဖြင့် ရေးထိုးထားသော သီပေါမြို့အမည်စာလုံး ဖျက်ဆီးခံရပြီး သျှမ်းပြည်အလံရှိ ဝါစိမ်းနီ အရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံလည်း အရောင်ပြောင်း ဆေးခြယ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) နံနက်ပိုင်းမှ စတင်၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မြို့အဝင်ဆိုင်းဘုတ်ရှိ သျှမ်းဘာသာဖြင့် ရေးထိုးထားသော သီပေါမြို့အမည်စာလုံး “ဝဵင်းသီႇပေႃႉ” ဖျက်ဆီးခံရပြီး သျှမ်းပြည်အလံရှိ ဝါစိမ်းနီ အရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံလည်း အရောင်ပြောင်း ဆေးခြယ်ခံလိုက်ရကြောင်း ဒေသခံများက ပြောဆိုသည်။

“ဒီမနက် စလုပ်နေတာတွေ့တယ်။ စည်ပင်က လုပ်ထားတဲ့ မြို့ဝင်ဆိုင်းဘုတ်နား အလုပ်သမားတွေ ရောက်လာပြီး ငြမ်းစင်၊ ဆေးသုတ် လုပ်နေတာ နေ့စားတွေပဲ ဖြစ်မှာ။ စစ်သားတော့ မဟုတ်ဘူး”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

ယခင် သီပေါမြို့ဝင်ဆိုင်းဘုတ်

ယမန်နှစ် ၂၀၂၄ အောက်တိုဘာ လလယ်တွင် သီပေါမြို့ကို TNLA မှ အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီးနောက် (၄) လနီးပါး အကြာတွင် ယခင်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပြုလုပ်ထားသည့် သီပေါမြို့ဝင်ဆိုင်းဘုတ်ရှိ သျှမ်း၊အင်္ဂလိပ် အမည်စာလုံးများ ဖျက်ဆီးခံရပြီး သျှမ်းပြည်မြေပုံကို အရောင်ပြောင်း ဆေးသုတ်ခြင်းကို ပြုလုပ်လာခြင်း ဖြစ်သည်။

သီပေါမြို့ဝင်ဆိုင်းဘုတ်ရှိ သျှမ်းအမည်စာလုံး ဖျက်ဆီးခံရပြီး သျှမ်းပြည်မြေပုံကို အရောင်ပြောင်း ဆေးသုတ်ခြင်းနှင့် ပတ်သက်၍ သီပေါမြို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေသည့် TNLA မှ ခိုင်းစေညွှန်ကြားခဲ့ခြင်း ရှိ မရှိကို သျှမ်းသံတော်ဆင့်မှ TNLA သတင်းနှင့် ပြန်ကြားရေးမှူး လွေးယေဦးထံ စာပို့မေးမြန်းထားသည်။

သီပေါမြို့ဝင်ဆိုင်းဘုတ်ရှိ ဝါစိမ်းနီ အရောင်များဖြင့် ဆေးခြယ်ထားသည့် သျှမ်းပြည်မြေပုံကို တအာင်း(ပလောင်)အလံရှိ အရောင်များဖြင့် အစားထိုး ဆေးခြယ်ထားခြင်းသည် ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ် အလယ် လပြည့်ဝန်းပါ ဖက်ဒရယ်သျှမ်းပြည် အလံတော်အဖြစ် ဖက်ဒရယ်သျှမ်းပြည်ကောင်စီ ဉက္ကဋ္ဌ တောင်ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန် က ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုး သတ်မှတ်ခဲ့ခြင်းနှင့် ဆန့်ကျင်နေကြောင်း တိုင်းရင်းသားအရေး လေ့လာသူများက သုံးသပ်ပြောဆိုသည်။

ယခင်က သျှမ်းစော်ဘွားများ အုပ်ချုပ်ခဲ့ပြီး သျှမ်းပြည်သူအများစု နေထိုင်ရာ သီပေါမြို့ရှိ မြို့ဝင်ဆိုင်းဘုတ်အား ဒေသခံများ၏ သဘောထား မပါဘဲ သျှမ်းပြည်အမျိုးသားနေ့တွင် ဖျက်ဆီးပြောင်းလဲခဲ့ခြင်းကြောင့် ပြည်သူအများအပြား စိတ်အလိုမကျဖြစ်နေကြောင်းကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးတင်ထားသည်။

ဖေဖော်ဝါရီလ ပထမပတ်အတွင်းကလည်း TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထားသည့်ကြားက ဖုန်းပြောဆို ဆက်သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာရှိ ဒေသခံ အရွယ်စုံ (၄၀) ကျော်ကို ဖုန်းနှင့်အတူ နေအိမ်၊ လမ်းမကြီးတလျှောက်တွင် TNLA တပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် အရေးပါသည့် အုန်းဘောင်သီပေါနယ်သည် သျှမ်းစော်ဘွားများ အစဉ်အဆက် အုပ်စိုးခဲ့ပြီး သာသနာသက္ကရာဇ် ၄၈၅ ခုနှစ်က တည်ထားခဲ့သည့် အုန်းဘောင်ရှေးဟောင်းနေရာနှင့် စော်ဘွားသင်္ချိုင်း တည်ရှိရာ လွယ်မုတ်တောင်သည် အထင်အရှား ကျန်ရှိသည်။

လက်ရှိမြို့နေရာကို (၈၅) ဆက်မြောက် သီပေါစော်ဘွား စဝ်ခွန်ဆိုင် ခေါ် စဝ်ကြာခိုင်မှ ၁၈၈၈ ခုနှစ်တွင် မြို့သစ်တည် ပြောင်းရွှေ့ခဲ့ပြီး မန္တလေး-လားရှိုး မီးရထားလမ်းပေါ် အရေးပါသည့် မြို့တစ်မြို့ ဖြစ်ခဲ့ကာ မြို့ပေါ်တွင် လက်ရှိ တည်ရှိနေသေးသည့် သီပေါဟော်နန်း အဆောက်အဦးကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားဖြစ်သူ စဝ်အုန်ကြာက တည်ဆောက်ခဲ့သည်။

၁၉၅၉ ခုနှစ် သျှမ်းပြည်စော်ဘွားများ အာဏာမစွန့်မီအချိန်ထိ သီပေါမြို့ကို စော်ဘွား (၉၂) ဆက်အထိ အုပ်ချုပ်ခဲ့ကာ ၁၉၆၂ ခုနှစ် မြန်မာနိုင်ငံ ပထမဆုံး စစ်အာဏာသိမ်းမှုအကြား လုပ်ကြံခံရသည့် သီပေါနယ် နောက်ဆုံးစော်ဘွားဖြစ်သူ စစ်ကြာဆိုင် အကြောင်းကို မဟာဒေဝီဖြစ်သူ စဝ်သုစန္ဒီ Inge Sargent ရေးသားသည့် “Twilight Over Burma” စာအုပ်မှာ နာမည်ကျော်ကြားသည်။

သျှမ်းစော်ဘွားများ အာဏာစွန့်ပြီးနောက် သီပေါနယ်သည် နယ်ပိုင်၊ မြို့ပိုင်အဆင့် အုပ်ချုပ်ခံဖြစ်လာပြီး ၁၉၇၂ ခုနှစ် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအရ ကျောက်မဲခရိုင်အောက်တွင် သီပေါမြို့နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...