ညောင်ရွှေမြို့နယ် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် နမ့်ပန်ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီမှ ဖမ်းဆီးသွားသည့်ကိုအောင်ငွေတိုးပုံ

ပြီးခဲ့သည့် (ဧပြီလ ၃ ရက်) ညသန်းခေါင်အချိန်၌ ညောင်ရွှေမြို့နယ် နမ့်ပန်ကျေးရွာအုပ်စု ပေါက်ပါးရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၂၆ နှစ် အရွယ်ရှိ ကိုအောင်ငွေတိုးအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDFနှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့မှ ၎င်း၏နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း ကိုအောင်ငွေတိုးနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အရင်ညက ကျမရဲ့ သူငယ်ချင်းတစ်ယောက် အိမ်မှာနေရင်းနဲ့ ဝင်ဖမ်းသွားတယ်။ PDF နဲ့ ဘယ်လိုအချိတ်အဆက်ရှိတယ် ဆိုပြီး စစ်ကောင်စီက လာဖမ်းသွားတာလည်းတော့ သေချာမသိရဘူး။ ညသန်းခေါင်ကျော်အချိန်မှာပဲ သူနေတဲ့နေအိမ်မှာ ဝင်ဖမ်းသွားတာ “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေးဒေသတွင်းမှ မြင်တွေ့ရသည့် စစ်ကောင်စီ လက်အောက်ခံ ရဲ နှင့် စစ်သား

အဆိုပါ လူငယ်တစ်ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း အင်းလေးဒေသရှိ ပြည်သူများသည် လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း သိရသည်။

အလားတူ ယမန်နေ့ (ဧပြီလ ၅ ရက်) နေ့ခင်းပိုင်းအချိန်တွင် ညောင်ရွှေမြို့ပေါ်ရှိ ဂိမ်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ပြီး ဂိမ်းရောင်းနေသူ ကိုမျိုးကိုလည်း စစ်ကောင်စီမှ သေနတ်ဖောက်ပြီး ဖမ်းဆီးသွားခဲ့သည်ဟု သိထားရသော်လည်း သျှမ်းသံတော်ဆင့်သတင်းဌာနအနေဖြင့် အတည်ပြုမရသေးပေ။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသူ (၂၁,၂၂၂) ဦးရှိပြီး ထိန်းသိမ်းခံရသူ (၁၇,၃၅၅) ဦးရှိရာ သတ်ဖြတ်ခံရသည့် လူဦးရေပေါင်း (၃,၂၁၂) ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ဧပြီ ၅ ရက် ၏ ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဘိန်းစိမ်း ဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်ကြီးခရိုင်အတွင်း ကော်ဖီအစားထိုး စိုက်ပျိုးမှုတွေရှိလာ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့်   ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...