Wednesday, March 22, 2023

မိုးရွာသွန်းရာကနေ မိုးသီးတွေ ပါကျသောကြောင့် နေအိမ်များ ပျက်စီး

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်အတွင်း ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၅ နာရီမှစပြီး မိုးသည်းထန်စွာ ရွာသွန်းချိန် မိုးသီးများပါကျသောကြောင့် နေအိမ် အများအပြား ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးသည်များကျ

ယနေ့ (မတ်လ ၁၄ ရက်) နံနက်အစောပိုင်း ၅ နာရီမှစပြီး ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းမှ မိုးသီးများ ပါကျသောကြောင့် အိမ်ခြေ စုစုပေါင်း ၁၀၀ ကျော်သည် အိမ်ခေါင်မိုးပေါက်ပြီး ပျက်စီးသွားကြောင်း နောင်ဝိုးဒေသခံ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ခေါင်မိုးတွေက အကုန်ပေါက်သွားတာ။ တချို့တွေတောင် ငိုငိုယိုယို နဲ့ အခုအခြေနေ နဲ့ အိမ်ခေါင်မိုးတွေ မလဲနိုင်ဘူး။ တစ်နေ့ရှာမှ တစ်နေ့စားရတဲ့သူတွေဆို အခုအိမ်ခေါင်မိုးတွေ ပြန်ပြင်ဖို့ အတော်လေးကို ခက်ခဲနေတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ မိုးသီးကျမှုကြောင့် နောင်ဝိုးကျေးရွာမှ အိမ်ခြေ ၁၀၀ ကျော်၊ ပန်ပေါ်ကျေးရွာမှ အိမ်ခြေ ၃၀ ကျော်သည် အိမ်ခေါင်မိုး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ရပ်စောက်မြို့နယ်အပြင် မိုင်းကိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တွေမှာလည်း မိုးရွာသွန်းရာကနေ မိုးသီးတွေကျနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article