ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀) ဝန်းကျင် အမျိုးသမီးတစ်ဦးက နေအိမ်အတွင်း ဝင်ရောက်လာပြီး ဓားဖြင့်ထောက်ကာ နှစ်ကျပ်သားခန့်ရှိသည့် ရွှေဆွဲကြိုး ဓားပြတိုက်သွားကြောင်း သိရသည်။

“အိမ်မှာက သက်ကြီးတစ်ဦးပဲ ကျန်ခဲ့တာ၊ သူလည်း မီးဖိုချောင်မှာ ထိုင်နေတာထင်တယ်။ အဲတာ အမျိုးသမီးက မျက်နှာအုပ်ပြီး မီးဖိုချောင်က ဓားနဲ့ ထောက်ပြီး ဆွဲကြိုးလုသွားတယ်။ လူတော့ ဘာမှ မလုပ်သွားလို့ တော်သေးတယ်၊ မိန်းကလေးတွေလည်း တော်တော်မလွယ်ဘူး”ဟု ဆီဆိုင်မြို့နယ်မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ နေအိမ်အတွင်း အမျိုးသမီးတစ်ဦးမှ ဓားပြဝင်တိုက်ရာတွင် ၎င်းအိမ်၏ နေ့စဉ် အခြေအနေကို စောင့်ကြည့်နေသူ ဖြစ်နိုင်ပြီး သက်ကြီးရွယ်အိုများကို နေအိမ်တွင် တစ်ယောက်တည်း မချန်ထားသင့်ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ထို့အပြင် ဆိုက်ခေါင်ကျေးရွာအတွင်း စလော့ဂိမ်း ဆော့ကစားသူများနှင့် မူးယစ်ဆေး သုံးစွဲသူ များလာသောကြောင့် ယခုကဲ့သို့ ဓားပြတိုက်မှုများ ဖြစ်ပေါ်လာကြောင်း ဆိုက်ခေါင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ခုခေတ်က ကျွဲဂိမ်းဆော့တဲ့သူတွေများ၊ အကြွေးတွေလည်း များတော့ သူတို့တွေ လုယက်ဖို့လည်း ဝန်မလေးတော့ဘူးပေါ့။ ဆေးသုံးသူဆို ပိုဆိုးတယ်၊ ပိုက်ဆံမရှိရင် အကုန်ကြံစည်ပြီး ပိုက်ဆံရှာ ဆေးသုံးကြတာ။ မိန်းကလေးမို့လို့လည်း မယုံတာ အကောင်းဆုံးပဲ၊ ဓားပြတိုက်တာ မိန်းကလေးဆိုတော့ မယုံနိုင်စရာကြီး”ဟု ဆိုက်ခေါက်ဒေသခံ အဆိုပါ အမျိုးသမီးက ပြောသည်။

လက်ရှိ နိုင်ငံရေးအခြေအနေ ဆိုးဝါးမှုကို အခွင့်ကောင်းယူ၍ ဓားပြတိုက် လုယက်သူများ ပေါများလာနေပြီး နေအိမ်တံခါးများကို အမြဲတမ်း မဖွင့်ထားသင့်ဘဲ ပိတ်ထားသင့်ကြောင်း၊ ကိုယ်နှင့်မသိသူ မျက်နှာစိမ်းများကို နေအိမ်အတွင်း ဧည့်မခံသင့်ကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

အလားတူ ယမန်နှစ် ၂၀၂၅ ဩဂုတ်လတွင်လည်း ဆိုက်ခေါင်စံပြကျေးရွာအတွင်း အမျိုးသမီးတစ်ဦးမှ နေအိမ်တစ်အိမ်အတွင်း ဓားပြတိုက်ခဲ့ပြီး ထိုအချိန်၌ ရွှေနှင့် ငွေကျပ် သိန်း(၂၀)ဝန်းကျင် ပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ ဆီဆိုင်မြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)တို့ နယ်မြေစိုးမိုးထားပြီး ‌အဆိုပါ ဒေသအတွင်း ခိုးဆိုးလုယက်မှုနှင့် ဓားပြမှုများကို ကူညီဖြေရှင်း ဆောင်ရွက်ပေးမှုများ မရှိကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...