Tuesday, January 27, 2026

PNO အမိန့်အရ ဆိုက်ခေါင်ဒေသခံများ စစ်ဝတ်စုံနှင့် သေနတ်ကိုင်ဆောင်ကင်းလှည့်ပေးနေရ

သျှမ်းပြည်ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် PNOအဖွဲ့၏ အမိန့်အာဏာအရ ဒေသခံများသည် စစ်ဝတ်စုံနှင့်သေနတ်ကိုင်ဆောင်ပြီး လုံခြုံရေးကင်းလှည့်ပေးနေရကြောင်း စုံစမ်းသိရသည်။

ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ဝင် ဦးခွန်သန်းထိုက်အောင် (ခ) ဦးထိုက်အောင်နှင့် ဦးကောပိတမှ ဦးဆောင်ပြီး တစ်အိမ်လျှင် ၁ ဦး မဖြစ်မနေ ကင်းလှည့်စောင့်ပေးရန် (ဇန်နဝါရီလ ၁၅ ရက်) တွင် အစည်းအဝေးခေါ်ယူပြီး ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဆိုက်ခေါင်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ညောင်ပင်သာရပ်ကွက်နှင့် တံတားဦးရပ်ကွက်နေ ဒေသခံများကို ခေါ်ယူပြီး နေ့ည ကင်းစောင့်ပေးရန် စစ်ဝတ်စုံနှင့်သေနတ်ကိုင် ထုတ်ပေးထားကြောင်း ဆိုသည်။

“ညောင်ပင်သာ၊ တံတားဦးက ကင်းစောင့်ရတယ်။ သူတို့သေနတ်ထုတ်ပေးတယ်။ သူတို့ပြောအရတော့ ကင်းပေါ့။ ယူနီဖောင်းထုတ်ပေးတယ်။ သေနတ်ထုတ်ပေးတယ်။ ရွာအဝင်၊ အထွက်၊ အလယ် ရှိသမျှအဝင်လမ်းတွေအကုန်လုံး ကင်းစောင့်ရတယ်။ နေ့ရောညရောပဲ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ကင်းစောင့်ရန် ငြင်းဆန်ပါက နေအိမ်သိမ်းယူမည်ဟုလည်း ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့က ခြိမ်းခြောက်ခဲ့သေးကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ တစ်ရပ်ကွက်လျှင် လူအယောက် ၃၀ ပေးရန်အတွက် ပအိုဝ်းပြည်သူ့စစ် PNO ကို လိုက်လံခေါ်ယူခိုင်းစေပြီး လူမပေးနိုင်ပါက အကြိုအပို့လုပ်ပေးရန် တစ်ရပ်ကွက်လျှင် တစ်ရက် ကား ၃ စီးပေးရမည်ဟု PNO ကဒေသခံများကို ပြောကြားခဲ့သည်။

“လူ ၃၀ ပေးရတယ်။ မပေးနိုင်တဲ့ရပ်ကွက်က သူတို့သွားချင်တဲ့နေရာကို တစ်ရက် ကား ၃ စီးပေးရတယ်။ နောက်ညောင်ပင်သာနဲ့ တံတားဦးရပ်ကွက်က လူအယောက် ၈၀ အတွက်ကို ထမင်း၊ ဟင်း ချက်ပေးနေရတယ်။ ပြီးတော့ဆိုက်ခေါင်အရှေ့ဘက် အမြောက်တပ်ရှိတဲ့နေရာကို သွားပို့ပေးရတယ်” ဟု ဆိုက်ခေါင်ကျေးရွာဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNO တို့ ယခုပြုနေသည့် လုပ်ရပ်များသည် ဒေသခံများကို တိုက်ပွဲကြား ပါဝင်လာအောင် အနုနည်းဖြင့် ဆွဲခေါ်နေခြင်း ဖြစ်ကြောင်း ဒေသအတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ဒါက ကျနော်တို့ ဒေသခံတွေကို အနုနည်းနဲ့ပေါ်တာဆွဲတာပဲ။ သူတို့အစည်းအဝေးခေါ်တယ်။ ဘယ်ရပ်ကွက်မှ မလုပ်ချင်ဘူး။ တစ်ရပ်ကွက်ကို သုံးလေးကြိမ် ခေါ်တယ်။ တစ်ယောက်မှလည်းမလာကြဘူး။ အခုက မလာမချင်း တစ်အိမ် တစ်ယောက် မလာရင် အိမ်သိမ်းမယ်ဆိုတာ ပြောလိုက်တယ်။ သိမ်းခံရမှာကြောက်တော့ ပိုက်ဆံရှိတဲ့ရပ်ကွက်တွေကတော့ ကားတွေ ငှားပေးကြတယ်။ပိုက်ဆံမရှိတဲ့ ရပ်ကွက်တွေက ကင်းစောင့်ပေးရတာပေါ့” ဟု ဒေသအတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့လက်အောက်ခံဖြစ်သည့် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ထိန်းချုပ်ရာ နယ်မြေဒေသအတွင်း ရပ်ရွာလုံခြုံရေးအတွက် တစ်ရွာလျှင် အမျိုးသား ၅ ဦး စစ်မှုထမ်းခိုင်းစေရန်အတွက် ဇန်နဝါရီလ ၂၇ ရက်ကတည်းက လက်နက်နှင့် ခဲယမ်းပစ္စည်းထောက်ပံ့ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...