ကျောက်မဲ စစ်ရှောင်အမျိုးသမီးတစ်ဉီး ပြင်ဦးလွင်မှာ သတ်ခံရ၊ သမီးဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်

သျှမ်းပြည် ကျောက်မဲမြို့နေ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့တွင် ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံရပြီး သမီးဖြစ်သူလည်း မီးရှို့ခံရပြီး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဉီးသည် ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ ကျောင်းတက်ရောက်နေသည့် သမီးဖြစ်သူထံသို့ သီတင်းကျွတ်ကျောင်းပိတ်ရက် အလည်သွားခဲ့သည်။

ထို့နောက် သမီး၏ ပြင်ဦးလွင်မြို့ ဘော်ဒါဆောင်တွင် ဖွင့်လှစ်ထားသည့် ကျောင်းမုန့်ဈေးတန်းရှိ ဈေးသည်အမျိုးသမီး တစ်ဦးနှင့် ၎င်းကျောက်မဲစစ်ရှောင်အမျိုးသမီးတို့ ၅ လတာခန့် ခင်မင်ရင်းနှီးခဲ့ကြောင်း သိရသည်။

ထိုရင်းနှီးမှုကို စျေးသည်အမျိုးသမီး နန်းမိုဟွမ်ခမ်းက အခွင့်ကောင်းယူပြီး ကျောက်မဲစစ်ရှောင်အမျိုးသမီး နန်းရွှေစိန် (ခ) နန်းလိတ် ကို အနုကြမ်းစီး လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖြစ်စဉ်ကို သိရှိသူ ကျောက်မဲဒေသခံ အမျိုးသားတစ်ဉီး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကလေးအဆောင်ကို သူ့အမေ(နန်းလိတ်) က ကျောင်းပိတ်ရက် လာတွေ့တာ။ အဲ့ကျောင်းရှေ့က စျေးရောင်းတဲ့ အစ်မနဲ့ကလည်း ခင်နေတော့ သူ့အိမ် (စျေးသည်) ကို အဖော်လိုက်ခဲ့ပေးပါဆိုပြီး လိုက်သွားရင်းနဲ့ ကျောက်မဲစစ်ရှောင်အမျိုးသမီးကို အနုကြမ်းစီး သတ်လိုက်တာပဲ” ဟု ဖြစ်စဉ်ကို သိရှိသည့် အဆိုပါ အမျိုးသားက ဆိုသည်။

ပြင်ဦးလွင်မြို့တွင် အသတ်ခံရသည့် နန်းလိတ် သည် ကျောက်မဲမြို့ ရပ်ကွက်(၈)တွင် ကုန်စုံဆိုင် ဖွင့်ထားသူ ဖြစ်သည်။

ပြစ်မှုကျူးလွန်သူ ဟု ယူဆရသည့် နန်းမိုဟွမ်ခမ်းသည် ကျောက်မဲစစ်ရှောင် နန်းလိတ် ကို လုပ်ကြံပြီးနောက် ပြင်ဉီးလွင်မြို့ရှိ ဘော်ဒါဆောင်တွင် Grand-12 တက်နေသည့် စစ်ရှောင်အမျိုးသမီး၏ သမီးကိုပါ အဆောင်အပြင်ဘက်သို့ လိမ်လည်ခေါ်ဆောင်ခဲ့သည်။

ပုံစာ – ပြင်ဦးလွင်ဆေးရုံတွင် မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေသည့် ကျောင်းသူ (ဓာတ်ပုံ-ဒေသခံ)

ထို့နောက် ပြင်ဉီးလွင် မြို့ပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ကျောင်းသူ၏ ဦးခေါင်းကို ပုလင်းဖြင့် ရိုက်နှက်ကာ ခန္ဓာကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အဆိုပါအမျိုးသားက ဆက်ပြောသည်။

“သမီးကိုလည်း ထပ်သတ်ဖို့ ကြိုးစားသေးတယ်။ အဆောင်နေတဲ့ သမီးကိုလည်း ညာပြီး ခေါ်သွားတယ်၊ အဆောင်ကလည်း ပေါ့လျော့တယ်လို့ပဲ ပြောရမှာပေါ့။ အဲ့မှာ သူ့သမီးကို ထပ်ခေါ်သွားပြီးတော့ အပျောက်ရှင်းသလို ဖြစ်အောင်လုပ်တာ။ သမီးက မသေဘဲနဲ့ ထွက်ပြေးလာနိုင်တယ်၊ အခုက ဆေးရုံမှာ ဆေးကုနေတယ်” ဟု ကျောက်မဲမြို့မှ ဖြစ်စဉ်ကို သိရှိသူက ထပ်လောင်းပြောသည်။

လက်ရှိအချိန်ထိ အသတ်ခံရသည့် ကျောက်မဲစစ်ရှောင် နန်းလိတ်နှင့် ၎င်း၏ သမီးကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည့် နန်းမိုဟွမ်ခမ်း ဆိုသူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

“ဒီအမှုက ပုဂ္ဂိုလ်ရေးတော့ မရှိလောက်ဘူး။ နန်းလိတ်က စစ်ရှောင်သွားတဲအချိန် ပါသွားတဲ့ ပိုက်ဆံနဲ့ လက်ဝတ်ရတနာတွေကို မြင်ပြီးတော့ လိုချင်တပ်မက်မှုနဲ့ သတ်လိုက်တယ်လို့ ယူဆမိတယ်” ဟု ၎င်းတို့ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဆက်လက်ပြီး သေဆုံးသူ နန်းလိတ်၏ ရုပ်အလောင်းကို နောက်သုံးရက်ခန့် အကြာတွင်မှ ပြင်ဦးလွင်မြို့အနီး ကျေးရွာတစ်ခုရှိ နေအိမ်ရေချိုးခန်းထဲတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ထို့အပြင် မီးလောင်ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်လာသည့် နန်းလိတ်၏ သမီးလည်း ပြင်ဦးလွင်မြို့အနီး ကျေးရွာဒေသခံများ၏ ကူညီပေးမှုကြောင့် ပြင်ဦးလွင်ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရသည့် နန်းရွှေစိန် (ခ) နန်းလိတ် တွင် သားသမီး (၃) ဦးရှိပြီး ကျောက်မဲမြို့တွင် ရာသီပေါ်သီးနှံများ ရောင်းချသည့် ကုန်စုံဆိုင် ဖွင့်လှစ်ထားကြောင်း၊ ရပ်ရွာထဲတွင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတစ်ဦး ဖြစ်ခြင်းကြောင့် တရားမျှတမှု အမြန်ဆုံး ရရှိရန် လိုလားကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...