ရပ်စောက် သျှမ်းတပ်နှစ်တပ် တိုက်ပွဲဖြစ်၊ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျ သံဃာနှစ်ပါး ဒဏ်ရာပြင်းထန်

သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် သျှမ်းတပ်နှစ်တပ် အချင်းချင်းတိုက်ပွဲဖြစ်ပွားခဲ့ရာ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျ ပေါက်ကွဲခဲ့ခြင်းကြောင့် သံဃာ(၂)ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စုရှိ ရတနာပုံ အရှေ့ရွာနှင့် အနောက်ရွာတို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ အချင်းချင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

၎င်းနှစ်ဘက်ထိတွေ့ တိုက်ပွဲအတွင်း ရတနာပုံ အနောက်ရွာရှိ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းထိုင်ဆရာတော်နှင့် ဦးပဉ္ဇင်းတစ်ပါးတို့ ဒဏ်ရာပြင်းထန်ပြီး ဆွမ်းစားကျောင်းဆောင်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရပ်စောက်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရတနာပုံ အနောက်ရွာမှာ အစိမ်း(SSPP)နဲ့ အကြား(RCSS)နဲ့ တိုက်ပွဲဖြစ်တာ။ နေ့လယ် ၁၁ နာရီ သံဃာတွေ ဆွမ်းဘုန်းတဲ့အချိန် ဖြစ်တာ။ စဖြစ်တာက ရတနာပုံ အရှေ့ရွာမှာ ပစ်ကြရင်းနဲ့ လက်နက်ငယ်ကနေ လက်နက်ကြီးအထိ လိုက်ပစ်ကြတာ။ အနောက်ရွာ ဘုန်းကြီးကျောင်း ထိပြီးတော့ ဆွမ်းစားနေတဲ့ သံဃာနှစ်ပါး လက်နက်ကြီးစ မှန်တယ်”ဟု အသက်(၄၅)နှစ် အရွယ်ခန့်ရှိ ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရပ်စောက်မြို့နယ် သျှမ်းတပ်နှစ်တပ် တိုက်ပွဲအကြား ထိခိုက်ဒဏ်ရာရထားသည့် ကျောင်းထိုင်ဆရာတော်နှင့် ဦးပဉ္ဇင်းတို့ကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ရပ်စောက်မြို့နယ်အတွင်း သျှမ်းတပ်နှစ်တပ်အကြား ထိတွေ့တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးပြီး သံဃာ(၂)ပါး ထိခိုက်ဒဏ်ရာရမှုနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ထံ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းစက်ပိတ်ထားပြီး RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံ ထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

အလားတူ ရပ်စောက်မြို့ မြောက်ဘက်ရှိ ထင်းကွင်းရွာနှင့် တပ်ဦးဘက်တို့တွင် SSPP နှင့် RCSS တပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားပြီး အနီးအနားရှိ ကျေးရွာများမှ ဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

“ရပ်စောက်မြို့မြောက်ဘက်တော့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်တာများတယ်။ ထင်းကွင်းရွာနဲ့ တပ်ဦးဘက်ဆိုရင် မနေ့ကော တမြန်နေ့ကော တိုက်ပွဲဖြစ်တယ်။ သေနတ်သံကတော့ နေ့ကော ညကော ကြားနေရတာပဲ။ အင်တောဘက် မဖြစ်ရင် ထင်းကွင်းမှာဖြစ်တယ်၊ မဟုတ်ရင်လည်း ကျောက်ဂူဘက်မှာ ဖြစ်တယ်။ ထင်းကွင်းရွာသားတော့ ပြေးလိုက် ပြန်နေလိုက် အဲ့လိုလုပ်နေတာ”ဟု ၎င်းဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

လွန်ခဲ့သည့် သုံးလခန့်မှ စတင်ပြီး ရပ်စောက်မြို့မြောက်ဘက် ကားလမ်းအရှေ့ဘက်ခြမ်းနှင့် အင်တောမြို့သို့ သွားသည့် လမ်းမကြီးတလျှောက်ရှိ ဝမ်ကွေး၊ ဝမ်ဟွေး၊ နားခဲကြီး၊ နားခဲလေး၊ နမ့်လင်းနှင့် နမ့်ဟူး ကျေးရွာများတွင် SSPP တပ်ဖွဲ့မှ ကျေးရွာအတွင်းသို့ အဝင်အထွက် ကတ်ပြားများ ထုတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

ရပ်စောက်မြို့နယ်အတွင်းရှိ SSPP နှင့် RCSS တပ်ဖွဲ့တို့သည် အင်တောမြို့၊ ကျောက်ဂူ၊ ကျိုင်းခမ်း၊ နောင်လုံ စသည့် ကျေးရွာအုပ်စုများတွင် နှစ်ဘက်တင်းမာမှု ဖြစ်ပေါ်လျက်ရှိပြီး မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခြင်းများလည်း ဖြစ်ပွားခဲ့ကာ အရပ်သား ထိခိုက်ဒဏ်ရာရမှုများ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...