ဆိုက်ခေါင် အရှေ့ဘက် ပွန်ချောင်းအနီးရှိ PNLA/PNLO တပ်စခန်းကို PNO/PNA သိမ်းယူ

သျှမ်းပြည်တောင်ပိုင်း၊ ဆိုက်ခေါင်မြို့ အရှေ့ဘက် ပွန်ချောင်းအနီးရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တပ်စခန်းတစ်ခုကို ပအိုဝ်းပြည်သူ့စစ် (PNO)မှ သိမ်းယူခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁)ရက်နေ့တွင် ပွန်ချောင်းအနီးရှိ PNLA ၏ ဆင်ဖြူစခန်းကို PNOမှ သိမ်းယူခဲ့ပြီး PNLAဘက်မှ တပ်သား အလောင်းတစ်လောင်းနှင့်အတူ လက်နက်များကို သိမ်းမိကြောင်း PNO အရာရှိတစ်ဦးက ပြောသည်။

ယခုကဲ့သို့ နယ်နယ်မြေကျူးကျော်လာသည့် PNLA/PNLO ကို ရှင်းထုတ်နေကြောင်းနှင့် ကျန်ရှိနေသည့် စခန်းများကိုလည်း သိမ်းယူသွားမည်ဖြစ်ပြီး ဗန်းမတ်ဒေသဖက်ကို မကျော်လွန်ကြောင်း PNO/PNA အရာရှိတစ်ဦးမှ သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူတို့က ကျနော်တို့ PNOနယ်မြေထဲ ကျူးကျော်လာတော့ ပြန်မောင်းထုတ်တာပေါ့။ ဆင်ဖြူစခန်းကို သိမ်းလိုက်တယ်။ အလောင်းတစ်လောင်း နဲ့ လက်နက်တေွသိမ်းရတယ်။ နောက်ထပ် ကျန်နေတဲ့ ခမ်းနဂါးစခန်းကိုလဲ ရှင်းထုတ်သွားမယ်။” ဟု အဆိုပါ အရာရှိတစ်ဦးက ပြောသည်။

ထို့အပြင် ဆင်ဖြူစခန်းကို PNOတပ်သား ၅၀၀ ဝန်းကျင်နှင့် ဝင်သိမ်းခဲ့ကြောင်းနှင့် PNLA ၏နယ်မြေ ဗန်းမတ်ကို တိုက်ပွဲ ဆင်နွှဲမည်မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်ကောင်စီ၏လက်ပါးစေ ဖြစ်နေသည့် PNO သည် ပအိုဝ်းလူမျိုးအချင်းချင်း ပြန်လည်တိုက်ခိုက်နေခြင်းသည် မဖြစ်သင့်ကြောင်းနှင့် လူမျိုးရေးခွဲခြားမှုပြုလုပ်ပြီး အချင်းချင်း ပြန်လည်မောင်းထုတ်နေခြင်းက ပအိုဝ်းပြည်သူများသာနစ်နာမှုရှိကြောင်း လူငယ်တစ်ဦးက ပြောသည်။

“စစ်ကောင်စီရဲ့ လက်ကိုင်တုတ်လိုမျိုး မဖြစ်စေချင်ဘူး။ PNOက လူမျိုးရေးခွဲခြားပြီး တိုက်တာမျိုးတွေ။ ပအိုဝ်းအချင်းချင်း မောင်းထုတ်နေတာမျိုးကျတော့ မကောင်းဘူး။ PNLAက နယ်မြေမရှိတော့ဘူးဆိုပြီး တိုက်နေတာမျိုးတွေက မဖြစ်သင့်ဘူး။ PNO က စစ်ကောင်စီနားကပ်ပြီး ကိုယ့်လူမျိုးကို ပြန်မောင်းထုတ်တာက မဖြစ်သင့်ဘူး။” ဟု ပအိုဝ်းလူငယ်ရေးတက်ကြွ လှုပ်ရှားသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလက်ရှိတွင် PNLA နှင့် PNOတို့ တိုက်ပွဲ ရပ်နားထားပြီး ပွန်ချောင်းအနီး ဒေသခံတစ်ချို့မှာ စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်မှ နိုဝင်ဘာ (၂၇)ရက်အထိ မောက်မယ်ဒေသတွင် PNLA နှင့် PNOတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် PNOဖက်မှ (၃၁) ဦးကျဆုံးသွားကြောင်း PNLA အရာရှိတစ်ဦးက ပြောသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...