အင်းလေးဒေသ မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန် အနီး ကြာတောရွာတွင် မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်သွားပြီး ဒေသခံများ အခက်တွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဧပြီလ (၂၇)ရက် နေ့လည် (၁)နာရီကျော် တွင် မိုးများပြင်းထန်စွာရွာသွန်းပြီး မိုးသီးများကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ငလျင်ဒဏ်ကြောင့် ဖြိုထားသည့် အိမ်သွပ်အမိုးများ လေထဲသို့ လွင့်ပါခြင်း၊ ယာယီတဲ မိုးကာများလည်း လန်ထွက်သွားခြင်းများကြောင့် ပြည်သူများ ကြောက်လန့်ခဲ့ရသည်ဟု အင်းလေး ဒေသခံ များထံမှ သိရသည်။

“မနေ့တုန်းကတော့ မိုးတွေရွာ လေတွေတိုက်တယ်။ မိုးသီးတွေလည်းပါတယ်။ အရမ်းကြီး ထိခိုက် တာမျိုးတော့ မဟုတ်ဘူး။ အမိုးတွေလန်ကုန်တယ်။ယာယီတဲ မိုးကာနဲ့ပဲနေရတယ်ဆိုတော့ လေတိုက်တော့ အကုန်လန်ထွက်ကုန်တယ်။ ပြည်သူတွေလည်း မိုးထဲ လေထဲမှာ ကြောက်ကြောက်လန့်လန့်နဲ့ နေရတယ်။” ဟု အင်းလေး ငလျင်ဒဏ်သင့် ကူညီနေသည့် အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အိမ်များကို ပြန်လည်ပြင်ဆင်ရန်လိုအပ်ပြီး မြေကျွံသွားသည့် အိမ်များကို သစ်သားတစ်ချောင်းခြင်း လိုက်လံ ဆွဲနုတ်ရသောကြောင့် ပြန်လည်ပြင်ဆင်ရန် အချိန်ကြာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး အင်းလေးဒေသတွင် ငလျင်ဒဏ်သင့် ပြည်သူ (၂၀၀၀)ဦးမျှရှိပြီး အိမ်များကို ပြန်လည်ပြင်ဆင်ရန် လူအင်အား၊ငွေအင်အားများလည်း လိုအပ်နေပြီး ဝါးတစ်လုံးကကျပ်(၁၈၀၀၀)ဖြင့် ဝယ်ယူနေကြရသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အင်းလူငယ် တစ်ဦးက ပြောသည်။

“အချိန်လည်း အများကြီးယူရမယ်။ လူအင်အား ငွေအင်အား အစရှိသဖြင့်ပေါ့လေ။ တော်တော်တော့ မလွယ်ဘူး။ ဝါးတစ်လုံးကို ကျပ်(၁၈၀၀၀)ပေးဝယ်ရတယ်။ဒါကတော့ ဈေးများတယ်လို့ မယူဆပါဘူး။ ဝါးခုတ်ရတာ။သယ်ရတာ ပို့ရတာနဲ့ဆို ဒီဈေးက အဆင်ပြေတယ်။ ဝါးတစ်လုံးကို ကျပ်(လေးသောင်း)မျိုး ပေးဝယ်နေရရင်တော့ ဒါမဟုတ်တော့ဘူး။” ဟု အဆိုပါ လူငယ်တစ်ဦးက ပြောသည်။

အလားတူ ကရင်နီပြည်နယ် ဒီးမောဆို့ ဘက်တွင်လည်း မိုးသက်လေပြင်းကြောင့် စစ်ရှောင်တဲများ ရေဝင်ခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးထံမှသိရသည်။

“မနေ့က မိုးရွာ လေတိုက်တယ်။မိုးကာနဲ့ဆိုတော့ အပေါ်လည်းမလုံ ဘေးလည်းမလုံဘူး။ ဒါတောင် မိုးအစပဲရှိသေးတယ်။မိုးရာသီဆို ဘယ်လိုနေမလဲ မသိဘူး။” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် ဒီမောဆို့ မြို့နယ် အနောက်ဘက်ခြမ်းတွင် မနေ့က မိုးသက်လေပြင်းကြောင့် တောင်ပေါ်မှ ကျောက်တုံးလမ့်ကျပြီး ပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ရသည်ဟု သိရသည်။

ယမန်နေ့ ဧပြီလ (၂၇)ရက်တွင် မိုးသက်လေပြင်းကြောင့် သျှမ်းပြည်တစ်ဝန်း နေအိမ်များ ပျက်စီးခြင်း စိုက်ခင်းများပျက်စီးခြင်းများ တွေ့ကြုံခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

အင်းလေးဒေသ ရေခမ်းခြောက်မှု ယခင်ကထက် ပိုဆိုးလာ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု မပြုလုပ်နိုင်သဖြင့် ယခင်ကထက် ရေခမ်းခြောက်မှု ပိုမိုဆိုးရွားလာကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်သည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ နုန်းစုပ်စက်ကြီးကို အသုံးပြုနိုင်ခြင်း မရှိသည့်အပြင် နိုင်ငံရေး အပြောင်းအလဲကြောင့် အင်းလေးကန် ရှင်းလင်းမှု ရပ်တန့်ခဲ့သည်။ ထို့ကြောင့် အင်းလေးကန်ကို ၁၀ နှစ်ကျော်ကြာ...

စစ်တပ်လက်အောက်ခံ ရဲနှင့် PNO မူးယစ်ဆေးရောင်းသူကို မဖမ်းဘဲ သုံးစွဲသူကို ပစ်မှတ်ထားဖမ်းနေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ပုံးအင်းဒေသနှင့် ရွာငံမြို့နယ်တို့တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO များက မူးယစ်ဆေးဝါး ရောင်းသူများကို မဖမ်းဘဲ သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး...