ပင်လောင်းမြို့နယ် ငလျင်ဒဏ်ကြောင့် နေအိမ် ၇၆၀ ကျော်ပျက်စီး၊ ကူညီမှုများ မရှိသလောက်နည်းပါး

ငလျင်ဒဏ်ကြောင့် နေအိမ် ၇၀၀ ကျော်ပျက်စီးသွားသည့် ပင်လောင်းမြို့နယ်တွင် လာရောက်ကူညီသူ နည်းပါးပြီး ယာယီနေထိုင်ရန် တဲနှင့် အမိုးအကာများ အကူအညီ လိုအပ်နေကြောင်း သတင်းရရှိသည်။

ပြင်းအား ရစ်တာစကေး ၇.၇ အဆင့်ရှိ စစ်ကိုင်းအနီး ဗဟိုပြုလှုပ်ခတ်သည့် ငလျင်ကြောင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၅ ရွာ၊ နေအိမ် စုစုပေါင်း ၇၆၀ အထက် ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်။

လက်ရှိတွင် ငလျင်ဒဏ်ကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရာ နေအိမ်အတွင်း နေထိုင်၍ မရသည့် ဒေသခံများသည် ခြံဝင်းအတွင်း တဲဆောက်၍ နေထိုင်‌ခြင်းနှင့် နီးစပ်ရာ ဆွေမျိုး၊ အိမ်နီးချင်းတို့တွင် နေထိုင် နေကြကြောင်း ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အများစုကတော့ နီးစပ်ရာ အိမ်နီးနားချင်း အိမ်တွေမှာ နေနေကြတာပေါ့။ သူများအိမ်နားမှာ တဲထိုးပြီး နေကြရတာ။ ချက်ချင်းကြီး ပြန်လည်ထူထောင်ဖို့လည်း မဖြစ်နိုင်ကြဘူးလေ။ လာကူညီ တာမျိုးလည်း မရှိဘူး။ ဘယ်သူ့ကို အကူအညီ တောင်းလို့ တောင်းရမလဲ မသိဘူး”ဟု ငလျင်ဒဏ်ကြောင့် နေအိမ်ပျက်စီးသွားသည့် ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပင်လောင်းငလျင်ဒဏ်သင့်အိမ်များ

နေအိမ်များ ပြိုကျပျက်စီးသွားသည့် ဒေသခံများသည် ပြန်လည်ထူထောင်ရန် အကူအညီများ လိုအပ်နေပြီး၊ အချို့သော လုံးဝမပျက်စီးသည့် အိမ်များသည်လည်း အက်ကွဲမှု ကြီးကြီးမားမား ဖြစ်နေသည့် အတွက် နေထိုင်ရန် အဆင်မပြေကြကြောင်း သိရသည်။

ထို့ပြင် နေအိမ်များ ပြိုကျပျက်စီးသွားသည့် ကျေးရွာအချို့သည် ပင်လောင်းမြို့နှင့် အလှမ်းဝေး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး လာရောက်ကူညီသူ၊ အဖွဲ့အစည်းများ မရှိသလောက် နည်းပါးနေပြီး ဒေသခံများ ယာယီနေထိုင်ရန် အမိုးအကာများ လိုအပ်နေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ရှိသူတစ်ဦးက ထပ်လောင်းပြောသည်။

“ပင်လောင်းမြို့နယ်က အခြားဒေသထက် သတင်း ပေါက်ရောက်မှုက နည်းတယ်။ ကျန်တဲ့ ကျေးရွာတွေကို အဖွဲ့အစည်းတွေကလည်း အနည်းအကျဉ်း လောက်ပဲ ကူညီတာ တွေ့ရသေးတယ်။ အာဏာပိုင် တွေလည်း ဝင်ရောက်ကူညီနေတာမျိုး မတွေ့ရသေးဘူး။ လောလောဆယ်မှာ ယာယီနေထိုင်လို့ရတဲ့ တဲ၊ အမိုးအကာ၊ သွပ်၊ အုတ်တွေ လိုတယ်။ တောင်ကုန်း တလျှောက် ကျေးရွာတွေကြတော့ ရေကန်တွေ ကွဲအက်ကုန်တယ်”ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ (၂၈)ရက်နေ့ လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သျှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် နေအိမ် (၇၅၃) လုံး ပျက်စီး၊ ထိခိုက်ဒဏ်ရာရသူ (၁၂) ဦး နှင့် သေဆုံးသူ( ၂ ) ဦးရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ ထုတ်ပြန်ခဲ့သည်။

ပင်လောင်းမြို့နယ်ရှိ အင်အားပြင် ငလျင်ဒဏ်ခံရသည့် ကျေးရွာပေါင်း ၃၅ ရွာသည် ဝါးလီ၊ ဆောင်းပြောင်း၊ ကောင်ထို၊ ထီယွန်း၊ ကောင်ထိန်၊ ရေအေး၊ နန်းပန်း၊ ဆူးဝါး၊ လုဲင်းလောင်းကျေး၊ ခေါဝ်းပူး၊ ဒင်ႏရွေး၊ ဝါခြော၊ မြောက်ထီဗွာ၊ ပင်ကာလ၊ လုဲင်းခါႏ(လယ်ကြား) တဲင်းထဲက်၊ တပ်ဆုန်း၊ မြေနီကုန်း၊ လိန်းလီ၊ မက္ကော်ကြီး၊ ကောင်လွို(တောင်လေး)၊ ပင်ခွန်၊ ဝါးရန်၊ လွယ်မောင်းတောင်၊ ပင်ပုံ၊ မင်းဘူး၊ ဆောင်းပေါင်၊ လုံးဒင်၊ တခေါက်၊ ဘုရားဖြူ၊ ပင်သာ၊ နဂါးပတ်နှင့် ထီနားကောင်ကျေးရွာများ ပါဝင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

နှစ်စဉ်ကြုံရသည့် ခရမ်းချဉ်သီးပြဿနာ

0
စျေးကွက် ကောင်းလာနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ပျိုးခဲ့သော်လည်း စျေးကွက် မရကာ လမ်းဘေးတွင် သွန်လိုက်ရသည့် အခြေအနေသို့ ထပ်မံရောက်ရှိနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှ စပြီး ခရမ်းချဉ်သီး စျေးနှုန်းသည် တပိဿလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ထိ ထိုးကျဆင်းလာခဲ့သည်။ ခရမ်းချဉ်သီးများသည်...