ငလျင်ဒဏ်နောက်ဆက်တွဲ သျှမ်းပြည်အတွင်း ပြန်လည်ထူထောင်ရန် အကူအညီများစွာလိုအပ်နေ

သျှမ်းပြည်အတွင်း ငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် အကူအညီ များစွာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူ (၄,၂၁၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၆,၅၈၈) ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

အလားတူ အဆိုပါနေ့ တစ်ရက်တည်း၌ သျှမ်းပြည်တွင်လည်း အင်အား ၅ ရစ်ချ်တာစကေးထက် မနည်းသည့် ငလျင်တဆက်တည်း လှုပ်ခတ်ခဲ့ပြီး သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး အင်းလေးအပြင် ပင်လောင်း၊ အောင်ပန်း၊ တောင်ကြီး၊ မိုးနဲ၊ မောက်မယ် စသည့် မြို့နယ်များတွင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။

အင်းလေးဒေသတွင် ယမန်နှစ်၂၀၂၄ ခုနှစ် စက်တင်ဘာလက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေမြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံ ပြဿနာ အကြီးအကျယ် ကြုံတွေ့ခဲ့ရသည့်အပြင် ယခုအခါ ထပ်မံ၍ ငလျင်ဒဏ်ကြောင့် အိမ်များ လုံးဝပြိုလဲပျက်စီးခဲ့ပြီး မွေးကင်းစ ကလေးငယ်များ အပါအဝင် အရပ်သား စုစုပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့သည်။

ထို့အပြင် အင်းလေးဒေသရှိ ကျေးရွာများတွင် ငလျင်ဒဏ်ကြောင့် လူနေအိမ် (၂,၅၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ထိုအထဲမှ အိမ်ခြေ (၁,၃၀၀) ကျော်မှာ လူနေထိုင်၍ မရအောင် လုံးဝ ပျက်စီးသွားခဲ့သည်။

လက်ရှိအချိန်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ဒေသခံများကို ပြည်သူအချင်းချင်း ပြန်လည်ကူညီ ထောက်ပံ့နေရပြီး အကူအညီများစွာ လိုအပ်နေဆဲဖြစ်ကြောင်း မြေပြင်တွင် ကူညီလုပ်ကိုင်ပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

အင်းလေး ငလျင်ဘေးသင့်

မြေပြင်တွင် ကူညီကယ်ဆယ်ပေးနေသူများ၏ စာရင်းများအရ အင်းလေးဒေသရှိ ကျေးရွာအုပ်စု ၁၁ အုပ်စုမှ ကျေးရွာပေါင်း ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ပြီး ၎င်းတို့ထဲမှ ကေလာကျေးရွာအုပ်စုနှင့် ဟဲယာရွာမတို့တွင် အထိအခိုက် အများဆုံး ဖြစ်ခဲ့သည်။

“ခုက တချို့ရွာတွေတော့ အိမ်တွေဖျက်ပြီးတော့ အသစ်ပြန်ဆောက်နေကြပြီ။ တချို့ရွာတွေက ဆင်းရဲတော့ အကူအညီတွေ အများကြီး လိုအပ်နေတုန်းပဲ။ လျှပ်စစ်မီးလည်း မရသေးတော့ ဆိုလာမီးလုံးတွေ လိုတယ်၊ လာလှူပေးတဲ့သူတွေရှိပေမယ့် တစ်ရွာလုံးမှ ၅ လုံးပဲ ရတော့ မဲနှိုက်ပြီး ကံကောင်းမှ ရတယ်” ဟု အင်းလေးဒေသအတွင်း ကူညီပေးနေသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင်လည်း မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် “အောင်ပန်း ဟိုတယ်”တစ်လုံးပြိုကျခဲ့ပြီး လူ ၂၅ ဦးခန့် ပိတ်မိသွားခဲ့ပြီး လူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကာ ကူညီကယ်ဆယ်ရေးများ၏ ရှာဖွေမှုများကြောင့် ပိတ်မိနေသူများအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။

ဟိုတယ် အောင်ပန်းငလျင်ဒဏ်ကြောင့် ပြိုကျ

အလားတူ ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငလျင်ကြောင့် လူနေအိမ် ၁၀၀ ခန့် ပြိုကျပျက်စီးခဲ့ပြီး နန်းပန် ကျေးရွာတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း နေအိမ်ပျက်စီးမှုများအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်နေပြီး ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များ ရှိနေသော်လည်း လာရောက်ကူညီခြင်း မရှိသေးကြောင်း နန်းပန်ကျေးရွာအနီး နေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် ငလျင်ဒဏ် ပြင်းထန်စွာခံစားခဲ့ရသော သျှမ်းပြည်တောင်ပိုင်း မြို့နယ်များသို့ ပြည်သူအချင်းချင်း ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်နေသော်လည်း အစိုးရ အဖွဲ့အစည်း၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ လာရောက်ကူညီမှု နည်းပါးနေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

အင်းလေးဒေသ ရေခမ်းခြောက်မှု ယခင်ကထက် ပိုဆိုးလာ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု မပြုလုပ်နိုင်သဖြင့် ယခင်ကထက် ရေခမ်းခြောက်မှု ပိုမိုဆိုးရွားလာကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ နုန်းစုပ်စက်ကြီးကို အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် နိုင်ငံရေး အပြောင်းအလဲကြောင့် အင်းလေးကန် ရှင်းလင်းမှု ရပ်တန့်ခဲ့သည်။ ထို့ကြောင့် အင်းလေးကန်ကို ၁၀ နှစ်ကျော်ကြာ...

စစ်တပ်လက်အောက်ခံ ရဲနှင့် PNO မူးယစ်ဆေးရောင်းသူကို မဖမ်းဘဲ သုံးစွဲသူကို ပစ်မှတ်ထားဖမ်းနေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ပုံးအင်းဒေသနှင့် ရွာငံမြို့နယ်တို့တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO များက မူးယစ်ဆေးဝါး ရောင်းသူများကို မဖမ်းဘဲ သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး...