Tuesday, January 27, 2026

ကျိုင်းတုံမြို့နယ် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး အသတ်ခံရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ကုန်ကျောင်းကျေးရွာ ရပ်ကွက်(၁) နေ အမျိုးသမီးတစ်ဦးသည် ယနေ့(ဇွန် ၃၀)ရက် မနက်ပိုင်းတွင် ဓားမြတိုက်ခံရပြီး အသတ်ခံရကြောင်း စုံစမ်းသိရသည်။

ယနေ့ မနက်အစောပိုင်းအချိန်၊ မိုးရွာသွန်းနေချိန်တွင် အသက် (၂၉ )နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးသည် ဈေးသွားရန် ပြင်ဆင်နေစဉ် ဓားပြမှ နေအိမ်ထဲသို့ဝင်ကာ ဓားပြတိုက်ခဲ့ပြီး၊ ၎င်းအမျိုးသမီးကိုလည်း လည်ပင်ကြိုးဆွဲကာသတ်ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ကုန်ကျောင်းကျေးရွာ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူကတစ်ယောက်ထဲနေတာ။ မနက် ဈေးသွားမဲ့အချိန်မှာ ဓားပြဝင်တိုက်ပြီး၊ သတ်သွားတယ်” ဟု ကုန်ကျောင်းကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓားပြတိုက်သူသည် အမျိုးသမီး ကို ရိုက်နှက်ထားပြီး၊ လည်ပင်းတွင်လည်း ကြိုးဆွဲသတ်ထားသည့် ပုံစံ မြင်ရကြောင်း လည်း ကျေးရွာဒေသခံများက ပြောသည်။

“ သူဆိုင်ကယ်တစ်စီးနဲ့ လက်ကိုင်ဖုန်းတစ်လုံးပါသွားတယ်။ ပိုက်ဆံတော့မပါသွားဘူး။ သူပိုက်ဆံတွေက ဆွေမျိုးတွေ မှာ ပဲထားတယ်။ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကတော့ မျက်နှာတွေအကုန်ညိုကုန်တယ်။ ပြီးတော့ သူလည်ပင်းမှာ ကြိုးတုတ်ပြီး သတ်လိုက်တဲ့ အရာကြီးထင်ထားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုအမျိုးသမီးကို မည်သည်အဖွဲ့က လာရောက်သတ်သွားသည်ကို မသိရှိရသေးကြောင်း၊ လက်ရှိသေဆုံးသွားသည့် အမျိုသမီးကို ကျိုင်းတုံမြို့ဆေးရုံးတွင် ခေါ်ဆောင်စစ်ဆေးနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်ရှောင်အမျိုးသမီးတစ်ဉီး ပြင်ဦးလွင်မှာ သတ်ခံရ၊ သမီးဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နေ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့တွင် ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံရပြီး သမီးဖြစ်သူလည်း မီးရှို့ခံရပြီး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဉီးသည် ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ ကျောင်းတက်ရောက်နေသည့် သမီးဖြစ်သူထံသို့ သီတင်းကျွတ်ကျောင်းပိတ်ရက်...

မိုင်းရှူးမြို့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ ရွှေ ၆၀ကျပ်သားနှင့် ကျပ်သိန်း ၂၀၀ ပါသွား

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် ရွှေဆိုင်တစ်ဆိုင်သည် ယနေ့ (သြဂုတ် ၁၂)ရက် ညနေ ၄နာရီခွဲဝန်းကျင်၌ ဓားပြတိုက်ခံရပြီး ရွှေ ၆၀ ကျပ်သား နှင့် မြန်မာကျပ်သိန်း (၂၀၀) ကျော်ပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ်လ ၁၂ ရက်) ညနေ ၄ ခွဲဝန်းကျင်တွင်...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...

သိန္နီမြို့မဈေးထဲ ဈေးသည်အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံး

0
သျှမ်းပြည် သိန္နီမြို့ရှိ မြို့မဈေးထဲတွင် ငါးခြောက်ရောင်းသည့် အမျိုးသမီးတစ်ဉီးကို အမည်မသိအမျိုးသားတစ်ဉီးက ဓားပြတိုက်ပြီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) ညနေပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) တွင် ငါးခြောက်ရောင်းနေသော အသက် (၅၀)...

ဖယ်ခုံ စစ်ရှောင်ကူညီပေးသည့် သျှမ်းဘုန်းကြီး တစ်ပါးနှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင်များကိုပါ ကူညီပေးနေသည့် သျှမ်းဘုန်းကြီးတစ်ပါး နှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( မတ် ၄ရက် ) ညနေ ၄နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင် အရေးကို ကူညီပေးနေသည့် သျှမ်းဘုန်းကြီး...