Thursday, April 25, 2024

ဆိုက်ခေါင်

ဆီဆိုင်မြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

သျှမ်းပြည် ဆီဆိုင်မြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်လိုက်ကြေင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုင်းခေါင်ကျေးရွာ အောင်သုခရပ်ကွက်တွင် ယမန်နေ့ (မတ်လ ၁၈) ရက် ည ၈ နာရီခွဲဝန်းကျင်၌ စစ်ကောင်စီက အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “PDF တွေကို...

ဆီဆိုင်-ဆိုက်ခေါင်ကြားရှိ ပင်စုံလမ်းခွဲတွင် PNO ဂိတ်ဖွင့်ပြီး ပိုက်ဆံတောင်းနေ

သျှမ်းပြည် ဆီဆိုင်-ဆိုက်ခေါင်ကြားရှိ ပင်စုံလမ်းခွဲတွင် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့နာမည်ခံပြီး ဦးခွန်သန်းထိုက်အောင် (ခ) သန်းထိုက်အောင်ဆိုသူမှ ပိုက်ဆံတောင်းနေကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့နာမည်ခံဖြင့် ဆိုက်ခေါင်စံပြကျေးရွာ ရပ်ကွက်သူကြီးဆိုသူ ဦးခွန်သန်းထိုက်အောင် (ခ) ဦးထိုက်အောင်က ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ မတ် ၁ ရက်မှစ၍...

PNO အမိန့်အရ ဆိုက်ခေါင်ဒေသခံများ စစ်ဝတ်စုံနှင့် သေနတ်ကိုင်ဆောင်ကင်းလှည့်ပေးနေရ

သျှမ်းပြည်ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် PNOအဖွဲ့၏ အမိန့်အာဏာအရ ဒေသခံများသည် စစ်ဝတ်စုံနှင့်သေနတ်ကိုင်ဆောင်ပြီး လုံခြုံရေးကင်းလှည့်ပေးနေရကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ဝင် ဦးခွန်သန်းထိုက်အောင် (ခ) ဦးထိုက်အောင်နှင့် ဦးကောပိတမှ ဦးဆောင်ပြီး တစ်အိမ်လျှင် ၁ ဦး မဖြစ်မနေ ကင်းလှည့်စောင့်ပေးရန် (ဇန်နဝါရီလ ၁၅ ရက်)...

ဆိုက်ခေါင် ဇောတိကရာမကျောင်းတိုက်အတွင်း စစ်ကောင်စီတပ်စွဲနေထိုင်

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းမှစပြီး လူအင်အား ၃၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားများသည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမကျောင်းဝန်းအတွင်း လာရောက်တပ်စွဲထားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခုဆိုင်ခေါင်...

(PNO/PNA) ပြုလုပ်သည့် စစ်သင်တန်းကို ဒေသခံ လူငယ်များက မလိုလား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) ပြုလုပ်သော ရပ်ရွာလုံခြုံရေး စစ်သင်တန်းကို ဒေသခံလူငယ်များက သဘောမကျကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီး ၂၀၂၂ မေလမှ စပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) က တစ်အိမ်လျှင် ငွေ ၃ သောင်းနှင့် ဆန်တစ်ပြည်ကို တောင်းခံခဲ့ပြီး...

ပိတ်ထားသည့် ဖယ်ခုံမြို့နှင့် ဆက်သည့် လမ်းတချို့ပြန်ဖွင့် စစ်ကောင်စီ မှ စစ်ဆေးမှုတင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ထိစပ်နေသည့် လမ်းကြောင်းတချို့ကို စစ်ကောင်စီတပ်ဖွဲ့က ယခင်ပိတ်ထားရာမှ လက်ရှိတွင် ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း စစ်ဆေးမှုတင်းကြပ် နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၈ရက်မှ စတင် ပိတ်ထားသည့် ပင်လောင်း - တောင်ကြီး - ကျောက်တလုံး - ဆိုက်ခေါက် နှင့်...

PNO မှ ပစ်ခတ်လိုက်သည့် ဆိုက်ခေါင်အမျိုးသမီး သေဆုံးသွား

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ ပအိုဝ်းပြည်သူ့စစ် (PNO) က ပစ်ခတ်လိုက်သည့် အသက် (၂၂) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ဇွန် (၁၄) ရက်တွင် ဆိုက်ခေါင်စံပြကျေးရွာ သီရိရပ်ကွက်နေ နန်းခမ်းအွမ် ကို ပအိုဝ်းပြည်သူ့စစ် (PNO) က ပစ်ခတ်လိုက်ပြီးနောက် စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု...

Latest news