ရပ်စောက်မြို့သိမ်း တိုက်ပွဲသတင်း ထွက်ပေါ်၊ ကျောက်ဂူဒေသ စစ်ကောင်စီ ဗုံးကြဲ

သျှမ်းတောင်၊ ရပ်စောက်မြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်ပြီးနောက် ယမန်နေ့ (ဇန်နဝါရီ ၁၀ ရက်) ညနေပိုင်းက ကျောက်ဂူဒေသကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲ တိုက်ခိုက် သဖြင့် ထွက်ပြေးနေရကြောင်း ဒေသခံများက ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် ပြောသည်။

ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်နှင့် ဓနုတပ် (DPLF) တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေရာ ညစဉ် လက်နက်ကြီး ပစ်ခတ်မှု သာမက ဒရုန်းဖြင့် ဗုံးကြဲနေရာက ယမန်နေ့ နံနက်ပိုင်း လက်နက်ကြီး ပစ်ခတ်ပြီး ညနေ ၅ နာရီ ဝန်းကျင် လေကြောင်းဖြင့် ဗုံးကြဲ သဖြင့် ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။

“ရှေ့တပတ်ထဲ ရပ်စောက်မြို့သိမ်း တိုက်ပွဲ ရှိတယ်ဆိုတဲ့ သတင်းထွက်လာပြီး ပိုကြမ်းလာတာ။ အရင်က ညဘက်တွေ လက်နက်ကြီးပစ်တော့ ညဘက် မအိပ်ရဲဘူး။ နေ့စံ ညခံပေါ့။ မနေ့မနက်ကတော့ ပိုဆိုးလာတယ်။ ညနေ လေယဥ်ကြဲတော့ ဘယ်သူမှ မနေရဲဘူး၊ အကုန်ပြေးကြတာပဲ” ဟု အင်တောမြို့သို့ တိမ်းရှောင်နေသည့် ဒေသခံ တဦးက ရှင်းပြသည်။

သျှမ်းတောင်နှင့် မြောက် ဆက်သွယ်ရာ အချက်အချာကျသည့် ကျောက်ဂူဒေသမှ နောင်ချိုမြို့နယ် တောင်ခမ်းဒေသသို့ စစ်ကောင်စီတပ် စစ်ကူများ ပေးပို့နေရာ ဓနုတပ် (DPLF) က ဆက်တိုက် ဖြတ်တောက် တိုက်ခိုက်ရာက ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းက တိုက်ပွဲများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်း ကျောက်ဂူဒေသတွင် လက်နက်ကြီး ပေါက်ကွဲသံများ ကြားနေရဆဲဖြစ်ပြီး သျှမ်းမြောက်မှ ပြောင်းလာတင်သည့်ကားများ ပြန်လှည့်သွားပြီဟု သိရကြောင်း ဒေသခံ တဦးက ဆိုသည်။

“ဒီနေ့ အင်တောကနေ စစ်ကားတွေ အများကြီး ကျောက်ဂူဘက် တက်တယ် ကြားတယ်။ ပိုဆိုးဖို့ဘဲရှိမယ်။ အခုက ကျောက်ဂူလမ်း ကားမပြောနဲ့ လူတောင်ဖြတ်လို့မရဘူး” ၄င်းက ရှင်းပြသည်။

စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်း ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် တိုက်ပွဲ နောက်ဆုံး အခြေအနေများကို ထပ်မံ မေးမြန်း စုံစမ်းနေဆဲ ဖြစ်သည်။

သျှမ်းတောင်နှင့် မြောက် ဆက်သွယ်ရာ စစ်ရေးအရ အချက်အခြာကျသည့် ကျောက်ဂူဒေသတွင် ပြီးခဲ့သည့် ဆယ်စုနှစ်များစွာ ကတည်းက တော်လှန်ရေးတပ်များ လှုပ်ရှားခဲ့ရာ လက်ရှိ သျှမ်းတပ် နှစ်ခုဖြစ်သည့် RCSS နှင့် SSPP တို့လည်း လှုပ်ရှားနေပြီး မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

စစ်ကောင်စီ၏ ဗထူးတပ်မြို့နှင့် မိုင်အနည်းငယ်သာ ကွဦဝေးသည့် ကျောက်ဂူဒေသရှိ ရဲစခန်းနှင့် ကျောက်ဂူ အမြောက်တပ် (အမတ၃၄၉) ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီး၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် တောင်ထိပ်ရွာနှင့် အင်တောမြို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒရုန်း တစီး သိမ်းပိုက်ရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...