Tuesday, January 27, 2026

ရပ်စောက်မြို့ EPC ဓာတ်အားခွဲရုံ ပေါက်ကွဲမှုဖြစ်

သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့ရှိ လျှပ်စစ်ရုံ EPC ဓာတ်အားခွဲရုံ ရှော့ခ်ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ( သြဂုတ်လ ၂၆ရက်) ည ၈ နာရီခွဲကျော်တွင် ရပ်စောက်မြို့ ဥတ္တာရပ်ကွက်ရှိ EPC ဓာတ်အားခွဲရုံပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရပ်စောက်မြို့ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုးကြိုးထိမယ်ထင်တယ် လျှပ်စီးဝင်ပြီး ပေါက်ကွဲမှုဖြစ်တာ။ ဓာတ်အားခွဲရုံကနေ တစ်မြို့လုံးကို ပြာခနဲ ဖြစ်သွားပြီး မီးပျက်သွားတာ။ ကျမ နေရာက တစ်မြို့လုံးကိုလှမ်းမြင်နေရတယ်လေ။ လေယာဉ်ပျံ အသံလိုလိုနဲ့ အသံကျယ်က ကြောက်စရာကြီး။”ဟု ရပ်စောက်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို ဓာတ်အားခွဲရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယနေ့ အချိန်ထိ မီးပျက်နေဆဲဖြစ်ပြီး၊ မြို့အတွင်း လျှပ်စစ်မီး ပြန်ရနိုင်ရန် တစ်လ ခန့်ကြားနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင် လိုင်စင်မဲ့ကားများကို နေအိမ်ထိဝင်ဖမ်းရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လျှိုဝှက်ညွှန်ကြား

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ရပ်စောက်မြို့ ဘက်တွင် လိုင်စင်မဲ့ ကားများကို နေအိမ်အထိဝင်ဖမ်းရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လျှိုဝှက်ညွှန်ကြားလာကြောင်း စုံစမ်းသိရှိရပါသည်။ အဆိုပါ ညွှန်ကြားချက်ထဲတွင်  PDF အဖွဲ့နှင့် ဒုစရိုက်သမားများ အပါအဝင် ဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်း လုပ်ကိုင်သူများသည် လိုင်စင်မဲ့ ကားများကို အသုံးပြု၍ ခရီးသွားလာခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း အပါဝင် လက်နက်ခဲယမ်းသယ်ဆောင်...

ရပ်စောက်မြို့သိမ်း တိုက်ပွဲသတင်း ထွက်ပေါ်၊ ကျောက်ဂူဒေသ စစ်ကောင်စီ ဗုံးကြဲ

0
သျှမ်းတောင်၊ ရပ်စောက်မြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်ပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၁၀ ရက်) ညနေပိုင်းက ကျောက်ဂူဒေသကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲ တိုက်ခိုက် သဖြင့် ထွက်ပြေးနေရကြောင်း ဒေသခံများက ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင်...

ရပ်စောက် သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်၊ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျ သံဃာနှစ်ပါး ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် သျှမ်းတပ်နှစ်တပ် အချင်းချင်းတိုက်ပွဲဖြစ်ပွားခဲ့ရာ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျ ပေါက်ကွဲခဲ့ခြင်းကြောင့် သံဃာ(၂)ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စုရှိ ရတနာပုံ အရှေ့ရွာနှင့် အနောက်ရွာတို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ...

နောင်ချိုမြို့နယ် တောင်ခမ်း အမြောက်တပ်ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) ကို TNLA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်

0
သျှမ်းပြည် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအခြေစိုက် အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၂)နှင့် အမတ-(၃၅၄) တို့ကို TNLA ၊ DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၃ ရက်) တွင် နောင်ချိုမြို့နယ် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ်...

ရပ်စောက် ဓနု-PDF ပူးပေါင်းတပ် လေကြောင်းဗုံးကြဲခံရစဉ် သျှမ်းတပ်နှစ်တပ် အချင်းချင်းတိုက်ပွဲဖြစ်၊ နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိ

0
သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေစဉ် သျှမ်းတပ်နှစ်တပ် အချင်းချင်း တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှု ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) ညနေပိုင်းတွင် ရပ်စောက်မြို့နယ် အင်တောမြို့အနီး ပါမဲနှင့် မားသဲကျေးရွာအုပ်စုအတွင်း...