Tuesday, January 27, 2026

(PNO/PNA) ပြုလုပ်သည့် စစ်သင်တန်းကို ဒေသခံ လူငယ်များက မလိုလား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) ပြုလုပ်သော ရပ်ရွာလုံခြုံရေး စစ်သင်တန်းကို ဒေသခံလူငယ်များက သဘောမကျကြောင်း စုံစမ်းသိရှိရသည်။

PNO မှ ပြုလုပ်သည့် စစ်သင်တန်း

စစ်အာဏာသိမ်းပြီး ၂၀၂၂ မေလမှ စပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) က တစ်အိမ်လျှင် ငွေ ၃ သောင်းနှင့် ဆန်တစ်ပြည်ကို တောင်းခံခဲ့ပြီး ရပ်ရွာလုံခြုံရေးအတွက် ကျေးရွာတစ်ခုကို အမျိုးသားလူငယ် အယောက် ၂၀ တောင်းခံခဲ့ကြောင်း သိရသည်။

လက်ရှိ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) စစ်သင်တန်းခေါ်ယူခြင်းသည် စုစုပေါင်း (၇) ကြိမ်မြောက် ရှိလာပြီဖြစ်ကြောင်း အဆိုပါ စစ်သင်တန်း နှင့် ပတ်သက်ပြီး လူများထပ်မံခေါ်ဆောင်နေရာမှာ ဒေသခံလူငယ်များက မလိုလားကြောင်း ဆိုက်ခေါင်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“သူတို့ ရွာမှာခေါ်နေတာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့သူတွေ တော်တော်များများပါတယ်။ တချို့ အသက် ၅၀ အထက် အသက် ၆၀ နီးပါးလည်း ပါတယ်။ ကျနော့် လူငယ်တွေတော့ ဘယ်သူ့မှ မဝင်ချင်ဘူး။ သူတို့က စစ်တပ်နဲ့ပေါင်းတော့ သိပ်သဘောမတွေ့ဘူး။ သူတို့က စစ်တပ်နဲ့ မပေါင်းရင် လူငယ်တွေ တော်တော်များများ သွားလောက်တယ် “ ဟု ၎င်းက ပြောသည်။

PNO မှ ပြုလုပ်သည့် စစ်သင်တန်း

အဆိုပါ စစ်သင်တန်းသည် ၁၇ ရက်သာကြာပြီး စစ်သင်တန်းတတ်မြောက်ပြီးသူတိုင်း ရပ်ရွာလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ရကြောင်း သိရသည်။

ယခင် စစ်အာဏာ မသိမ်းခင်က ပအိုဝ်းပြည်သူ့စစ် (PNO/PNA) သည် ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းကို တစ်ကြိမ်မျှ မခေါ်ဖူးကြောင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စစ်သင်တန်းပြုလုပ်လာသည့်အပေါ်မှာ ဒေသခံများ၏ လိုအပ်ချက်များတစ်ခုအဖြစ် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု စစ်သင်တန်းတက်ရောက်သူ အမျိုးသားတစ်ဦးကပြောသည်။

“ သူတို့ ဘာရည်ရွက် နဲ့ စစ်သင်တန်းခေါ်ဆောင်တာလဲတော့ ကျနော်လည်း သိပ်မသိဘူး။ ဒါပေမယ့် ကျနော် နားလည်တာတော့ လိုအပ်ချက်တစ်ခု အနေနဲ့ ဒီခေတ် ဒီကာလမှာ လုပ်မယ့်အရာလို့ဘဲ ထင်ပါတယ် “ ဟု စစ်သင်တန်း တက်ရောက်ပြီးသူ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက ပြောသည်။

ပအိုဝ်းပြည်သူ့စစ် (PNO/PNA) စစ်သင်တန်းခေါ်ဆောင်မှုနှင့် ပတ်သက်ပြီး ဒေသခံလူငယ်များမှာ သဘောမကျသလို တချို့မှာလည်း စစ်သင်တန်း ပြုလုပ်ရမည်ကို စိုးရိမ်ကြောက်လန့်နေသဖြင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးတိမ်းရှောင်နေသူများလည်း ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...