သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ယနေ့ (ဧပြီ ၂)ရက် နေ့ မနက် ၉ နာရီအချိန်တွင် ထပ်မံတွေ့ရှိရကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့များထံမှ သတင်းရရှိသည်။
ယနေ့ (ဧပြီ ၂) ရက်နေ့ မနက် ၉ နာရီခန့်အချိန်တွင် တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နယ် အသီးသီးမှ မီးသတ်အဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များမှ ပူးပေါင်ရှာဖွေ ကယ်ဆယ်မှုများကြောင့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအားထပ်မံရှာတွေ့ခဲ့သည်။

လက်ရှိအချိန်တွင်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေပြီး စုစုပေါင်း သေဆုံးသူဦးရေ ၁၂ ဦးရှိလာကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းထန် ငလျင်ကြောင့် ဟိုတယ် အောင်ပန်းပြိုကျခဲ့ပြီး လူဦးရေ ၃၀ ဦးထက်မနည်း ပိတ်မိနေခဲ့ပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။












Leave a Comments