နောင်ချိုမြို့နယ် တောင်ခမ်း အမြောက်တပ်ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) ကို TNLA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်

သျှမ်းပြည် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအခြေစိုက် အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၂)နှင့် အမတ-(၃၅၄) တို့ကို TNLA ၊ DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (စက်တင်ဘာလ ၁၃ ရက်) တွင် နောင်ချိုမြို့နယ် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် လက်ကျန် အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် အမြောက်တပ် (၃၅၄) တပ်ရင်းတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

နောင်ချိုမြို့နယ် တောင်ခမ်း အမြောက်တပ်ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) ကို TNLA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်

“တောင်ခမ်းကို ဒီနေ့အပြီးသတ် သိမ်းနိုင်ခဲ့တယ်၊ အမြောက်တပ် ၄ ခု လုံးကို သိမ်းနိုင်ပြီ။ ဒီလ ၉ ရက်နေ့ကတည်းက သိမ်းတာ နယ်မြေရှင်းလင်းရေး လုပ်တာနဲ့ အခုမှရောက်တယ်”ဟု ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။

စစ်ကောင်စီတပ်၏ အမှတ် (၉၀၂) အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်၊ အမြောက်တပ်ရင်း (၃၅၄)၊ (၂၀၆) နှင့် (၄၀၆) တို့ တည်ရှိရာ တောင်ခမ်းဒေသတွင် တိုက်ပွဲများ ပြင်းထန်နေသည်မှာ တစ်လနီးပါး ကြာမြင့်နေပြီဖြစ်သည်။

အမြောက်တပ် အမတ-(၂၀၆) နှင့် (၄၀၆) တို့ကို သိမ်းပိုက်ထားသည်ဟု ဩဂုတ်လ ၂၆ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားပြီး အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် အမြောက်တပ်ရင်း (၃၅၄) တို့တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေခဲ့သည်။

နောင်ချိုမြို့နယ် တောင်ခမ်း အမြောက်တပ်ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) ကို TNLA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်

စစ်ကောင်စီဘက်က လေကြောင်းနှင့် တာဝေးပစ် အမြောက်ပစ်ကူများ အသုံးပြု ခုခံခဲ့သော်လည်း လက်ကျန် အမြောက်တပ်နှစ်ခုဖြစ်သည့် (မစခ-၉၀၂) နှင့် (အမတ-၃၅၄) တို့ကို ထပ်မံလက်လွှတ် လိုက်ရခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်နှင့် ရပ်စောက်မြို့နယ် အကြားရှိ တောင်ခမ်းကျေးရွာနှင့် ဒုဋ္ဌဝတီတံတား အထိ TNLA ၊ DPLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၇) ရက် နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဘက်မှ နောင်ချိုမြို့နယ် တောင်ခမ်း တိုက်ပွဲသို့ စစ်ကူပို့သည့် ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်က ကျောက်ဂူ-တောင်ခမ်းလမ်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကားပျက်စီးပြီး တပ်သားအများအပြား သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ထို့အတူ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စုတွင်လည်း စက်တင်ဘာလ (၇) ရက်မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...