သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။

စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့် နိုဝင်ဘာလ ၁၄ ရက်မှ စတင်၍ နှစ်ဘက်အပြန်အလှန် ပိတ်ဆို့ထားခဲ့ပြီး ယနေ့ (ဒီဇင်ဘာလ ၁၆ ရက်) အထိ ဖြတ်သန်းခွင့် မပေးကြောင်း ဒေသခံများက ပြောသည်။

သို့သော် ယမန်နေ့ (ဒီဇင်ဘာလ ၁၅ ရက်) နံနက်အစောပိုင်း ၁ နာရီကျော်ခန့်တွင် သီပေါမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ပြည်ထောင်စုလမ်းမဘက်ခြမ်း အသင့်စောင့်ဆိုင်းနေသည့် ကုန်တင်ကားများကို စစ်ကော်မရှင်တပ်သားများက တံတားဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“မနက်စောစော ၁ နာရီအချိန်မှာ ကားကြီးတွေ ကိုးကန့်ဘက်အခြမ်းကနေ သီပေါမြို့ဘက်ကို ဖြတ်သွားပါတယ်။ သီပေါတံတားကြီး ပိတ်ထားတယ်ဆိုပြီး လားရှိုးဘက်က လာတဲ့ ကုန်ကားတွေ သီပေါမြို့ဘက်ကို အများကြီးဖြတ်သွားပါတယ်။ ကိုးကန့်နဲ့စစ်တပ် အဆင်မပြေရင် ညကြီး ကားတွေ ဘာလို့ ပေးဖြတ်တာလဲလို့ ပြည်သူတွေက မေးနေကြပါပြီ” ဟု သီ​ပေါဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သီပေါတံတားကြီးတွင် စောင့်ဆိုင်းနေသည့် စစ်ကော်မရှင်တပ်သားများသည် တံတားထိပ်တွင် ဆီပေပါများဖြင့် ပိတ်ဆို့ထားပြီး လားရှိုးဆေးရုံသို့ ပို့ဆောင်ရမည့် အရေးပေါ်လူနာများကိုလည်း ဖြတ်သန်းခွင့်မပေးခြင်းကြောင့် အခက်အခဲ ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

“တဘက်ကမ်းက နာမကျန်းသူ၊ တောင်သူ ခြံရှိသူ စသဖြင့် သျှမ်းရွာသူရွာသားတွေ သီပေါမြို့ကို လာဖို့ ၂ သောင်းကျပ် အကုန်ခံပြီး လှေကူးရသလို အခက်အခဲများစွာ ဖြစ်ပေါ်နေပါတယ်။ အခုက ငွေပေးကူးနေတာ ခွင့်ပြုနေပြီး လှေနဲ့ဒုက္ခခံ ငွေကုန်ခံ ပြည်သူတွေ ကမ်းကူးနေရပါတယ်၊ ဘာလို့ ပြည်သူတွေကျတော့ ခက်ခဲအောင် လုပ်နေတာလဲ။ ကိုးကန့်လည်း လုပ်စားတယ် ဗမာတပ်လည်း လုပ်စားနေပါတယ်” ဟု သီပေါဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သီပေါတံတားပေါ် လူနှင့် ဆိုင်ကယ် ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ဒေသခံများ ပြောဆိုသော်လည်း အချိန်အကန့်အသတ်နှင့်သာ ဖြစ်ပြီး အချိန်မရွေး ပြန်လည်ပိတ်ဆို့ထားခြင်းကြောင့် အပြောင်းအလဲမြန်ကြောင်း ဆိုသည်။

လက်ရှိတွင် သီပေါမြို့ တစ်ဖက်ကမ်းသို့ သွားရောက်လိုပါက ဒုဋ္ဌဝတီမြစ်ကမ်းဘေး ကူးတို့ဆိပ်ရှိ စက်လှေသမားများထံ ခရီးသည်တစ်ဦးလျှင် ကျပ် ၂ သောင်းမှ ၃ သောင်းအထိ ပေးဆောင်ရပြီး ထိုသို့ သယ်ယူပို့ဆောင်ပေးသည့် စက်လှေများ၊ ကားများထံမှ စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် နှစ်ဘက်စလုံးမှ ထပ်မံငွေကောက်ခံကြောင်း ဒေသခံများက ပြောသည်။

သီပေါတံတားကြီးကို ပိတ်ထားခြင်းကြောင့် လားရှိုးမြို့နှင့် မူဆယ်မြို့ဘက်သို့ သွားရောက်လိုသူများသည် ကျောက်မဲမြို့မှတစ်ဆင့် သီပေါမြို့ကို ရှောင်ကွင်း၍ တာလုံ-နားမခေါ် လမ်းပိုင်းမှ နမ္မတူမြစ်ကို ဇက်ရေယာဉ်ဖြင့် ဖြတ်ကူးကာ နမ့်လန်၊ မိုင်းရယ်မြို့ဘက်မှ တဆင့်သွားရပြီး လမ်းခရီး ကြန့်ကြာ၍ ငွေကြေးကုန်ကျမှုလည်း များလာကြောင်း ခရီးသွားများထံမှ သိရသည်။

သီပေါမြို့ကို TNLA တပ်ဖွဲ့ထံမှ စစ်ကောင်စီတပ် ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ-လားရှိုးလမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ် လမ်းပိုင်းများမှ MNDAA တပ်ဆုတ်ခွာရန် နိုဝင်ဘာလဆန်းတွင် တောင်းဆိုခဲ့ရာ ဆွေးနွေးမှု အဆင်မပြေဘဲ နှစ်ဘက်စစ်ရေးတင်းမာကာ အပြန်အလှန် လမ်းပိတ်ထားခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...