ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦးရုပ်အလောင်းထပ်မံတွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသော အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ယနေ့ (ဧပြီ ၂)ရက် နေ့ မနက် ၉ နာရီအချိန်တွင် ထပ်မံတွေ့ရှိရကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် အဖွဲ့များထံမှ သတင်းရရှိသည်။

ယနေ့ (ဧပြီ ၂) ရက်နေ့ မနက် ၉ နာရီခန့်အချိန်တွင် တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နယ် အသီးသီးမှ မီးသတ်အဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များမှ ပူးပေါင်ရှာဖွေ ကယ်ဆယ်မှုများကြောင့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအားထပ်မံရှာတွေ့ခဲ့သည်။

ဟိုတယ် အောင်ပန်း ငလျင်ကြောင့် ပြိုကျသည့်အဆော်ကအဉီထဲ ရုပ်အလောင်း ထုတ်လာစဉ်

လက်ရှိအချိန်တွင်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေပြီး စုစုပေါင်း သေဆုံးသူဦးရေ ၁၂ ဦးရှိလာကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းထန် ငလျင်ကြောင့် ဟိုတယ် အောင်ပန်းပြိုကျခဲ့ပြီး လူဦးရေ ၃၀ ဦးထက်မနည်း ပိတ်မိနေခဲ့ပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘိန်းစိမ်း ဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်ကြီးခရိုင်အတွင်း ကော်ဖီအစားထိုး စိုက်ပျိုးမှုတွေရှိလာ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့်   ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...

အင်းလေးဒေသ မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန် အနီး ကြာတောရွာတွင် မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်သွားပြီး ဒေသခံများ အခက်တွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဧပြီလ (၂၇)ရက် နေ့လည် (၁)နာရီကျော် တွင် မိုးများပြင်းထန်စွာရွာသွန်းပြီး မိုးသီးများကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ငလျင်ဒဏ်ကြောင့် ဖြိုထားသည့်...

ပင်လောင်းမြို့နယ် ငလျင်ဒဏ်ကြောင့် နေအိမ် ၇၆၀ ကျော်ပျက်စီး၊ ကူညီမှုများ မရှိသလောက်နည်းပါး

0
ငလျင်ဒဏ်ကြောင့် နေအိမ် ၇၀၀ ကျော်ပျက်စီးသွားသည့် ပင်လောင်းမြို့နယ်တွင် လာရောက်ကူညီသူ နည်းပါးပြီး ယာယီနေထိုင်ရန် တဲနှင့် အမိုးအကာများ အကူအညီ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြင်းအား ရစ်တာစကေး ၇.၇ အဆင့်ရှိ စစ်ကိုင်းအနီး ဗဟိုပြုလှုပ်ခတ်သည့် ငလျင်ကြောင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၅...

ငလျင်ဒဏ်နောက်ဆက်တွဲ သျှမ်းပြည်အတွင်း ပြန်လည်ထူထောင်ရန် အကူအညီများစွာလိုအပ်နေ

0
သျှမ်းပြည်အတွင်း ငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် အကူအညီ များစွာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူ (၄,၂၁၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး...