ဆီဆိုင်-ဆိုက်ခေါင်ကြားရှိ ပင်စုံလမ်းခွဲတွင် PNO ဂိတ်ဖွင့်ပြီး ပိုက်ဆံတောင်းနေ

သျှမ်းပြည် ဆီဆိုင်-ဆိုက်ခေါင်ကြားရှိ ပင်စုံလမ်းခွဲတွင် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့နာမည်ခံပြီး ဦးခွန်သန်းထိုက်အောင် (ခ) သန်းထိုက်အောင်ဆိုသူမှ ပိုက်ဆံတောင်းနေကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့နာမည်ခံဖြင့် ဆိုက်ခေါင်စံပြကျေးရွာ ရပ်ကွက်သူကြီးဆိုသူ ဦးခွန်သန်းထိုက်အောင် (ခ) ဦးထိုက်အောင်က ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ မတ် ၁ ရက်မှစ၍ ဆီဆိုင်-ဆိုက်ခေါင်ကြားရှိ ပင်စုံလမ်းခွဲမှာ ဂိတ်အသစ်ဖွင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပင်စုံလမ်းခွဲဂိတ်သို့ ဖြတ်လာသည့် ကားများကို တစ်စီးလျှင် ၅ ထောင်ကျပ်၊ စက်သုံးဆီ တင်ဆောင်လာပါက ၂၀ လီတာတစ်ဗူးကို ၃ ထောင်ကျပ်၊ ပီပါ ၁ လုံးကို ၁၅,၀၀၀ ကျပ်နှင့် ပီပါ ၁၀ လုံးကို ၁၅၀,၀၀၀ ကျပ် စသည့်ဖြင့် တောင်းခံနေကြောင်း ဆီဆိုင်မြို့နယ် ကားသမားတစ်ဦးကပြောသည်။

“အစကတော့ ဟုတ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လုံခြုံရေးပေါ့။ အခုတော့ ကားတစ်စီးကို ၅ ထောင်ကျပ်၊ ဒီဇယ်-ဓာတ်ဆီ လီတာ ၂၀ တစ်ဗူးကို ၃ ထောင်ကျပ်၊ ပီပါ ၁ လုံးကို ၁၅,၀၀၀ ကျပ် တောင်းတယ်။ ငွေပေးရင် အကုန်သယ်လို့ရတယ်။ ပိုက်ဆံမပေးရင် ဒီဇယ်၊ ဓာတ်ဆီ အကုန်သိမ်းယူပါတယ်။ ပြောင်းတင်တဲ့ကားတွေလည်း ပိုက်ဆံတောင်းနေတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် လုံခြုံရေးဂိတ်စောင့်ပေးရန်အတွက် ဆိုက်ခေါက်ကျေးရွာ မင်္ဂလာရပ်ကွက်နှင့် တံတားဦးရပ်ကွက်မှ ဒေသခံများကို အလှည့်ကျစနစ်ဖြင့် တစ်ရက်လျှင် ၅ ဦးအထိ စောင့်ပေးရကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ဒေသခံများသည် စားဝတ်နေရေးအတွက် ခက်ခဲနေချိန် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့အစည်းအနေဖြင့် ကူညီပေးရန်လိုအပ်ပြီး ပိုက်ဆံတောင်းခံခြင်းများ မဖြစ်သင့်ကြောင်း ဆိုက်ခေါင်ကျေးရွာ လူငယ်တစ်ဦးက တောင်းဆိုသည်။

“အမှန်တကယ် တောသူ၊ တောင်သားတွေက ခြံလုပ်စားရတာလေ။ ကိုယ့်လူမျိုး အချင်းချင်း ဒီအခြေအနေမှာ ကူညီရိုင်းပင်းရမှာလေ။ ဒီလိုလုပ်နေတာကတော့ မဖြစ်သင့်ဘူး။ တာဝန်ရှိ PNO လူကြီးမင်းများကနေ တာဝန်ယူ ဖြေရှင်းသင့်တယ်။ လက်အောက်ငယ်သားတွေကလည်း ပိုက်ဆံတောင်းဖို့ပဲ သိတယ်။ ကားတစ်စီးလာရင် ဘယ်လို တောင်းရမလဲပဲသိတယ်။ ကျန်တာမကြည့်တော့ဘူး” ဟု ၎င်းကထပ်လောင်းပြောသည်။

အလားတူ ဆီဆိုင်မြို့နယ် ပုံးအင်းဒေသနှင့် တောင်ကြီးမြို့နယ် ပအိုဝ်းလူမျိုး အများစု နေထိုင်သည့် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့မှ ဒေသခံများထံ ကျပ်ငွေ ၁ သိန်းမှ ၁၀ သိန်းအထိ အခွန် (ဆက်ကြေး) ကောက်ခံနေလျှက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...