တောင်ကြီးခရိုင် စစ်ကောင်စီမှခေါ်ဆောင်ခံရသည့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင်သေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခံရသည့် လူငယ်များ ရှေ့တန်းတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။

ထိုသူများသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များမှ စစ်မှုထမ်း အပတ်စဉ် (၅) နှင့် (၆) အတွက် စစ်မှုထမ်းခေါ်ဆောင်ခံသွားရသည့် လူငယ်များဖြစ်ကြသည်။

ဇန်နဝါရီလ (၅) ရက်မှ (၁၀) ရက်အတွင်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးနှင့် ညောင်ရွှေမြို့နယ်တို့မှ စစ်မှုထမ်းအတွက် ခေါ်ဆောင်သွားခံရသော လူငယ်များ ရှေ့တန်း၌ကျဆုံးသွားကြောင်းနှင့် ထိုလူငယ်များတွင် စစ်မှုထမ်းအကျုံးဝင် အသက်အရွယ်မပြည့်မီသေးသည့် အသက် (၁၅) မှ (၁၇) နှစ် အရွယ် ဆယ်ကျော်သက်လူငယ်များပါ ပါဝင်နေကြောင်း သတင်းရရှိသည်။

“ရှေ့တန်းမှာ ကျဆုံးသွားတယ်ဆိုပြီး အိမ်တိုင်ရာရောက်အကြောင်းကြားတာရော၊ အကြောင်းမကြားဘဲ တဆင့်ပြန်သိရတာမျိုးတွေလည်း ရှိနေတယ်၊ နာရေးလုပ်တာ အလောင်းပြန်မရ၊ ဘယ်လိုသေသွားလဲဆိုတာမသိရတာတွေ အတော်များတယ်လို့ကြားတယ်” ဟု ရှေ့တန်း၌ ကျဆုံးသွားသော လူငယ်တစ်ဦး၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ထို့အပြင် စစ်မှုထမ်းအပတ်စဉ် (၆)မှ ဒဏ်ရာရရှိလာသော လူငယ်များသည် အောင်သပြေ နှင့် အောင်ပန်းစစ်ဆေးရုံတို့တွင် ရောက်ရှိနေပြီး ဆေးကုသမှုမပေးကြောင်း သိရသည်။

“အပတ်စဉ် ၆ က ဒဏ်ရာရလာတဲ့ လူငယ်တွေ ထပ်ရောက်တယ်လို့ကြားတယ်၊ တချို့ကို ဆေးမကုဘဲ ပစ်ထားတာ ၄၊ ၅ ရက်ရှိပြီလို့ သိရတယ်” ဟု စစ်ဆေးရုံ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ထိုသို့ ဒဏ်ရာရထားသည့် လူငယ်များတွင် မိမိ၏မိသားစုဝင်များ ပါဝင်ခြင်းရှိ၊ မရှိ စုံစမ်း၍ ပြန်လည် ခေါ်ယူစေလိုကြောင်း ၎င်းကဆက်ပြောသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) ကို (ဧပြီလ ၈ ရက်) မှစတင်၍ လက်ရှိအမှတ်စဉ် (၈) အထိ သင်တန်းဆင်းခဲ့ပြီးဖြစ်ကာ ထိုသင်တန်းများမှ ပြည်သူ့စစ်မှုထမ်းများသည့် တပ်ရင်းတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေကြကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသော်လည်း စစ်မှုထမ်း စုဆောင်းခံရသည့် လူငယ်အားလုံးနီးပါး စစ်မြေပြင်ရှေ့တန်းကိုသာ ပို့ဆောင်ခံနေရကြောင်းလည်း သိရသည်။

နိုင်ငံတဝှမ်း ဖြစ်ပွားနေသောတိုက်ပွဲများတွင် စစ်အင်အားပြုန်းတီးနေသော စစ်ကောင်စီတပ်မှ စစ်မှုမထမ်းမနေရ ဥပဒေအားအသက်သွင်းပြီး လူငယ်များအား အတင်းအဓ္ဓမ စစ်သားစုဆောင်းနေကာ အချို့နေရာများတွင် သက်ကြီးရွယ်အိုများနှင့် စစ်မှုထမ်းအသက်မပြည့်မှီသေးသည့် ဆယ်ကျော်သက်လူငယ်များကိုပါ ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်လျက်ရှိနေသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဘိန်းစိမ်း ဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်ကြီးခရိုင်အတွင်း ကော်ဖီအစားထိုး စိုက်ပျိုးမှုတွေရှိလာ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်းဘက်တွင် ဘိန်းစိမ်း စျေးနှုန်း ကျဆင်းလာမှုကြောင့်   ကော်ဖီအစားထိုး စိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။ ထိုသို့ ကော်ဖီပင်များစိုက်ပျိုးသူများလာသော်လည်း အချို့သော နေအိမ်များတွင် သက်ကြီးရွယ်အိုများသာ ကျန်ရှိသောကြောင့် သီးနှံများ စိုက်ပျိုးနိုင်သူ နည်းလာကြောင်း ဟိုပုံးဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “ဘိန်းစိမ်းက ဈေးမရဘူး။ကုန်ကြမ်းဆို...