Saturday, April 20, 2024

တောင်ကြီးခရိုင်

တောင်ကြီးခရိုင်ရှိ ဝန်ထမ်းအားလုံး စစ်တပ်အရန် အင်အား ဖွဲ့စည်းရန် ညွှန်ကြားစာ ထွက်လာ

သျှမ်းပြည် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အားလုံး စစ်တပ်အရန်အင်အား အဖြစ် တပ်ရင်းအသွင် ဖွဲ့စည်းကြရန် ညွှန်ကြားစာ ထုတ်ပြန်လာကြောင်း သတင်းရရှိသည်။ . ယခု သြဂုတ် ၉ ရက်စွဲဖြင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားလုံးကို စစ်တပ်၏ အရန် အင်အား အဖြစ်...

တစ်ပတ်အတွင်း တောင်ကြီးခရိုင် လူငယ် ၁၅ ဦးထက်မနည်း စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးခရိုင်ရှိ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ် နှင့် ရပ်စောက်မြို့နယ်တို့မှ ဒေသခံ လူငယ် ၁၅ ဦးထက်မနည်းကို တော်လှန်ရေး နှင့် ပတ်သက်သည်ဟုဆိုပြီး စစ်ကောင်စီက လာရောက် ဖမ်းဆီးခြင်းဖြစ် ကြောင်း သတင်းရရှိသည်။ . ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှ ၇ ရက်အထိ ဒေသအတွင်းမှ...

ညောင်ရွှေမြို့နယ် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် နမ့်ပန်ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်) ညသန်းခေါင်အချိန်၌ ညောင်ရွှေမြို့နယ် နမ့်ပန်ကျေးရွာအုပ်စု ပေါက်ပါးရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၂၆ နှစ် အရွယ်ရှိ ကိုအောင်ငွေတိုးအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့...

မိုးရွာသွန်းရာကနေ မိုးသီးတွေ ပါကျသောကြောင့် နေအိမ်များ ပျက်စီး

သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်အတွင်း ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၅ နာရီမှစပြီး မိုးသည်းထန်စွာ ရွာသွန်းချိန် မိုးသီးများပါကျသောကြောင့် နေအိမ် အများအပြား ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက်အစောပိုင်း ၅ နာရီမှစပြီး ရပ်စောက်မြို့နယ်...

ရွာငံမြို့နယ်တွင်း နှမ်းဈေးကျ

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း နှမ်းစိုက်ပျိုးသူများအတွက် ယခုနှစ်အတွင်း ဈေးနှုန်းမရှိကြောင်း စုံစမ်းသိရှိရသည်။ ယခင်နှစ် နှမ်း တစ်ပိဿလျှင် မြန်မာကျပ်ငွေ (၁၂,၀၀၀) ကျပ် ထိရရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ တစ်ပိဿလျှင် မြန်မာကျပ်ငွေ (၄,၅၀၀) ကျပ် ထိသာ ရရှိတော့ကြောင်း သိရသည်။ “ အရင်နှစ်တွေက တစ်ပိဿကို...

မိုးဗြဲမြို့ စစ်ဘေးရှောင် စခန်းများ ရေခက်ခဲမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အတွင်း စစ်ဘေးရှောင် စခန်းများတွင် ရေများရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောများ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ ယခု နွေဦးကာလအတွင်းတွင် ရာသီဥတု ပြောင်းလဲမှု နှင့် ရေများရှားပါးမှုကြောင့် ဝမ်းလျှောမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ “ အစတော့ ရာသီဥတုကြောင့်ဖြစ်တာ ထင်နေတာ။ ဒါမှမဟုတ် ကျနော်တို့ စစ်ဘေးရှောင်တွေ...

မိုးဗြဲမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်ကြီး မှားပစ်ရာမှ စစ်ကောင်စီ တပ်သား (၅) ဦးသေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ လက်နက်ကြီးမှ နေရာမှားပစ်ခဲ့သည့်အတွက်ကြောင့် စစ်ကောင်စီ (၅) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၈) ရက် နံနက် ၉ နာရီမှ...

ပင်းတယမြို့နယ် ဘုန်းကြီးတစ်ပါး မင်္ဂလာ ပန်းရထားပေါ် ပြုတ်ကျ ခြေထောက်ကျိုး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ် ပွေးလှမြို့ ရေဂနိုင်ကျေးရွာ ထီးတင်ပွဲပြုလုပ်ရာ ဘုန်းကြီးတစ်ပါးသည် မင်္ဂလာပန်းရထားပေါ် ပြုတ်ကျရာမှ ခြေထောက်ကျိုးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်တွင် ပင်းတယမြို့နယ် ရေဂနိုင်ကျေးရွာတွင် ထီးတင်ပွဲပြုလုပ်ရာတွင် ဘုန်းကြီးတပါး မင်္ဂလာပန်းရထားဖြင့် စေတီပေါ်သို့ စီးသွားရာတွင် စေတီမရောက်ခင် ပြုတ်ကျပြီး ခြေထောက်ကျိုးသွားခဲ့ကြောင်း...

ဆိုင်ခန်းများ ဖြိုဖျက်ပျက်စီးခံရပြီးနောက် အလုပ်လက်မဲ့ဖြင့် အိမ်ခန်းငှားခ စရိတ်တွေ အခက်ကြုံနေ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်း ဆိုင်ခန်းများ ဖြိုဖျက်ခံရပြီးနောက် အလုပ်လက်မဲ့ဖြင့် အိမ်ခန်းငှားခ စရိတ်များ အခက်ကြုံတွေ့နေ ရကြောင်း သိရှိရသည်။ စစ်တပ်သည် ၎င်းတို့၏ တပ်ပိုင်နယ်မြေဟုဆိုပြီး တပ်ပိုင်နယ်မြေအတွင်း ရောက်ရှိသည့် ဆေးတပ်ရင်း၊ အမှတ် (၂၆၂) တပ်ထိန်း၊ စုဆောင်းရေး တပ်ဖွဲ့ရုံး နှင့်...

(PNO/PNA) ပြုလုပ်သည့် စစ်သင်တန်းကို ဒေသခံ လူငယ်များက မလိုလား

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) ပြုလုပ်သော ရပ်ရွာလုံခြုံရေး စစ်သင်တန်းကို ဒေသခံလူငယ်များက သဘောမကျကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီး ၂၀၂၂ မေလမှ စပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO/PNA) က တစ်အိမ်လျှင် ငွေ ၃ သောင်းနှင့် ဆန်တစ်ပြည်ကို တောင်းခံခဲ့ပြီး...

Latest news