ရပ်စောက် ဓနု-PDF ပူးပေါင်းတပ် လေကြောင်းဗုံးကြဲခံရစဉ် သျှမ်းတပ်နှစ်တပ် အချင်းချင်းတိုက်ပွဲဖြစ်၊ နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိ

သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေစဉ် သျှမ်းတပ်နှစ်တပ် အချင်းချင်း တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှု ရှိကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) ညနေပိုင်းတွင် ရပ်စောက်မြို့နယ် အင်တောမြို့အနီး ပါမဲနှင့် မားသဲကျေးရွာအုပ်စုအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ အချင်းချင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဘက်တပ်သား ထိခိုက်ကျဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

“ရေကျော်မှာကျတော့ မိုင်း(၁၀)လုံးလောက် ပေါက်ကွဲတယ် နင်းမိတယ် သူတို့ အစိမ်းက နှစ်ယောက်လား သုံးယောက်လား သေသွားတယ်လို့ ကြားတယ်။ ဖြစ်တာက မားသဲအုပ်စုထဲမှာ။ အဲ့တာက တောထဲမှာကြီး ရွာထဲမှာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာမှာ အကြားဘက် တစ်ယောက်သေပြီး တစ်ယောက်အရှင် ဖမ်းမိတယ်လို့ပြောတာ”ဟု ဖြစ်စဉ်သိရှိသူ အင်တောဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

SSPP တပ်ဖွဲ့၏ စစ်ယာဉ်တန်းမှ ကားနှစ်စီးသည် အုန်းတောရွာနှင့် အင်တောမြို့အကြား သွားလာနေစဉ် ရေကျော်တံတားအနီး ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) တွင် ဆွဲမိုင်းနင်းမိ၍ SSPP တပ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရပ်စောက်မြို့

အလားတူ ယမန်နေ့ တစ်ရက်တည်းတွင် ရပ်စောက်မြို့နယ် ပါမဲကျေးရွာအုပ်စုရှိ ညောင်ပင်သာရွာအနီး ဖြစ်ပွားခဲ့သည့် သျှမ်းတပ်နှစ်တပ် အချင်းချင်း ထိတွေ့တိုက်ပွဲအတွင်း RCSS တပ်ဖွဲ့မှ တပ်သားတစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ရပ်စောက်မြို့နယ်အတွင်း သျှမ်းတပ်နှစ်တပ်အကြား ထိတွေ့တိုက်ပွဲကြောင့် နှစ်ဘက်တပ်သား ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုထံ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းစက်ပိတ်ထားပြီး RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ ထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ထို့အပြင် ယနေ့ (စက်တင်ဘာလ ၄ ရက်) နံနက်ပိုင်းအထိ ရပ်စောက်မြို့နယ် ထင်းကွင်းရွာအနီး SSPP နှင့် RCSS နှစ်ဘက်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားနေပြီး ထင်းကွင်းကျေးရွာမှ ပြည်သူနေအိမ် (၂) လုံး ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် SSPP နှင့် RCSS တပ်ဖွဲ့တို့သည် ရပ်စောက်မြို့နယ်အတွင်းရှိ အင်တောမြို့၊ ကျိုင်းခမ်း၊ နောင်လုံ၊ မားသဲ၊ ပါမဲကျေးရွာအုပ်စု အနီးတဝိုက်တွင် နှစ်ဘက်တင်းမာမှု ဖြစ်ပေါ်လျက်ရှိပြီး မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခြင်းများ (၇) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ အရပ်သား ထိခိုက်ဒဏ်ရာရမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

အခြားတဘက်တွင် စက်တင်ဘာလ ၃ ရက်က ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ် ဝါးပြားကျေးရွာသို့ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ ရောက်ရှိနေသည်ဟု ဆိုကာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...