Tuesday, April 30, 2024

ဆိုက်ခေါင် ဇောတိကရာမကျောင်းတိုက်အတွင်း စစ်ကောင်စီတပ်စွဲနေထိုင်

Must read

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းမှစပြီး လူအင်အား ၃၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားများသည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဇောတိကရာမကျောင်းဝန်းအတွင်း လာရောက်တပ်စွဲထားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆိုင်ခေါင် ဇောတိကရာမကျောင်းတိုက်ရဲ့ ကျောင်းဝန်းထဲမှာ စစ်ကောင်စီ တပ်လာစွဲထားတယ်။ လူအင်အား ၃၀၀ ကျော်လောက်ရှိတယ်။ အခုအဲ့ဒါတွေကြောင့် ပိုပြီးတိမ်းရှောင်သွားကြတာ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဇောတိကရာမကျောင်းတိုက်၏ အရှေ့ဘက် ၂ မိုင်အကွာတွင် စစ်ကောင်စီတပ်ဖွဲ့မှ အမြှောက်တပ်စွဲ ထားသေးကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNO တို့သည် ဆိုက်ခေါင်ကျေးရွာထဲသို့ လူအင်အား၊ လက်နက်အင်အား ဖြည့်တင်နေလျက်ရှိသည်။

“အခုသူတို့ပစ်လိုက်တဲ့ လက်နက်တွေက ပြောလို့ကိုမရတော့ဘူး။ ၁ မိနစ်ကို ၁၅ ထောင့်လောက် ထွက်တဲ့အရာမျိုး ပစ်နေကြတာ။ အခုကတော့ ဆီဆိုင်မြို့ကို PDFတွေကဝိုင်းထားသလို ဖြစ်သွားတာ။ အဲ့ဒါကြောင့်မို့လို ဒီဘက်က တပ်တွေလွှဲရင် ဘယ်နေရာကျကျအကုန်ပစ်တော့တာပဲ” ဟု ဆိုက်ခေါင် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများကြောင့် ဆီဆိုင်မြိုနှင့် ၇ မိုင်အကွာတွင်ရှိသည့် ထီတမောင်းဘုန်းကြီးကျောင်းသို့ ယမန်နေ့ (ဖေဖော်ဝါရီ ၇ ရက်) ကျရောက်ပေါက်ကွဲပြီး ကျောင်းဇရပ်နှင့်ဓမ္မာရု့အဆောက်အဦး ပျက်စီးခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article