PNO အမိန့်အရ ဆိုက်ခေါင်ဒေသခံများ စစ်ဝတ်စုံနှင့် သေနတ်ကိုင်ဆောင်ကင်းလှည့်ပေးနေရ

သျှမ်းပြည်ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် PNOအဖွဲ့၏ အမိန့်အာဏာအရ ဒေသခံများသည် စစ်ဝတ်စုံနှင့်သေနတ်ကိုင်ဆောင်ပြီး လုံခြုံရေးကင်းလှည့်ပေးနေရကြောင်း စုံစမ်းသိရသည်။

ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ဝင် ဦးခွန်သန်းထိုက်အောင် (ခ) ဦးထိုက်အောင်နှင့် ဦးကောပိတမှ ဦးဆောင်ပြီး တစ်အိမ်လျှင် ၁ ဦး မဖြစ်မနေ ကင်းလှည့်စောင့်ပေးရန် (ဇန်နဝါရီလ ၁၅ ရက်) တွင် အစည်းအဝေးခေါ်ယူပြီး ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဆိုက်ခေါင်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ညောင်ပင်သာရပ်ကွက်နှင့် တံတားဦးရပ်ကွက်နေ ဒေသခံများကို ခေါ်ယူပြီး နေ့ည ကင်းစောင့်ပေးရန် စစ်ဝတ်စုံနှင့်သေနတ်ကိုင် ထုတ်ပေးထားကြောင်း ဆိုသည်။

“ညောင်ပင်သာ၊ တံတားဦးက ကင်းစောင့်ရတယ်။ သူတို့သေနတ်ထုတ်ပေးတယ်။ သူတို့ပြောအရတော့ ကင်းပေါ့။ ယူနီဖောင်းထုတ်ပေးတယ်။ သေနတ်ထုတ်ပေးတယ်။ ရွာအဝင်၊ အထွက်၊ အလယ် ရှိသမျှအဝင်လမ်းတွေအကုန်လုံး ကင်းစောင့်ရတယ်။ နေ့ရောညရောပဲ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ကင်းစောင့်ရန် ငြင်းဆန်ပါက နေအိမ်သိမ်းယူမည်ဟုလည်း ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့က ခြိမ်းခြောက်ခဲ့သေးကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ တစ်ရပ်ကွက်လျှင် လူအယောက် ၃၀ ပေးရန်အတွက် ပအိုဝ်းပြည်သူ့စစ် PNO ကို လိုက်လံခေါ်ယူခိုင်းစေပြီး လူမပေးနိုင်ပါက အကြိုအပို့လုပ်ပေးရန် တစ်ရပ်ကွက်လျှင် တစ်ရက် ကား ၃ စီးပေးရမည်ဟု PNO ကဒေသခံများကို ပြောကြားခဲ့သည်။

“လူ ၃၀ ပေးရတယ်။ မပေးနိုင်တဲ့ရပ်ကွက်က သူတို့သွားချင်တဲ့နေရာကို တစ်ရက် ကား ၃ စီးပေးရတယ်။ နောက်ညောင်ပင်သာနဲ့ တံတားဦးရပ်ကွက်က လူအယောက် ၈၀ အတွက်ကို ထမင်း၊ ဟင်း ချက်ပေးနေရတယ်။ ပြီးတော့ဆိုက်ခေါင်အရှေ့ဘက် အမြောက်တပ်ရှိတဲ့နေရာကို သွားပို့ပေးရတယ်” ဟု ဆိုက်ခေါင်ကျေးရွာဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNO တို့ ယခုပြုနေသည့် လုပ်ရပ်များသည် ဒေသခံများကို တိုက်ပွဲကြား ပါဝင်လာအောင် အနုနည်းဖြင့် ဆွဲခေါ်နေခြင်း ဖြစ်ကြောင်း ဒေသအတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ဒါက ကျနော်တို့ ဒေသခံတွေကို အနုနည်းနဲ့ပေါ်တာဆွဲတာပဲ။ သူတို့အစည်းအဝေးခေါ်တယ်။ ဘယ်ရပ်ကွက်မှ မလုပ်ချင်ဘူး။ တစ်ရပ်ကွက်ကို သုံးလေးကြိမ် ခေါ်တယ်။ တစ်ယောက်မှလည်းမလာကြဘူး။ အခုက မလာမချင်း တစ်အိမ် တစ်ယောက် မလာရင် အိမ်သိမ်းမယ်ဆိုတာ ပြောလိုက်တယ်။ သိမ်းခံရမှာကြောက်တော့ ပိုက်ဆံရှိတဲ့ရပ်ကွက်တွေကတော့ ကားတွေ ငှားပေးကြတယ်။ပိုက်ဆံမရှိတဲ့ ရပ်ကွက်တွေက ကင်းစောင့်ပေးရတာပေါ့” ဟု ဒေသအတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့လက်အောက်ခံဖြစ်သည့် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ထိန်းချုပ်ရာ နယ်မြေဒေသအတွင်း ရပ်ရွာလုံခြုံရေးအတွက် တစ်ရွာလျှင် အမျိုးသား ၅ ဦး စစ်မှုထမ်းခိုင်းစေရန်အတွက် ဇန်နဝါရီလ ၂၇ ရက်ကတည်းက လက်နက်နှင့် ခဲယမ်းပစ္စည်းထောက်ပံ့ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...